သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲ ကူးစက္ႏုိင္ေခ် နယ္သာလန္ က်န္းမာေရး အာဏာပိုင္ေတြ စိုးရိမ္


နယ္သာလန္မွာ က်န္းမာေရးဝန္ထမ္းတဦးကို ကိုဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

ေတာင္အာဖရိကကေန ျပန္လာတဲ့ နယ္သာလန္ႏုိင္ငံသား ၆၁ ဦးမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ ေတြ႔ရွိခဲ့ရၿပီးတဲ့ေနာက္မွာ နယ္သာလန္ႏုိင္ငံထဲမွာ ကို႐ုိနာဗိုင္းရပ္စ္ပိုးသစ္ Omicron မ်ိဳးကြဲ ကူးစက္မႈ ဘယ္ေလာက္မ်ားမ်ား ေတြ႔ရွိထားၿပီလဲ ဆိုတာကို ဒတ္ခ်္အာဏာပိုင္ေတြက တနဂၤေႏြေန႔ ေႏွာင္းပိုင္းမွာ ထုတ္ျပန္ေၾကညာႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ေသာၾကာေန႔က ေတာင္အာဖရိကကေန ျပန္လည္ေရာက္ရွိလာတဲ့ ခရီးသည္ ၆၀၀ ထဲက ကိုဗစ္ပိုးေတြ႔သူ တခ်ိဳ႕ထဲက အနည္းဆံုး တေယာက္ဆီမွာေတာ့ မ်ိဳးကြဲပိုးသစ္ကို ေတြ႔ရွိရႏုိင္တယ္လို႔ နယ္သာလန္ က်န္းမာေရးအင္စတီက်ဳ (RIVM) က ယံုၾကည္ေနပါတယ္။

RIVM ရဲ႕ ေျပာေရးဆိုခြင့္ ရွိသူကေတာ့ ပိုသစ္ကူးစက္မႈက ေသခ်ာသေလာက္ရွိၿပီး ေနာက္ထပ္လိုအပ္တဲ့ စမ္းသပ္မႈေတြ ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။ ကူးစက္မႈ ဘယ္ေလာက္မ်ားမ်ား ေတြ႔ရွိသလဲ ဆိုတာကိုေတာ့ RIVM က အေသအခ်ာ မေျပာထားေပမယ့္ တနဂၤေႏြေန႔ ေႏွာင္းပိုင္းမွာ ထုတ္ျပန္ေၾကညာမယ္လို႔ ဆိုပါတယ္။

အသစ္ရွာေဖြေတြ႔ရွိိတဲ့ Omicron ဟာ စိုးရိမ္စရာေကာင္းတဲ့မ်ိဳးကြဲ ျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး (WHO) က ၿပီးခဲ့တဲ့အပတ္ထဲ ထုတ္ျပန္ခဲ့တာမို႔ ကမၻာႀကီး စိုးရိမ္မႈတိုးခဲ့ၿပီး အခုဆိုရင္ ကူးစက္မႈ အသစ္ေတြကို အနည္းဆံုး ႏုိင္ငံေပါင္း ၉ ႏုိင္ငံမွာ ေတြ႔ရွိေနရၿပီ ျဖစ္ပါတယ္။

နဂိုကတည္းက ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ တိုးေနတဲ့ ဥေရာပႏုိင္ငံေတြမွာလည္း စိုးရိမ္မႈ တိုးလာေနၿပီး နယ္သာလန္ႏုိင္ငံမွာေတာ့ အရက္ဘား၊ စားေသာက္ဆိုင္နဲ႔ စတိုးဆိုင္ ေတာ္ေတာ္မ်ားမ်ား ပိတ္ဖို႔ အမိန္႔ဟာ တနဂၤေႏြမွာ စတင္သက္ေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

Omicron ကိုဗစ်မျိုးကွဲ ကူးစက်နိုင်ချေ နယ်သာလန် ကျန်းမာရေး အာဏာပိုင်တွေ စိုးရိမ်

တောင်အာဖရိကကနေ ပြန်လာတဲ့ နယ်သာလန်နိုင်ငံသား ၆၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိခဲ့ရပြီးတဲ့နောက်မှာ နယ်သာလန်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် Omicron မျိုးကွဲ ကူးစက်မှု ဘယ်လောက်များများ တွေ့ရှိထားပြီလဲ ဆိုတာကို ဒတ်ချ်အာဏာပိုင်တွေက တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာနိုင်ဖို့ မျှော်လင့်ထားပါတယ်။

သောကြာနေ့က တောင်အာဖရိကကနေ ပြန်လည်ရောက်ရှိလာတဲ့ ခရီးသည် ၆၀၀ ထဲက ကိုဗစ်ပိုးတွေ့သူ တချို့ထဲက အနည်းဆုံး တယောက်ဆီမှာတော့ မျိုးကွဲပိုးသစ်ကို တွေ့ရှိရနိုင်တယ်လို့ နယ်သာလန် ကျန်းမာရေးအင်စတီကျု (RIVM) က ယုံကြည်နေပါတယ်။

RIVM ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ ပိုသစ်ကူးစက်မှုက သေချာသလောက်ရှိပြီး နောက်ထပ်လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ကူးစက်မှု ဘယ်လောက်များများ တွေ့ရှိသလဲ ဆိုတာကိုတော့ RIVM က အသေအချာ မပြောထားပေမယ့် တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

အသစ်ရှာဖွေတွေ့ရှိတဲ့ Omicron ဟာ စိုးရိမ်စရာကောင်းတဲ့မျိုးကွဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပြီးခဲ့တဲ့အပတ်ထဲ ထုတ်ပြန်ခဲ့တာမို့ ကမ္ဘာကြီး စိုးရိမ်မှုတိုးခဲ့ပြီး အခုဆိုရင် ကူးစက်မှု အသစ်တွေကို အနည်းဆုံး နိုင်ငံပေါင်း ၉ နိုင်ငံမှာ တွေ့ရှိနေရပြီ ဖြစ်ပါတယ်။

နဂိုကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေတဲ့ ဥရောပနိုင်ငံတွေမှာလည်း စိုးရိမ်မှု တိုးလာနေပြီး နယ်သာလန်နိုင်ငံမှာတော့ အရက်ဘား၊ စားသောက်ဆိုင်နဲ့ စတိုးဆိုင် တော်တော်များများ ပိတ်ဖို့ အမိန့်ဟာ တနင်္ဂနွေမှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG