သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္သတင္းသမား Maria Ressa ျပည္ပသို႔ တိမ္းေရွာင္မည္ မဟုတ္


(Zawgyi/ Unicode)

ဖိလစ္ပိုင္ ႏိုင္ငံမွာ တရားရင္ဆိုင္ေနရတဲ႔ အတြက္ ျပည္ပမွာ တိမ္းေရွာင္ႏိုင္တယ္ဆိုတဲ႔ အေပၚ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရး ဆုရွင္ ဖိလစ္ပိုင္ သတင္းသမား Maria Ressa က တနလာၤေန႔မွာ ပယ္ခ်လိုက္ပါတယ္။ သူမ အေပၚ စြဲခ်က္ေတြ အားလံုးကို ဖိလစ္ပိုင္ သမၼတ Rodrigo Duterte အစိုးရဘက္က ႐ုပ္သိမ္းေပးဖို႔လည္း သူမရဲ႕ ေရွ႕ေနတြက ေတာင္းဆိုလိုက္ပါတယ္။

ဖိလစ္ပိုင္ရဲ႕ ပထမဆံုးေသာ ႏိုဘဲလ္ ဆုရွင္ျဖစ္တဲ႔ Ressa ဟာ စံုးစမ္းေဖာ္ထုတ္ သတင္းေရးသားသူ ႐ုရွား သတင္းသမား Dmitry Muratov နဲ႔ အတူ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရးဆု ပူးတြဲ ရရွိခဲ႔တာျဖစ္ၿပီး ကမ ၻာတလႊားမွာ က်ဆင္းလာေနတဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုမႈကို အားေပး ျမႇင့္တင္ႏိုင္ေရး ရည္ရြယ္ၿပီး အခုလို ဆုခ်ီးျမႇင့္ခဲ႔တာလို႔ အမ်ားက ရႈျမင္ၾကပါတယ္။

Ressa ရဲ႕ သတင္းဆိုဒ္ ျဖစ္တဲ႔ Rappler လည္း လိုင္စင္ ႐ုပ္သိမ္းခံထားရသလို အေၾကာင္းအရာ မ်ိဳးစံုနဲ႔ တရားဥပေဒေၾကာင္း အရလည္း အေရးယူခံထားရတာ ျဖစ္ပါတယ္။ ဖိလစ္ပိုင္ သမၼတ Duterte ရဲ႕ မူးယစ္ တိုက္ဖ်က္ေရး လုပ္ငန္း အပါအ၀င္ အစိုးရရဲ႕ မူဝါဒေတြကို Ressa ရဲ႕ စံုစမ္းေဖာ္ထုတ္မႈေတြေၾကာင့္ တမင္ရည္ရြယ္ လုပ္ေဆာင္တာလို႔လည္း သူမကို ေထာက္ခံသူေတြက ေျပာပါတယ္။

ျပည္ပမွာ တိမ္းေရွာင္တာ မလုပ္ႏိုင္ေၾကာင္း Ressa က သူမရဲ႕ ဥပေဒ အက်ိဳးေဆာင္ အဖြဲ႔နဲ႔ အတူ လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။ သမၼတ Duterte ရဲ႕ သက္တမ္း အတြင္း အၾကမ္းဖက္မႈေတြနဲ႔ ေၾကာက္ရြံ႔ရမႈ အေျခအေနေတြဟာ ၂၀၂၂ ခုႏွစ္ ေရြးေကာက္ပြဲ မတိုင္ခင္မွာ ေလ်ာ့ပါးလာတာကို သတိျပဳမိေၾကာင္းလည္း သူမက ေျပာပါတယ္။

အသေရဖ်က္မႈနဲ႔ ၿပီးခဲ႔တဲ႔ႏွစ္တုန္းက ေထာင္ဒဏ္ ၆ ႏွစ္ စီရင္ခ်က္ခ်မွတ္ခံရတာကို အယူခံ၀င္ခဲ႔ၿပီးေနာက္ အာမခံရထားတဲ႔ Ressa အေနနဲ႔ အခြန္ေရွာင္မႈ စြဲခ်က္ ၅ ခု၊ ေနာက္ လုပ္ငန္းဆိုင္ရာ အမႈ တခုတို႔နဲ႔ ရင္ဆိုင္ေနရတာပါ။ လြတ္လပ္မႈကို ဆံုးရံႈးလုနီး မျဖစ္ခင္မွာေတာ့ လြတ္လပ္မႈရဲ႕ အရသာကို သိမွာ မဟုတ္ဘူးလို႔လည္း အေမရိကန္ ျပည္ေထာင္စု ေဘာ္စတြန္ကို ေရာက္ေနတဲ႔ Ressa က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ဖိလစ်ပိုင်သတင်းသမား Maria Ressa ပြည်ပသို့ တိမ်းရှောင်မည် မဟုတ်

ဖိလစ်ပိုင် နိုင်ငံမှာ တရားရင်ဆိုင်နေရတဲ့ အတွက် ပြည်ပမှာ တိမ်းရှောင်နိုင်တယ်ဆိုတဲ့ အပေါ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဖိလစ်ပိုင် သတင်းသမား Maria Ressa က တနလာၤနေ့မှာ ပယ်ချလိုက်ပါတယ်။ သူမ အပေါ် စွဲချက်တွေ အားလုံးကို ဖိလစ်ပိုင် သမ္မတ Rodrigo Duterte အစိုးရဘက်က ရုပ်သိမ်းပေးဖို့လည်း သူမရဲ့ ရှေ့နေတွက တောင်းဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်ရဲ့ ပထမဆုံးသော နိုဘဲလ် ဆုရှင်ဖြစ်တဲ့ Ressa ဟာ စုံးစမ်းဖော်ထုတ် သတင်းရေးသားသူ ရုရှား သတင်းသမား Dmitry Muratov နဲ့ အတူ နိုဘဲလ် ငြိမ်းချမ်းရေးဆု ပူးတွဲ ရရှိခဲ့တာဖြစ်ပြီး ကမ ္ဘာတလွှားမှာ ကျဆင်းလာနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို အားပေး မြှင့်တင်နိုင်ရေး ရည်ရွယ်ပြီး အခုလို ဆုချီးမြှင့်ခဲ့တာလို့ အများက ရှုမြင်ကြပါတယ်။

Ressa ရဲ့ သတင်းဆိုဒ် ဖြစ်တဲ့ Rappler လည်း လိုင်စင် ရုပ်သိမ်းခံထားရသလို အကြောင်းအရာ မျိုးစုံနဲ့ တရားဥပဒေကြောင်း အရလည်း အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် သမ္မတ Duterte ရဲ့ မူးယစ် တိုက်ဖျက်ရေး လုပ်ငန်း အပါအဝင် အစိုးရရဲ့ မူဝါဒတွေကို Ressa ရဲ့ စုံစမ်းဖော်ထုတ်မှုတွေကြောင့် တမင်ရည်ရွယ် လုပ်ဆောင်တာလို့လည်း သူမကို ထောက်ခံသူတွေက ပြောပါတယ်။

ပြည်ပမှာ တိမ်းရှောင်တာ မလုပ်နိုင်ကြောင်း Ressa က သူမရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့နဲ့ အတူ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ သမ္မတ Duterte ရဲ့ သက်တမ်း အတွင်း အကြမ်းဖက်မှုတွေနဲ့ ကြောက်ရွံ့ရမှု အခြေအနေတွေဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ လျော့ပါးလာတာကို သတိပြုမိကြောင်းလည်း သူမက ပြောပါတယ်။

အသရေဖျက်မှုနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ထောင်ဒဏ် ၆ နှစ် စီရင်ချက်ချမှတ်ခံရတာကို အယူခံဝင်ခဲ့ပြီးနောက် အာမခံရထားတဲ့ Ressa အနေနဲ့ အခွန်ရှောင်မှု စွဲချက် ၅ ခု၊ နောက် လုပ်ငန်းဆိုင်ရာ အမှု တခုတို့နဲ့ ရင်ဆိုင်နေရတာပါ။ လွတ်လပ်မှုကို ဆုံးရှုံးလုနီး မဖြစ်ခင်မှာတော့ လွတ်လပ်မှုရဲ့ အရသာကို သိမှာ မဟုတ်ဘူးလို့လည်း အမေရိကန် ပြည်ထောင်စု ဘော်စတွန်ကို ရောက်နေတဲ့ Ressa က ပြောပါတယ်။

XS
SM
MD
LG