သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ လံုျခံဳေရးေကာင္စီမွာ ေဆြးေႏြးမယ္


ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအြန္း။ (ႏိုဝင္ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ေျမာက္ကိုရီးယားႏုိင္ငံက သူ႔ႏုိင္ငံသားေတြအေပၚ လူ႔အခြင့္အေရးေဖာက္ဖ်က္ က်ဴးလြန္မႈေတြနဲ႔ပတ္သက္လို႔ ဒီကေန႔ ေသာၾကာေန႔မွာက်င္းပမယ့္ ကုလသမဂၢလံုျခံဳေရးေကာင္စီ တံခါးပိတ္အစည္းအေဝးမွာ ေဆြးေႏြးၾကဖို႔ရွိပါတယ္။

တံခါးဖြင့္ေဆြးေႏြးပြဲက်င္းပဖို႔ကို တ႐ုတ္နဲ႔ ႐ုရွားတို႔က ကန္႔ကြက္ခဲ့ၿပီးတဲ့ေနာက္ အဖြဲ႔ဝင္ ၁၅ ႏုိင္ငံ တံခါးပိတ္ေဆြးေႏြးၾကမွာျဖစ္တယ္လုိ႔ သံတမန္ေတြကေျပာပါတယ္။ ဒီအေပၚ ေျမာက္ကိုရီးယားအေနနဲ႔ အမ်က္ထြက္ဖြယ္ရွိပါတယ္။

ေျမာက္ကိုရီးယားမွာ လက္ရွိျဖစ္ပြားေနဆဲ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြဟာ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးေပၚ ဂယက္ရိုက္ေစမယ့္ အလားအလာေတြ ရွိေနတယ္ဆိုတာ ေျပာဆိုမယ္လို႔ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမဏီ၊ ဘယ္လဂ်ီယံ၊ Dominican သမၼတႏိုင္ငံနဲ႔ အစ္စတိုးနီးယားႏုိင္ငံေတြက ကုလလံုျခံဳေရးေကာင္စီ အဖြဲ႔ဝင္ႏုိင္ငံေတြကို အသိေပးထားတဲ့အေၾကာင္း Reuters သတင္းဌာနက ၾကာသပေတးေန႔က လက္ခံရရွိတဲ့ အီးေမးလ္မွာေဖာ္ျပပါရွိပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံတြင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ ၂၀၁၄ ကေန ၂၀၁၇ ခုႏွစ္အတြင္း ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ႏွစ္စဥ္ တံခါးဖြင့္အစည္းအေဝး က်င္းပေဆြးေႏြးေလ့ ရွိပါတယ္။ အေမရိကန္သမၼတ ထရမ့္နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအြန္းတို႔ ေတြ႔ဆံုခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာေတာ့ ကုလလံုျခံဳေရးေကာင္စီမွာ ေျမာက္ကိုရီးယားအေရး မေဆြးေႏြးျဖစ္ခဲ့ပါဘူး။

ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး စည္းေဝးေဆြးေႏြးဖို႔ ကုလလံုျခံဳေရးေကာင္စီအဖြဲ႔ဝင္ အနည္းဆံုး ၈ ႏိုင္ငံက ေတာင္းဆိုခဲ့ပါတယ္။ ဒီလိုလုပ္ရပ္မ်ဳိးကို ျပင္းထန္တဲ့ ရန္စမႈအျဖစ္ သတ္မွတ္မယ္လုိ႔ ေျမာက္ကိုရီးယားက သတိေပးခဲ့ၿပီး အျပင္းအထန္ တံု႔ျပန္မယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြောက်ကိုရီးယား လူ့အခွင့်အရေးချိုးဖောက်မှု လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ်

မြောက်ကိုရီးယားနိုင်ငံက သူ့နိုင်ငံသားတွေအပေါ် လူ့အခွင့်အရေးဖောက်ဖျက် ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ ဒီကနေ့ သောကြာနေ့မှာကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးကြဖို့ရှိပါတယ်။

တံခါးဖွင့်ဆွေးနွေးပွဲကျင်းပဖို့ကို တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ခဲ့ပြီးတဲ့နောက် အဖွဲ့ဝင် ၁၅ နိုင်ငံ တံခါးပိတ်ဆွေးနွေးကြမှာဖြစ်တယ်လို့ သံတမန်တွေကပြောပါတယ်။ ဒီအပေါ် မြောက်ကိုရီးယားအနေနဲ့ အမျက်ထွက်ဖွယ်ရှိပါတယ်။

မြောက်ကိုရီးယားမှာ လက်ရှိဖြစ်ပွားနေဆဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပေါ် ဂယက်ရိုက်စေမယ့် အလားအလာတွေ ရှိနေတယ်ဆိုတာ ပြောဆိုမယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဘယ်လဂျီယံ၊ Dominican သမ္မတနိုင်ငံနဲ့ အစ်စတိုးနီးယားနိုင်ငံတွေက ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို အသိပေးထားတဲ့အကြောင်း Reuters သတင်းဌာနက ကြာသပတေးနေ့က လက်ခံရရှိတဲ့ အီးမေးလ်မှာဖော်ပြပါရှိပါတယ်။

မြောက်ကိုရီးယားနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နှစ်စဉ် တံခါးဖွင့်အစည်းအဝေး ကျင်းပဆွေးနွေးလေ့ ရှိပါတယ်။ အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းတို့ တွေ့ဆုံခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ကုလလုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားအရေး မဆွေးနွေးဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စည်းဝေးဆွေးနွေးဖို့ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် အနည်းဆုံး ၈ နိုင်ငံက တောင်းဆိုခဲ့ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို ပြင်းထန်တဲ့ ရန်စမှုအဖြစ် သတ်မှတ်မယ်လို့ မြောက်ကိုရီးယားက သတိပေးခဲ့ပြီး အပြင်းအထန် တုံ့ပြန်မယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG