သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပကစစ်ရေးမစွက်ဖက်ဖို့ နိုင်ဂျာအာဏာသိမ်းစစ်တပ် ခြိမ်းခြောက်


နိုင်ဂျာ စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူများ (သြဂုတ်လ ၆၊ ၂၀၂၃)
နိုင်ဂျာ စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူများ (သြဂုတ်လ ၆၊ ၂၀၂၃)

နိုင်ဂျာနိုင်ငံမှာ ပြုတ်သွားတဲ့သမ္မတကို ပြန်တင်နိုင်အောင် အိမ်နီးချင်းတိုင်းပြည်တွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ကြမယ်ဆိုရင် သမ္မတ Mohamed Bazoum ကို သတ်ပစ်မယ်လို့ အာဏာသိမ်းစစ်အစိုးရက ထိပ်တန်း အမေရိကန် သံတမန်တဦးကို ပြောလိုက်ပါတယ်။ ဒီ အပတ်အတွင်း နိုင်ဂျာကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်ပိုင်းတာဝန်ရှိသူတဦးဖြစ်တဲ့ Victoria Nuland ကို စစ်အစိုးရကိုယ်စားလှယ်တဦးက ပြောလိုက်ကြောင်း အမည်မဖော်လိုတဲ့ အနောက်တိုင်းစစ်အရာရှိတဦးက အေပီသတင်းဌာနကို ပြောတာပါ။ ဖြုတ်လိုက်တဲ့ သမ္မတ Bazoum ကို စစ်တပ် က သူ့ အိမ်မှာပဲ ဆက်လက် ထိန်းသိမ်းထားပါတယ်။

ဒီ အချိန်မှာပဲ နိုင်ဂျာနိုင်ငံမှာ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေး ပြန်လည်ရရှိအောင် အနောက်အာဖရိက နိုင်ငံများ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ခေါ် ECOWAS ရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်တွေကို ချထားဖို့ဆုံးဖြတ်လိုက်ကြောင်း ECOWAS ကော်မရှင်အကြီးအကဲ Omar Touray က ကြာသပတေးနေ့က ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံများ ရဲ့ အရေးပေါ်အစည်းအဝေး ကျင်းပအပြီးမှာ Omar Touray က ခုလို ပြောလိုက်ခဲ့တာပါ။

ဘဏ္ဍာရေးကိစ္စတွေနဲ့ လုပ်သင့်တာတွေကို ဆွေးနွေးဆောင်ရွက်ခဲ့တယ်လို့ ပြောပေမဲ့ ဘယ်ရက်မှာ ဘယ်လို ချထားမယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုတာ မရှိပါဘူး။ ဆီနီဂေါ၊ ဂါနာ၊ အိုင်ဗရီကို့စ်၊ တိုဂို၊ ဘင်န်နင်၊ ကီနီဘစ်ဆောနဲ့ ဆီရီယာ လီယွန် အပါအဝင် နိုင်ငံအကြီးအကဲ ၁၁ ယောက်အနက် ၉ ယောက် အစည်းအဝေးတက်ခဲ့ကြပါတယ်

အီကိုဝါ့စ် အဖွဲ့ဝင်မဟုတ်တဲ့ မောရီတေးနီးယားနဲ့ ဘူရွန်ဒီနိုင်ငံတို့ရဲ့ ခေါင်းဆောင်တွေလည်း တံခါးပိတ်အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ သံတမန် ညှိနှိုင်းဆွေးနွေးရေးနဲ့ အခြား တွေ့ဆုံဆွေးနွေးရေးတွေ ကျနော်တို့ ချဥ်းကပ်ပုံမှာ ဦးစားပေးဖြစ်တာ အရေးကြီးပါတယ်လို့ အဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌ နိုင်ဂျီးရီးယား သမ္မတ ဘိုလာ အာမက် တီနူဘူ Bola Ahmed Tinubu က ပြောပါတယ်။

ပြည်ပကစစ်ရေးမစွက်ဖက်ဖို့ နိုင်ဂျာအာဏာသိမ်းစစ်တပ် ခြိမ်းခြောက်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG