သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ကာကြယ္ေရး အသုံးစရိတ္ဥပေဒ ျမန္မာ့အေရးမွာ တြန္းအားျဖစ္ဖို႔ တက္ႂကြသူေတြေမွ်ာ္လင့္ 


US Congress

အေမရိကန္ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ ကာကြယ္ေရး အသံုးစရိတ္ဥပေဒ NDAA မွာ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ထည့္သြင္းထားတဲ့အေပၚ တက္ႂကြလႈပ္ရွားသူေတြ ႀကိဳဆိုလိုက္ၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္ က စုစည္းတင္ျပထားပါတယ္။ 

ကန္ကာကြယ္ေရး အသုံးစရိတ္ဥပေဒ ျမန္မာ့အေရးမွာ တြန္းအားျဖစ္ဖို႔ တက္ႂကြသူေတြေမွ်ာ္လင့္

{{Zawgyi/Unicode}}
အေမရိကန္ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ ကာကြယ္ေရး အသံုးစရိတ္ဥပေဒ NDAA မွာ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ထည့္သြင္းထားတဲ့အေပၚ တက္ႂကြလႈပ္ရွားသူေတြ ႀကိဳဆိုလိုက္ၾကပါတယ္။ ဥပေဒ အတည္ျဖစ္လာတဲ့အခါ စစ္ေကာင္စီရဲ႕ အဓိက ဝင္ေငြလမ္းေၾကာင္းျဖစ္တဲ့ MOGE ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႔ လုပ္ငန္းကို ပိတ္ဆို႔ဒဏ္ခတ္တာ အပါအ၀င္ အေမရိကန္က ဖိအားေတြ ပိုမ်ားလာႏိုင္တယ္လို႔လည္း ခန္႔မွန္းေနပါတယ္။ ကိုဉာဏ္ဝင္းေအာင္ က စုစည္းတင္ျပထားပါတယ္။

ေရွ႕လာမယ့္ ၂၀၂၃ ခုႏွစ္ ဘ႑ာႏွစ္အတြက္ ႏိုင္ငံေတာ္ ကာကြယ္ေရး အသံုးစရိတ္ဥပေဒၾကမ္း Nattional Defense Authorization Act 2023(NDAA)ကို အေမရိကန္ ေအာက္လႊတ္ေတာ္က ဒီဇင္ဘာလ(၇)ရက္ ဗုဒၶဟူးေန႔မွာ မဲခြဲအတည္ျပဳလိုက္တာပါ။ မႏွစ္တုန္းက ဥပေဒမွာ ျမန္မာနိုင္ငံနဲ႔ ပတ္သက္လို႔ အင္ဒို-ပစိဖိတ္ေဒသ ေခါင္းစဥ္ေအာက္မွာသာ အက်ဥ္း႐ုံးထည့္သြင္း ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ၂၀၂၂ ခုႏွစ္ ျမန္မာႏိုင္ငံဆိုင္ရာ ဥပဗဒ Burma ACT of 2022 ကို ထည့္သြင္းထားတယ္လို႔ အေမရိကန္လႊတ္ေတာ္မွာ Burma ACT ဥပေဒမူၾကမ္း အတည္ျပဳႏိုင္ေရး စည္း႐ုံးလႈပ္ရွားေနတဲ့ ေမရီလန္းျပည္နယ္ ခ်င္းတိုင္းရင္းမ်ားအဖြဲ႔(CAM)ရဲ႕ဒါ႐ိုက္တာ ပူးဇိုသုန္းမႈန္ က ခုလို ေျပာပါတယ္။

ပူးဇိုသုန္းမႈန္ ။. ။ Burma Act of 2021 လိုေခၚတဲ့ Burma Act ထဲမွာ ပါတဲ့အခ်က္ေတြကို အခု NDAA မွာ ထဲ့ထားတယ္။ အဲဒါ ထူးျခားတယ္။ ဥပမာ ဖက္ဒရယ္ကိစၥတို႔၊ လက္နက္ကိုင္အဖြဲ႔ေတြကိုလည္း လက္နက္မွအပ တျခားဟာေတြ ကူညီရမယ္ဆိုတာပါတယ္။ NUG ကိုလည္း အကူအညီေပးမယ္။ တျခား. NUCC တို႔ CRPH တို႔ CDM နဲ႔ PDF တို႔ကိုလည္း အကူအညီေပးမယ္ဆုိတာလည္း ပါတယ္။ ထူးျခားပါတယ္။

အဲဒီအခ်က္ေတြအျပင္ တိုင္းရင္းသားျပည္နယ္ေတြနဲ႔ တိုင္းရင္းသားေတြၾကားမွာ ဖယ္ဒရယ္စနစ္ ခိုင္မာလာေစေရး အေထာက္ကူျဖစ္မယ့္ အစီအစဥ္ေတြေပးဖို႔လည္း ပါဝင္ပါတယ္။ စစ္တပ္ အာဏာသိမ္းမႈကို ဆန္႔က်င္ၿပီး၊ အရပ္သား အုပ္ခ်ဳပ္မႈ ျပန္လည္ေပၚေပါက္လာေအာင္ ထုတ္ေဖာ္ေျပာၾကားၿပီး လႈပ္ရွားေနတဲ့ စစ္တပ္ တပ္ဖဲြ႔ဝင္ေဟာင္းေတြကို ကူညီေထာက္ပံ့ဖို႔ကိုလည္း ထည့္ထားပါတယ္။

ဒါ့အျပင္ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံေတြက ျမန္မာစစ္တပ္ကို ေထာက္ပံ့ကူညီမႈနဲ႔ ပတ္သက္လို႔ တာဝန္ယူမႈ တာဝန္ခံမႈ ရွိေစေရး ဆိုတဲ့အခ်က္ေတြကိုလည္း ထည့္သြင္းေဖၚျပထားတာပါ။

ဒဏ္ခတ္ပိတ္ဆို႔ေရးနဲ႔ ျမန္မာျပည္သူေတြကို အေလးထားဆက္ဆံၿပီး ပူးေပါင္းေဆာင္ရြက္ေရး အပိုင္းမွာေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖါက္ေနတဲ့ ျမန္မာစစ္ေကာင္စီနဲ႔ အဝန္းအဝိုင္းကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္သြားေရးေတြ ေဖၚျပထားသလို စစ္ေကာင္စီက ထိန္းခ်ဳပ္ထားတဲ့ စီးပြားေရးလုပ္ငန္းႀကီးေတြကိုပါ ဒဏ္ခတ္အေရးယူဖို႔အခ်က္ေတြ ပါဝင္ ပါတယ္။ အဲဒီအထဲမွာ စစ္ေကာင္စီအတြက္ အဓိက ဝင္ေငြလမ္းျဖစ္တဲ့ MOGE ကိုပါ အေရးယူဖို႔ အၾကံျပဳထားတာပါ။

အေမရိကန္ လႊတ္ေတာ္အေနနဲ႔ MOGE ကို ဒဏ္ခတ္ပိတ္ဆို႔ေရး ဆုံးျဖတ္ဖို႔ အခ်ိန္အေတာ္ၾကာ လက္တြန္႔ေနခဲ့တာပါ။ ဒါဆိုရင္ MOGE ကိုအေရးယူဖို႔ ဘယ္ေလာက္ထိ အလားအလာ ရွိႏိုင္ပါသလဲ။ ပူးဇိုသုန္းမႈန္ကေတာ့ ေမွ်ာ္လင့္ခ်က္ အမ်ားႀကီးထားတယ္လို႔ ဆိုပါတယ္။

ပူးဇိုသုန္းမႈန္ ။. ။ MOGE ကိစၥကို လက္ရွိမူၾကမ္းမွာကို ပါပါတယ္။ အဲဒါကို Republican နဲ႔ Democratic ကလည္း သေဘာတူညီပါတယ္။ လႊတ္ေတာ္ ၂ရပ္ၾကားလည္း သေဘာတူညီမႈရထားၿပီးၿပီ။ တကယ္လို႔မ်ား ေမွ်ာ္လင့္သလိုျဖစ္လာရင္ သမၼတ ကလည္း လက္မွတ္ထိုးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ သမၼတ က လက္မွတ္ထုိးၿပီဆိုရင္ေတာ့ အေရးယူမႈက လုပ္ကိုလုပ္ရမွာပဲ။ ဒီလ ဒီႏွစ္မကုန္ခင္ သမၼတ ဆီကို ေရာက္မယ္ ေမွ်ာ္လင့္ပါတယ္။

ေဒၚလာ ၈၅၈ ဘီလီယံ သုံးစဲြမယ့္ ကာကြယ္ေရး အသုံးစရိတ္ဥပေဒကိုေတာ့ ေအာက္လႊတ္ေတာ္မွာ ေထာက္ခံမဲ ၃၅၀၊ ကန္႔ကြက္မဲ ၈၀ နဲ႔ ဗုဒၶဟူးေန႔က အတည္ျပဳလိုက္တာပါ။ ဒါဟာဆိုရင္ သမၼတ Joe Biden အစိုးရက အဆိုျပဳခဲ့တဲ့ ပမာဏထက္လည္း ၄၅ ဘီလီယံ ပိုမ်ားပါတယ္။

၂၀၂၃ ဘ႑ာႏွစ္အတြက္ သုံးစဲြမယ့္ အထဲမွာေတာ့ အေမရိကန္တပ္ဖဲြ႕၀င္ေတြအတြက္ လစာ ၄.၆ ရာခိုင္ႏႈန္း တိုးေပးဖို႔၊ စစ္လက္နက္ပစၥည္းေတြ ၀ယ္ယူဖို႔၊ ႐ုရွားက်ဳးေက်ာ္မႈနဲ႔ ရင္ဆိုင္ေနရတဲ့ ယူကရိန္းနဲ႔ တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈခံေနရတဲ့ ထိုင္၀မ္ကၽြန္းအတြက္ အကူအညီေပးရာမွာ သုံးစဲြမယ့္ အစီအစဥ္ေတြလည္း ထည့္သြင္းထားပါတယ္။

ဒီဥပေဒကို အထက္လႊတ္ေတာ္က အတည္ျပဳေပးရမွာ ျဖစ္သလို၊ လႊတ္ေတာ္ ၂ ရပ္လုံး အတည္ျပဳခ်က္ ရၿပီဆိုရင္ေတာ့ သမၼတက လက္မွတ္ေရးထိုးၿပီး စတင္က်င့္သုံးႏိုင္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ကန်ကာကွယ်ရေး အသုံးစရိတ်ဥပဒေ မြန်မာ့အရေးမှာ တွန်းအားဖြစ်ဖို့ တက်ကြွသူတွေမျှော်လင့်

{{Zawgyi/Unicode}}
အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ကာကွယ်ရေး အသုံးစရိတ်ဥပဒေ NDAA မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းထားတဲ့အပေါ် တက်ကြွလှုပ်ရှားသူတွေ ကြိုဆိုလိုက်ကြပါတယ်။ ဥပဒေ အတည်ဖြစ်လာတဲ့အခါ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်တာ အပါအဝင် အမေရိကန်က ဖိအားတွေ ပိုများလာနိုင်တယ်လို့လည်း ခန့်မှန်းနေပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ရှေ့လာမယ့် ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ်ဥပဒေကြမ်း Nattional Defense Authorization Act 2023(NDAA)ကို အမေရိကန် အောက်လွှတ်တော်က ဒီဇင်ဘာလ(၇)ရက် ဗုဒ္ဓဟူးနေ့မှာ မဲခွဲအတည်ပြုလိုက်တာပါ။ မနှစ်တုန်းက ဥပဒေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အင်ဒို-ပစိဖိတ်ဒေသ ခေါင်းစဉ်အောက်မှာသာ အကျဉ်းရုံးထည့်သွင်း ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဥပဗဒ Burma ACT of 2022 ကို ထည့်သွင်းထားတယ်လို့ အမေရိကန်လွှတ်တော်မှာ Burma ACT ဥပဒေမူကြမ်း အတည်ပြုနိုင်ရေး စည်းရုံးလှုပ်ရှားနေတဲ့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းများအဖွဲ့(CAM)ရဲ့ဒါရိုက်တာ ပူးဇိုသုန်းမှုန် က ခုလို ပြောပါတယ်။

ပူးဇိုသုန်းမှုန် ။. ။ Burma Act of 2021 လိုခေါ်တဲ့ Burma Act ထဲမှာ ပါတဲ့အချက်တွေကို အခု NDAA မှာ ထဲ့ထားတယ်။ အဲဒါ ထူးခြားတယ်။ ဥပမာ ဖက်ဒရယ်ကိစ္စတို့၊ လက်နက်ကိုင်အဖွဲ့တွေကိုလည်း လက်နက်မှအပ တခြားဟာတွေ ကူညီရမယ်ဆိုတာပါတယ်။ NUG ကိုလည်း အကူအညီပေးမယ်။ တခြား. NUCC တို့ CRPH တို့ CDM နဲ့ PDF တို့ကိုလည်း အကူအညီပေးမယ်ဆိုတာလည်း ပါတယ်။ ထူးခြားပါတယ်။

အဲဒီအချက်တွေအပြင် တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းရင်းသားတွေကြားမှာ ဖယ်ဒရယ်စနစ် ခိုင်မာလာစေရေး အထောက်ကူဖြစ်မယ့် အစီအစဉ်တွေပေးဖို့လည်း ပါဝင်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး၊ အရပ်သား အုပ်ချုပ်မှု ပြန်လည်ပေါ်ပေါက်လာအောင် ထုတ်ဖော်ပြောကြားပြီး လှုပ်ရှားနေတဲ့ စစ်တပ် တပ်ဖွဲ့ဝင်ဟောင်းတွေကို ကူညီထောက်ပံ့ဖို့ကိုလည်း ထည့်ထားပါတယ်။

ဒါ့အပြင် ရုရှားနဲ့ တရုတ်နိုင်ငံတွေက မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီမှုနဲ့ ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး ဆိုတဲ့အချက်တွေကိုလည်း ထည့်သွင်းဖေါ်ပြထားတာပါ။

ဒဏ်ခတ်ပိတ်ဆို့ရေးနဲ့ မြန်မာပြည်သူတွေကို အလေးထားဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ရေး အပိုင်းမှာတော့ လူ့အခွင့်အရေး ချိုးဖေါက်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ အဝန်းအဝိုင်းကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားရေးတွေ ဖေါ်ပြထားသလို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုပါ ဒဏ်ခတ်အရေးယူဖို့အချက်တွေ ပါဝင် ပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီအတွက် အဓိက ဝင်ငွေလမ်းဖြစ်တဲ့ MOGE ကိုပါ အရေးယူဖို့ အကြံပြုထားတာပါ။

အမေရိကန် လွှတ်တော်အနေနဲ့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ရေး ဆုံးဖြတ်ဖို့ အချိန်အတော်ကြာ လက်တွန့်နေခဲ့တာပါ။ ဒါဆိုရင် MOGE ကိုအရေးယူဖို့ ဘယ်လောက်ထိ အလားအလာ ရှိနိုင်ပါသလဲ။ ပူးဇိုသုန်းမှုန်ကတော့ မျှော်လင့်ချက် အများကြီးထားတယ်လို့ ဆိုပါတယ်။

ပူးဇိုသုန်းမှုန် ။. ။ MOGE ကိစ္စကို လက်ရှိမူကြမ်းမှာကို ပါပါတယ်။ အဲဒါကို Republican နဲ့ Democratic ကလည်း သဘောတူညီပါတယ်။ လွှတ်တော် ၂ရပ်ကြားလည်း သဘောတူညီမှုရထားပြီးပြီ။ တကယ်လို့များ မျှော်လင့်သလိုဖြစ်လာရင် သမ္မတ ကလည်း လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။ သမ္မတ က လက်မှတ်ထိုးပြီဆိုရင်တော့ အရေးယူမှုက လုပ်ကိုလုပ်ရမှာပဲ။ ဒီလ ဒီနှစ်မကုန်ခင် သမ္မတ ဆီကို ရောက်မယ် မျှော်လင့်ပါတယ်။

ဒေါ်လာ ၈၅၈ ဘီလီယံ သုံးစွဲမယ့် ကာကွယ်ရေး အသုံးစရိတ်ဥပဒေကိုတော့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၅၀၊ ကန့်ကွက်မဲ ၈၀ နဲ့ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တာပါ။ ဒါဟာဆိုရင် သမ္မတ Joe Biden အစိုးရက အဆိုပြုခဲ့တဲ့ ပမာဏထက်လည်း ၄၅ ဘီလီယံ ပိုများပါတယ်။

၂၀၂၃ ဘဏ္ဍာနှစ်အတွက် သုံးစွဲမယ့် အထဲမှာတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေအတွက် လစာ ၄.၆ ရာခိုင်နှုန်း တိုးပေးဖို့၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့၊ ရုရှားကျုးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုခံနေရတဲ့ ထိုင်ဝမ်ကျွန်းအတွက် အကူအညီပေးရာမှာ သုံးစွဲမယ့် အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။

ဒီဥပဒေကို အထက်လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်သလို၊ လွှတ်တော် ၂ ရပ်လုံး အတည်ပြုချက် ရပြီဆိုရင်တော့ သမ္မတက လက်မှတ်ရေးထိုးပြီး စတင်ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG