သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၅ နှစ်သစ်ကို နယူးဇီလန် စတင်ကြိုဆို


နယူးဇီလန်နိုင်ငံက နှစ်သစ်ကူးအကြို မြင်ကွင်း။ (ဒီဇင်ဘာ ၃၁၊ ၂၀၂၄)
နယူးဇီလန်နိုင်ငံက နှစ်သစ်ကူးအကြို မြင်ကွင်း။ (ဒီဇင်ဘာ ၃၁၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၅ ခုနှစ်ကို ကြိုဆိုမယ့် နှစ်သစ်ဖို့ နာရီအနည်းငယ် ကျန်နေသေးပေမယ့် နိုင်ငံတချို့မှာတော့ ၂၀၂၅ ခုနှစ်ကို ကြိုနေကြပါပြီ။

ကမ္ဘာတဝှမ်း ပဋိပက္ခတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိခဲ့ပေမဲ့လည်း အခုလို ၂၀၂၄ အကုန် ၂၀၂၅ အတွက် နှစ်သစ်ကူးပြောင်းချိန်ကို ပထမဆုံးကြိုဆိုလိုက်တဲ့ နိုင်ငံကတော့ တောင်ပစိဖိတ်သမုဒ္ဒရာ ထဲက နယူးဇီလန်ဖြစ်ပါတယ်။ နယူးဇီလန်က နှစ်သစ်ကူးချိန်ဟာ အမေရိကန်ပြည်ထောင်စု နယူးရောက်က နာမည်ကျော် Times Square မှာ အစဥ်အလာမပျက်ကျင်းပတဲ့ နှစ်သစ်ကူးဆင်နွှဲ ချိန်ထက် ၁၈ နာရီစောပါတယ်။

အခြား တောင်ပစိဖိတ်သမုဒ္ဒရာနိုင်ငံတွေဖြစ်တဲ့ သြစတြေးလျက ဆစ်ဒနီဆိပ်ကမ်းမှာတော့ လူပေါင်းတသန်းလောက် နှစ်သစ်ကူးချိန် ပါ၀င်ဆင်နွှဲကြမှာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ Copacabana ကမ်းခြေမှာပြုလုပ်မယ့် နှစ်သစ်ကူးပွဲတော်မှာ လူပေါင်းနှစ်သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုနှစ်သစ်ကူးပွဲတော်တွေဟာ ဒေသအလိုက် သက်ဆိုင်ရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို မီးမောင်းထိုးပြနေတာပါ။

တောင်ကိုရီးယားနိုင်ငံမှာတော့ တနင်္ဂနွေနေ့က ဆိုးရွားတဲ့ လေယာဉ်ပျက်ကျခဲ့တဲ့အတွက် နှစ်သစ်ကူးဆင်နွှဲမယ့် အသံတွေ တိတ်နေခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ ရာသီဥတု ဖောက်ပြန်မှုကြောင့် နှစ်သစ်ကူးဆင်နွှဲဖို့ ပြင်ဆင်မှုတွေကို နှောင့်နှေးစေပါတယ်။

၂၀၂၅ နှစ်သစ်ကို နယူးဇီလန် စတင်ကြိုဆို
 
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG