(Zawgyi / Unicode)
နည္းပညာအေထာက္အကူနဲ႔ ကေလးေတြ ပညာသင္ၾကားေရး စနစ္တခု ဖန္တီးႏုိင္ခဲ့တဲ့ 360ed အဖြဲ႔ဟာ ဂ်ပန္ႏိုင္ငံ Nikkei Asian Review က ေပးအပ္တဲ့ ‘အေကာင္းမြန္ဆုံး ဖန္တီးထုတ္လုပ္မႈ’ ဆုကို ရရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံဟာ ဖြံ႔ၿဖိဳးမႈ ေနာက္က်ေနဆဲ ႏိုင္ငံတႏိုင္ငံျဖစ္ေပမယ့္ ပညာေရးနယ္ပယ္မွာေတာ့ ေရွ႕တန္းကို အျမန္ေရာက္လာတယ္လို႔ Nikkei Asian Review က သုံးသပ္ၿပီး ဆုခ်ီးျမႇင့္ခဲ့တာပါ။ ဆုရရွိတာနဲ႔ ပတ္သက္လို႔ 360ed ရဲ႕ မီဒီယာေတြ႔ဆုံပြဲကို ကိုယ္တိုင္သြားေရာက္ခဲ့တဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က အျပည့္အစုံ တင္ျပေပးထားပါတယ္။
အေျခခံပညာေက်ာင္းသားေတြအတြက္ လက္ကိုင္ဖုန္းအမ်ိဳးမ်ိဳးကို အသုံးခ်ၿပီး (augmented reality) သုံးဘက္ျမင္ ပုံရိပ္ေယာင္နည္းပညာသုံး သင္ၾကားေရး အေထာက္အကူေတြ ထုတ္လုပ္ခဲ့တဲ့ ျမန္မာလူမ်ိဳးပိုင္ 360ed ကုမၸဏီဟာ ဂ်ပန္ႏိုင္ငံ Nekkei Asian Review ကေပးတဲ့ ၂၀၁၉ Nikkei Superior Products and Services Awards for Excellence ဆုကို ရရွိခဲ့ပါတယ္။
တျခားႏိုင္ငံေတြထက္ နည္းပညာသုံး သင္ၾကားေရး အေထာက္အကူျပဳစနစ္မွာ ျမန္မာႏိုင္ငံက ဦးေဆာင္ပါဝင္လာတာကို 360ed က ျပသႏိုင္တဲ့အတြက္ ဒီဆုကို Nikkei Asian Review က ခ်ီးျမႇင့္တာျဖစ္ေၾကာင္း 360ed ရဲ႕ အမႈေဆာင္အရာရွိ ေဒၚလွလွဝင္းက ျပန္ေျပာျပပါတယ္။
“Nikkei Asian ရဲ႕ စီအီးအိုေျပာတဲ့ မိန႔္ခြန္းမွာကိုယ္တိုင္က ျမန္မာျပည္က ပညာေရးက သူတို႔မထင္ထားေလာက္ေအာင္ ေရွ႕ကို အရမ္းေရာက္ေနၿပီဆိုတဲ့ ဟာေလး ပါတယ္။ အဲဒါ က်ေနာ္လည္း အေတာ္ကေလး ဝမ္းသာမိတယ္၊ သူတို႔ကိုယ္တိုင္ သတိထားမိတယ္။ Asia မွာ ဘယ္ႏိုင္ငံက ဘယ္သူေတြရဲ႕ Product ေတြ Services ေတြ ေကာင္းလဲဆိုတာ သူတို႔လိုက္ၾကည့္ေနတဲ့အထဲမွာ ျမန္မာျပည္ကို သြားေတြ႔တယ္။ ျမန္မာျပည္က ေနာက္က်တာမွန္ေပမယ့္ ပညာေရးမွာ အခုဆိုရင္ ဒါ နည္းပညာနဲ႔ ေရွ႕ကို အရမ္းေရာက္လာၿပီ။ အဲဒါ သူတို႔ အသိအမွတ္မျပဳလို႔ မရဘူးေပါ့ဆိုၿပီး ေခၚၿပီး ဆုေပးျခင္းျဖစ္ပါတယ္လို႔ ေျပာပါတယ္။”
360ed ဟာ အေမရိကန္နည္းပညာရွင္ေတြ စုေဝးရာ စီလီကြန္ေတာင္ၾကား (Silicon Valley) ေဒသမွာ စတင္ခဲ့တဲ့ ျမန္မာပိုင္ကုမၸဏီတခုျဖစ္ၿပီး ျပည္တြင္း ျပည္ပ ပညာေရးနယ္ပယ္က ဝန္ထမ္းေပါင္း ၈၀ ေလာက္နဲ႔ လည္ပတ္ေနတဲ့ ကုမၸဏီျဖစ္ပါတယ္။ AR လို႔ေခၚတဲ့ သုံးဘက္ျမင္ ပုံရိပ္ေယာင္နည္းပညာကို သင္ၾကားေရးစနစ္မွာ အသုံးျပဳမယ္ဆိုရင္ လက္ကိုင္ဖုန္းနဲ႔ Tablet လို ၾကားခံပစၥည္းတခုပဲလိုၿပီး ဒါဟာ ေရွ႕တန္းေရာက္လာတဲ့ နည္းပညာတခု ျဖစ္ေၾကာင္း 360ed ရဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးရန္မင္းေအာင္က ေျပာပါတယ္။
“က်ေနာ္တို႔ရဲ႕ ကမာၻႀကီးက 3D ကမာၻႀကီးေလ။ ၿပီးေတာ့ ‘စာ’ ဆိုတာ ျဖစ္လာတဲ့အခ်ိန္မွာ 3D ကမာၻထဲကေန 2D ကမာၻထဲ ေရာက္လာတယ္။ အခု က်ေနာ္တို႔က Augmented reality နဲ႔ 3D ဘက္ကို ျပန္ၿပီးလာတယ္ဆိုေတာ့ Learning ပိုင္းမွာလည္း က်ေနာ္တို႔က အမ်ားႀကီး၊ က်ေနာ္တို႔ ဦးေႏွာက္နဲ႔ သြားၿပီးေတာ့ ကိုက္ညီတဲ့ Learning မ်ိဳးျဖစ္မယ္လို႔ က်ေနာ္တို႔က ယူဆတယ္။ အဲဒီအတြက္ေၾကာင့္ က်ေနာ္တို႔က လုပ္ျဖစ္သြားတာပါ။”
လက္ရွိ အေျခခံပညာသင္႐ိုးနဲ႔ လိုက္ဖက္တဲ့ 360ed ရဲ႕ ဘာသာရပ္အလိုက္ ဖန္တီးထုတ္လုပ္မႈေတြကို ျဖန႔္ေဝေပးႏိုင္ဖို႔ 360ed က ပညာေရးဝန္ႀကီးဌာနနဲ႔ ပူေပါင္းေဆာင္ရြက္ေနသလို အေမရိကန္က ဟားဗတ္ ပညာေရးအဖြဲ႔အစည္းနဲ႔ ခ်ိတ္ဆက္ ေဆာင္ရြက္ေနတာပါ။ လတ္တေလာမွာေတာ့ အေျခခံပညာေက်ာင္းသားေတြကို အဓိကရည္ရြယ္ထားေၾကာင္း သူကေျပာပါတယ္။
“စူးစမ္းေလ့လာခ်င္တဲ့စိတ္က ကေလးတိုင္းမွာ ပါၿပီးသားျဖစ္တယ္။ အဲဒီအေပၚမွာ အေျခခံၿပီးေတာ့ က်ေနာ္တို႔က ေပ်ာ္ရႊင္မႈေကာင္းတဲ့ learning ကို က်ေနာ္တို႔ သြားခ်င္ပါတယ္။ အဲဒီလိုသြားမွပဲ က်ေနာ္တို႔ရဲ႕ အနာဂတ္ကလည္း ပိုၿပီးခိုင္မာၿပီးေတာ့ ေပ်ာ္ရႊင္စရာေကာင္းမယ္လို႔ ယူဆပါတယ္။”
360ed ဟာ မိုဘိုင္းဖုန္း အေထာက္အကူျပဳ သင္ၾကားေရးပစၥည္းေတြ ထုတ္ႏိုင္ဖို႔ ၂ ႏွစ္ေလာက္ အခ်ိန္ယူခဲ့ၿပီး သုံးဖက္ျမင္ ပုံရိပ္ေယာင္နည္းပညာသုံး ေဆာ့ဖ္ဝဲေတြ၊ တြဲဖက္အသုံးျပဳရတဲ့ ဘာသာရပ္အလိုက္စာအုပ္ေတြ ဆက္ၿပီးထုတ္လုပ္ႏိုင္ဖို႔အတြက္ တျခား ရင္းႏွီးျမႇဳပ္ႏွံမယ့္ အဖြဲ႔အစည္းေတြနဲ႔ ပူေပါင္းေဆာင္ရြက္သြားဖို႔ ရွိတယ္လို႔လည္း ေျပာပါတယ္။
-----------------------------------------
(Unicode)
နစ်ကေးဖန်တီးမှု ထူးချွန်ဆု မြန်မာပိုင်ကုမ္ပဏီ ရရှိ
နည်းပညာအထောက်အကူနဲ့ ကလေးတွေ ပညာသင်ကြားရေး စနစ်တခု ဖန်တီးနိုင်ခဲ့တဲ့ 360ed အဖွဲ့ဟာ ဂျပန်နိုင်ငံ Nikkei Asian Review က ပေးအပ်တဲ့ ‘အကောင်းမွန်ဆုံး ဖန်တီးထုတ်လုပ်မှု’ ဆုကို ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျနေဆဲ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် ပညာရေးနယ်ပယ်မှာတော့ ရှေ့တန်းကို အမြန်ရောက်လာတယ်လို့ Nikkei Asian Review က သုံးသပ်ပြီး ဆုချီးမြှင့်ခဲ့တာပါ။ ဆုရရှိတာနဲ့ ပတ်သက်လို့ 360ed ရဲ့ မီဒီယာတွေ့ဆုံပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က အပြည့်အစုံ တင်ပြပေးထားပါတယ်။
အခြေခံပညာကျောင်းသားတွေအတွက် လက်ကိုင်ဖုန်းအမျိုးမျိုးကို အသုံးချပြီး (augmented reality) သုံးဘက်မြင် ပုံရိပ်ယောင်နည်းပညာသုံး သင်ကြားရေး အထောက်အကူတွေ ထုတ်လုပ်ခဲ့တဲ့ မြန်မာလူမျိုးပိုင် 360ed ကုမ္ပဏီဟာ ဂျပန်နိုင်ငံ Nekkei Asian Review ကပေးတဲ့ ၂၀၁၉ Nikkei Superior Products and Services Awards for Excellence ဆုကို ရရှိခဲ့ပါတယ်။
တခြားနိုင်ငံတွေထက် နည်းပညာသုံး သင်ကြားရေး အထောက်အကူပြုစနစ်မှာ မြန်မာနိုင်ငံက ဦးဆောင်ပါဝင်လာတာကို 360ed က ပြသနိုင်တဲ့အတွက် ဒီဆုကိုNikkei Asian Review က ချီးမြှင့်တာဖြစ်ကြောင်း 360ed ရဲ့ အမှုဆောင်အရာရှိ ဒေါ်လှလှဝင်းက ပြန်ပြောပြပါတယ်။
“Nikkei Asian ရဲ့ စီအီးအိုပြောတဲ့ မိန့်ခွန်းမှာကိုယ်တိုင်က မြန်မာပြည်က ပညာရေးက သူတို့မထင်ထားလောက်အောင် ရှေ့ကို အရမ်းရောက်နေပြီဆိုတဲ့ ဟာလေး ပါတယ်။ အဲဒါ ကျနော်လည်း အတော်ကလေး ဝမ်းသာမိတယ်၊ သူတို့ကိုယ်တိုင် သတိထားမိတယ်။ Asia မှာ ဘယ်နိုင်ငံက ဘယ်သူတွေရဲ့ Product တွေ Services တွေ ကောင်းလဲဆိုတာ သူတို့လိုက်ကြည့်နေတဲ့အထဲမှာ မြန်မာပြည်ကို သွားတွေ့တယ်။ မြန်မာပြည်က နောက်ကျတာမှန်ပေမယ့် ပညာရေးမှာ အခုဆိုရင် ဒါ နည်းပညာနဲ့ ရှေ့ကို အရမ်းရောက်လာပြီ။ အဲဒါ သူတို့ အသိအမှတ်မပြုလို့ မရဘူးပေါ့ဆိုပြီး ခေါ်ပြီး ဆုပေးခြင်းဖြစ်ပါတယ်လို့ ပြောပါတယ်။”
360ed ဟာ အမေရိကန်နည်းပညာရှင်တွေ စုဝေးရာ စီလီကွန်တောင်ကြား (Silicon Valley) ဒေသမှာ စတင်ခဲ့တဲ့ မြန်မာပိုင်ကုမ္ပဏီတခုဖြစ်ပြီး ပြည်တွင်း ပြည်ပ ပညာရေးနယ်ပယ်က ဝန်ထမ်းပေါင်း ၈၀ လောက်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ AR လို့ခေါ်တဲ့ သုံးဘက်မြင် ပုံရိပ်ယောင်နည်းပညာကို သင်ကြားရေးစနစ်မှာ အသုံးပြုမယ်ဆိုရင် လက်ကိုင်ဖုန်းနဲ့ Tablet လို ကြားခံပစ္စည်းတခုပဲလိုပြီး ဒါဟာ ရှေ့တန်းရောက်လာတဲ့ နည်းပညာတခု ဖြစ်ကြောင်း 360ed ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးရန်မင်းအောင်က ပြောပါတယ်။
“ကျနော်တို့ရဲ့ ကမ္ဘာကြီးက 3D ကမ္ဘာကြီးလေ။ ပြီးတော့ ‘စာ’ ဆိုတာ ဖြစ်လာတဲ့အချိန်မှာ 3D ကမ္ဘာထဲကနေ 2D ကမ္ဘာထဲ ရောက်လာတယ်။ အခု ကျနော်တို့က Augmented reality နဲ့ 3D ဘက်ကို ပြန်ပြီးလာတယ်ဆိုတော့ Learning ပိုင်းမှာလည်း ကျနော်တို့က အများကြီး၊ ကျနော်တို့ ဦးနှောက်နဲ့ သွားပြီးတော့ ကိုက်ညီတဲ့ Learning မျိုးဖြစ်မယ်လို့ ကျနော်တို့က ယူဆတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က လုပ်ဖြစ်သွားတာပါ။”
လက်ရှိ အခြေခံပညာသင်ရိုးနဲ့ လိုက်ဖက်တဲ့ 360ed ရဲ့ ဘာသာရပ်အလိုက် ဖန်တီးထုတ်လုပ်မှုတွေကို ဖြန့်ဝေပေးနိုင်ဖို့ 360ed က ပညာရေးဝန်ကြီးဌာနနဲ့ ပူပေါင်းဆောင်ရွက်နေသလို အမေရိကန်က ဟားဗတ် ပညာရေးအဖွဲ့အစည်းနဲ့ ချိတ်ဆက် ဆောင်ရွက်နေတာပါ။ လတ်တလောမှာတော့ အခြေခံပညာကျောင်းသားတွေကို အဓိကရည်ရွယ်ထားကြောင်း သူကပြောပါတယ်။
“စူးစမ်းလေ့လာချင်တဲ့စိတ်က ကလေးတိုင်းမှာ ပါပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့က ပျော်ရွှင်မှုကောင်းတဲ့ learning ကို ကျနော်တို့ သွားချင်ပါတယ်။ အဲဒီလိုသွားမှပဲ ကျနော်တို့ရဲ့ အနာဂတ်ကလည်း ပိုပြီးခိုင်မာပြီးတော့ ပျော်ရွှင်စရာကောင်းမယ်လို့ ယူဆပါတယ်။”
360ed ဟာ မိုဘိုင်းဖုန်း အထောက်အကူပြု သင်ကြားရေးပစ္စည်းတွေ ထုတ်နိုင်ဖို့ ၂ နှစ်လောက် အချိန်ယူခဲ့ပြီး သုံးဖက်မြင် ပုံရိပ်ယောင်နည်းပညာသုံး ဆော့ဖ်ဝဲတွေ၊ တွဲဖက်အသုံးပြုရတဲ့ ဘာသာရပ်အလိုက်စာအုပ်တွေ ဆက်ပြီးထုတ်လုပ်နိုင်ဖို့အတွက် တခြား ရင်းနှီးမြှုပ်နှံမယ့် အဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။