သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနဲ့ ဥရောပမြို့ကြီးတွေမှာ ၂၀၂၄ နှစ်ကူးကြို


ရုရှားကျူးကျော်စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံက နှစ်သစ်ကူးပွဲတော်။
ရုရှားကျူးကျော်စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံက နှစ်သစ်ကူးပွဲတော်။

အခု သတင်းကြေညာတဲ့အချိန်မှာတော့ မြန်မာနိုင်ငံအပါအဝင် အာရှနဲ့ ဥရောပနိုင်ငံအတော်များများမှာ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းသွားပါပြီ။

အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းမြို့ကြီးတွေမှာတော့ မကြာခင်နာရီပိုင်းအတွင်း နှစ်သစ်ကူးမယ့်အချိန်ကို စောင့်ဆိုင်းနေကြပါပြီ။ တကမ္ဘာလုံးမှာဆိုရင် ဩစတြေးလျနိုင်ငံ Sydney နဲ့ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ကြီးတွေက ၂၀၂၄ ခုနှစ် နှစ်သစ်ကို ပထမဆုံး ကြိုခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာလည်း တိုကျိုက Zojoji ဘုရားကျောင်းမျက်နှာစာမှာ လူစုဝေးကြပြီး ၂၀၂၄ ခုနှစ် ဝင်တဲ့အချိန် ညသန်းခေါင်ယံမှာ ဘုရားကျောင်းက ခေါင်းလောင်းကြီးကို တီးခတ်ပြီး နှစ်သစ်ကူးခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာတော့ Capital Steel Park မှာ လူတွေ စုဝေးပြီး ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။

၂၀၂၄ နှစ်သစ်ကူး ဓာတ်ပုံပြခန်း

ထိုင်ပေမြို့မှာတော့ ထိုင်ပေမြို့ရဲ့ ၁၀၁ ထပ်အဆောက်အဦးဘေးမှာ လူစုဝေးပြီး နှစ်သစ်ကူးချိန်မှာ အဆောက်အဦးအပေါ်ကနေ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကြိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း နှစ်သစ်ကူးပွဲတော်ကို နေရာအတော်များများကျင်းပပြီး နှစ်သစ်ကူးချိန်မှာတော့ ကျောက်ဖယားမြစ်ပေါ်ကနေ မီးရှူးမီးပန်း ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ လူစုလူဝေး ပွဲလမ်းသဘင်နဲ့ နှစ်သစ်ကိုကြိုခဲ့ကြပါတယ်။ အခြားကမ္ဘာ့မြို့ကြီးတွေဖြစ်ကြတဲ့ ကရာချိ၊ နယူးဒေလီ၊ ဒူဘိုင်း စတဲ့ မြို့ကြီးတွေမှာလည်း နှစ်သစ်ကူးအချိန်ကို လူစုလူဝေးတွေနဲ့ မီးရှုးမီးပန်းဖောက် ကြိုဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG