သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္ခရီးစဥ္မွာ သက္ဆိုင္သူေတြနဲ႔ ေတြ႕ခြင့္ရေရး အာဆီယံအထူးကိုယ္စားလွယ္ေတာင္းဆို


(Zawgyi / Unicode)

အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အာဆီယံရဲ႕ ျမန္မာ ဆိုင္ရာ အထူးကိုယ္စားလွယ္ အျဖစ္ ခန႔္အပ္ထားသူ ဘ႐ူးႏိုင္း သံတမန္ Erywan Yusof က သူ႔အေနနဲ႔ ျမန္မာႏိုင္ငံကို သြားတဲ့ အခါ သက္ဆိုင္သူ အားလုံးနဲ႔ အျပည့္အ၀ ေတြ႕ဆုံခြင့္ ရသင့္ေၾကာင္း စေနေန႔မွာ ေျပာပါတယ္။
စစ္အာဏာသိမ္းမႈေၾကာင့္ မတည္မၿငိမ္ ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံကို သြားေရာက္မယ့္ ေန႔ကိုေတာ့ အာဆီယံရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္က မေျပာပါဘူး။

အာဆီယံ အထူးကိုယ္စားလွယ္Erywan အေနနဲ႔ ျမန္မာႏိုင္ငံတြင္း လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ အကူအညီေတြကို ႀကီးၾကပ္ေဆာင္႐ြက္ေရး၊ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး၊ ေနာက္ အၾကမ္းဖက္ ႏွိမ္ႏွင္းခံရတဲ့ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ၿပီး အလုပ္မဆင္းတဲ့ CDM လႈပ္ရွားမႈနဲ႔ ဆႏၵျပသူေတြ၊ အတိုက္အခံေတြနဲ႔ စစ္ေကာင္စီၾကား ေဆြးေႏြးပြဲေတြ စႏိုင္ေရး တာဝန္ေပးအပ္ခံထားရတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို သြားေရာက္ေရး အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ေၾကာင္း၊ ၿပီးခဲ့တဲ့ ဇြန္လက သြားခဲ့တဲ့ ခရီးစဥ္နဲ႔ မတူဘဲ အခု တေခါက္ ခရီးစဥ္မွာေတာ့ ေကာင္းေကာင္း ျပင္ဆင္ထားဖို႔ လိုအပ္ေၾကာင္း ဘ႐ူးႏိုင္း ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီး Erywan က Bandar Seri Begawan ၿမိဳ႕ေတာ္မွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံကို သြားဖို႔ ျပင္ေနတဲ့ အာဆီယံရဲ႕ ခရီးစဥ္ အတြင္းမွာ ပိုၿပီး ထိထိေရာက္ေရာက္ ေဆြးေႏြးဖို႔ ႀကိဳးစားမယ္လို႔ အာဆီယံ အထူးကိုယ္စားလွယ္Erywan က ေျပာဆိုၿပီး သက္ဆိုင္သူ အားလုံးနဲ႔ အျပည့္အ၀ ေတြ႕ခြင့္ရဖို႔က အေရးႀကီးတယ္ဆိုတာကိုလည္း အေလးအနက္ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာပြည်ခရီးစဉ်မှာ သက်ဆိုင်သူတွေနဲ့ တွေ့ခွင့်ရရေး အာဆီယံအထူးကိုယ်စားလှယ်တောင်းဆို

အရှေ့တောင် အာရှ နိုင်ငံများ အာဆီယံရဲ့ မြန်မာ ဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားသူ ဘရူးနိုင်း သံတမန် Erywan Yusof က သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားတဲ့ အခါ သက်ဆိုင်သူ အားလုံးနဲ့ အပြည့်အ၀ တွေ့ဆုံခွင့် ရသင့်ကြောင်း စနေနေ့မှာ ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် နေ့ကိုတော့ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်က မပြောပါဘူး။

အာဆီယံ အထူးကိုယ်စားလှယ်Erywan အနေနဲ့ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို ကြီးကြပ်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ နောက် အကြမ်းဖက် နှိမ်နှင်းခံရတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး အလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှုနဲ့ ဆန္ဒပြသူတွေ၊ အတိုက်အခံတွေနဲ့ စစ်ကောင်စီကြား ဆွေးနွေးပွဲတွေ စနိုင်ရေး တာဝန်ပေးအပ်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ရေး အတွက် ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ဇွန်လက သွားခဲ့တဲ့ ခရီးစဉ်နဲ့ မတူဘဲ အခု တခေါက် ခရီးစဉ်မှာတော့ ကောင်းကောင်း ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ဘရူးနိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Erywan က Bandar Seri Begawan မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို သွားဖို့ ပြင်နေတဲ့ အာဆီယံရဲ့ ခရီးစဉ် အတွင်းမှာ ပိုပြီး ထိထိရောက်ရောက် ဆွေးနွေးဖို့ ကြိုးစားမယ်လို့ အာဆီယံ အထူးကိုယ်စားလှယ်Erywan က ပြောဆိုပြီး သက်ဆိုင်သူ အားလုံးနဲ့ အပြည့်အ၀ တွေ့ခွင့်ရဖို့က အရေးကြီးတယ်ဆိုတာကိုလည်း အလေးအနက် ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG