သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးဆိုင်ရာနိုဘဲလ်ဆု အမေရိကန်ပညာရှင်နှစ်ဦး ရရှိ


ဒီနှစ် ၂၀၁၈ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကိုတော့ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြတဲ့ Yale တက္ကသိုလ်က William Nordhaus နဲ့ New York တက္ကသိုလ်က Paul Romer တို့က ရရှိသွားပါတယ်။

ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဥတုရာသီ ဖောက်ပြန် ပြောင်းလဲမှုတွေနဲ့ နည်းပညာ တိုးတက် ပြောင်းလဲလာမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိနေတယ် ဆိုတာကို လေ့လာ ဖော်ထုတ်ခဲ့ကြတဲ့ အတွက် သူတို့နှစ်ဦး ခုလိုချီးမြှင့်လိုက်တာ ဖြစ်တဲ့အကြောင်း သိပ္ပံဆိုင်ရာ ဆွီဒင် တော်ဝင် အကယ်ဒမီ အဖွဲ့က ဒီကနေ့ ကြေညာလိုက်တာပါ။

သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေဟာဆိုရင် ဈေးကွက်စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်၊ နည်းပညာတတ်ကျွမ်းမှုတွေကြား ဘယ်လို အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာကို ရှင်းပြနိုင်တဲ့အတွက် စီးပွားရေးဆိုင်ရာ သုံးသပ်လေ့လာမှုတွေကို သိသိသာသာ တိုးတက်သွားစေတယ်လို့လည်း ဆွီဒင်တော်ဝင်အကယ်ဒမီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၁၉၆၈ ခုနှစ်မှာ စတင်ပေးအပ်လာခဲ့တဲ့ စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကတော့ ဆွီဒင် crowns ငွေနဲ့ ၉ သန်း၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့ ဒေါ်လာ တသန်း ချီးမြှင့်တာ ဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာနိုဘယ်ဆု အမေရိကန်ပညာရှင်နှစ်ဦး ရရှိ
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG