သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ကုလ ပုံမှန်ဆက်ဆံမှု သဘောတူ


ကုလလက်ထောက်အတွင်းရေးမှူးချုပ် Jeffrey Feltman နဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho တွေ့ဆုံမှု
ကုလလက်ထောက်အတွင်းရေးမှူးချုပ် Jeffrey Feltman နဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho တွေ့ဆုံမှု

မြောက်ကိုရီးယားနိုင်ငံနဲ့ ကုလသမဂ္ဂတို့ကြား ဆက်သွယ်မှုတွေ ပုံမှန်လုပ်ဆောင်သွားဖို့ ၂ ဘက်စလုံးက သဘောတူ ခဲ့ကြပါတယ်။ ဒါဟာ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတဦး မြောက်ကိုရီးယားနိုင်ငံကို မကြာသေးခင်က သွားရောက် ခဲ့ပြီးတဲ့နောက် ဖြစ်လာခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက စနေနေ့မှာပြောပါတယ်။

ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Jeffrey Feltman ဟာ မြောက်ကိုရီးယားနိုင်ငံကို အခုသီတင်းပတ်အတွင်းမှာ သွားရောက်ခဲ့ပြီး၊ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Pak Myong Guk တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

လက်ထောက်အတွင်းအရေးမှူးချုပ်ရဲ့ Feltman အခုလို လာရောက်ခဲ့တဲ့အတွက်၊ မြောက် ကိုရီးယားနိုင်ငံနဲ့ ကုလသမဂ္ဂရဲ့အထွေထွေ အတွင်းရေးမှူး ဌာနကြားမှာ နားလည်မှုတွေ ပိုရလာစေဖို့အတွက် အထောက်အကူပေး ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က မကြာသေးခင်ကပဲ နှစ်စဉ်လုပ်နေကြ လေတပ် စစ်ရေးလေ့ကျင့်မှုကို လုပ်ခဲ့ပြီးပြီးချင်းမှာပဲ Feltman မြောက်ကိုရီးယားနိုင်ငံ သွားရောက် ခဲ့တာဖြစ်ပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ရဲ့ အခုနှစ် စစ်ရေးလေ့ကျင့်မှုဟာ လုပ်လာခဲ့သမျှတွေထဲမှာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ကုလ ပုံမှန်ဆက်ဆံမှု သဘောတူ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG