သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်ကို စစ်ဆင်ရေးတိုးမြှင့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ကြုံးဝါး


ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းမှာ ကျည်ကာဝတ်စုံနဲ့ ဦးထုတ်ဆောင်းထားတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (အလယ်) (ဒီဇင်ဘာ ၂၅၊ ၂၀၂၃/ အေပီ(
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းမှာ ကျည်ကာဝတ်စုံနဲ့ ဦးထုတ်ဆောင်းထားတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (အလယ်) (ဒီဇင်ဘာ ၂၅၊ ၂၀၂၃/ အေပီ(

ဂါဇာမှာ ဟာမတ်စ်တို့အပေါ် အစ္စရေးစစ်ဆင်ရေးကို တိုးမြှင့်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကြုံးဝါးလိုက်ပါတယ်။ တချိန်တည်းမှာတော့ ဂါဇာက ဒုက္ခသည်စခန်းကို အစ္စရေးကစစ်ဆင်ရာမှာ လူ ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရတယ်လို့ ဂါဇာဒေသ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ လာမယ့်နေ့တွေမှာ တိုက်ခိုက်မှုတွေကို တိုးချဲ့သွားမှာဖြစ်ပြီး ဒါဟာ ရေရှည်စစ်ပွဲဖြစ်လိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် Netanyahu က အာဏာရပါတီ အဖွဲ့ဝင်တွေကို တနင်္လာနေ့က ပြောပါတယ်။

အစ္စရေးဟာ ဂါဇာအလယ်ပိုင်းကို တနင်္ဂနွေနေ့ကနေ တနင်္လာနေ့အထိ အဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာမှာရှိတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတခုကြောင့် Maghazi ဒုက္ခသည်စခန်းကို ထိမှန်ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဟာမတ်စ် ကျန်းမာရေးအာဏာပိုင်တွေက ကြေညာပါတယ်။

ဟာမတ်စ်တို့ကို နှိမ်နင်းရာမှာ အရပ်သားတွေ အထိအခိုက်နည်းသထက်နည်းအောင် ဆောင်ရွက်ပါ့မယ်လို့ အစ္စရေးဘက်က ပြောဆိုနေတာမို့ အခု Maghazi ဒုက္ခသည်စခန်း တိုက်ခိုကမှုကို သူတို့ ပြန်ပြီး သုံးသပ်သွားမယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့အတူ လတ်တလောပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အီဂျစ်ဘက်က အစီအစဉ်တခု အဆိုပြုထားတယ်လို့လည်း သိရပါတယ်။ ဖမ်းထားတဲ့ ဓါးစားခံတွေ ပြန်လွှတ်ပေးပြီး ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းဒေသကို အုပ်ချုပ်ဖို့ ပါလက်စတိုင်း အုပ်ချုပ်ရေးတရပ်ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ဒီ အဆိုပြုချက်အပေါ်မှာ အစ္စရေးဘက်ကရော ဟာမတ်စ်ဘက်ကပါ တုံ့ပြန်တာမရှိသေးပါဘူး။

ဟာမတ်စ်ကို စစ်ဆင်ရေးတိုးမြှင့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ကြုံးဝါး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG