သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ရေးဖို့အလားအလာ မရေမရာ ရှိနေဆဲ


ဟာမာစ်တို့နဲ့ အပစ်အခတ်ရပ်စဲနိုင်မယ့်အလားအလာတွေကို အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့မှာ လျှော့ပေါ့ပြောဆိုပါတယ်။ အပစ်အခတ်ရပ်စဲပြီး အပြန်အလှန်အားဖြင့် ဟာမတ်စ်တို့လက်ထဲက ဓားစားခံတွေပြန်လွှတ်ပေးရေးဆိုတဲ့ သဘောတူညီချက်ထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အဆိုပြုချက် တချို့ပါဝင်တယ်လို့လည်း ပြောပါတယ်။

ဂါဇာဒေသထဲက ဟာမတ်စ်တို့ကိုချေမှုန်းဖို့ Netanyahu က အစဥ်တစိုက်တိုက်တွန်းလာတာဖြစ်ပေမယ့် ခုထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ အစ္စရေးလ်ရဲ့ တောင်းဆိုချက်တွေမရဘဲ ​အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်ပြီဆိုတာ မမှန်ဘူးလို့ ပြောထားပါတယ်။ ဂါဇာမှာ အရင်ဆုံး အပစ်အခတ်ရပ်ပြီး ဟာမတ်တို့လက်ထဲက ဓားစားခံတချို့ပြန်လွှတ်ပေးဖို့ဆိုတဲ့အချက်တွေပါတဲ့ အပစ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းသစ်တရပ်ကို သမ္မတဘိုင်ဒန်က ပြီးခဲ့တဲ့တပတ်မှာ တင်ပြခဲ့တာပါ။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နဲ့ပတ်သက်ပြီး အစ္စရေးအရာရှိဘက်က မေးခွန်းတွေရှိနေချိန်မှာပဲ ဟာမတ်စ်တို့လက်ထဲက နောက်ထပ်ဓားစာခံ ၄ ဦး သေဆုံးသွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။ အဲဒီထဲမှာ သက်ကြီးရွယ်အို သုံးဦးပါဝင်တယ်လို့လည်းပြောပါတယ်။ အပစ်ရပ်စဲရေးတင်ပြချက်ကို ဟာမတ်စ်တို့သာ လက်ခံမယ်ဆိုရင် အစ္စရေးလ်ဘက်ကလည်း လက်ခံလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။ ဓားစာ ခံတွေ ပြန်လွှတ်လာမယ်ဆိုရင် စစ်ပွဲလည်းရပ်သွားပါလိမ့်မယ်လို့ အစ္စရေးလ်အစိုးရ ပြောခွင့်ရသူတဦးက ဆိုပါတယ်။ စစ်ပွဲတွေပြီးဆုံးသွားပြီးရင်တော့ ဟာမတ်စ်တို့ကို ဘယ်လို ဖယ်ရှားရှင်းလင်းသွားမလဲဆိုတဲ့ဆွေးနွေးမှုတွေ လိုက်လာမယ်လို့လည်းပြောပါတယ်။

အပစ်ရပ်အဆိုပြုချက်ကို အစ္စရေးလ်အရာရှိတွေနဲ့ဆွေးနွေးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီအစီအစဥ်ဟာ အစ္စရေးလ်ရဲ့လုံခြုံရေးရေရှည်အကျိုးစီးပွါးကို မြှင့်တင်ပေးပါလိမ့်မယ်လို့ ပြောဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ရေးဖို့အလားအလာ မရေမရာရှိနေဆဲ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG