သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီသီယုိပီးယား ၀န္ႀကီးခ်ဳပ္ ၂၀၁၉ ႏုိဘယ္ၿငိမ္းခ်မ္းေရးဆု ရရွိ


အီသီယိုးပီးယားဝန္ႀကီးခ်ဳပ္ Abiy Ahmed Ali (ဇန္န၀ါရီ၊ ၁၇၊ ၂၀၁၉)

အိမ္နီးခ်င္း Eritrea ႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းေရးရေအာင္ သူ႔ရဲ႕ အားထုတ္မႈအတြက္ ေရြးခ်ယ္လိုက္တာလို႔ Norwegian Nobel Committee ဥကၠ႒က ခုလိုေၾကညာခဲ့ပါတယ္။

အီသီယိုပီးယားဝန္ႀကီးခ်ဳပ္ Abiy Ahmed Ali ရဲ႕ ၿငိမ္းခ်မ္းေရးေအာင္ျမင္ေအာင္ အားထုတ္မႈ၊ ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြေၾကာင့္ ၂၀၁၉ ခုႏွစ္အတြက္ Nobel ၿငိမ္းခ်မ္းေရးဆုေပးဖုိ႔ ဆံုးျဖတ္ခဲ့တာလုိ႔ ေၾကညာသြားတာျဖစ္ပါတယ္။

အထူးသျဖင့္ အိမ္နီးခ်င္း Eritrea ႏိုင္ငံနဲ႔ျဖစ္ခဲ့တဲ့ နယ္စပ္ပဋိပကၡကို ၂၀၁၈ ခုႏွစ္က သူဝန္ႀကီးခ်ဳပ္ရာထူးရခဲ့ၿပီး လပိုင္းအတြင္းမွာ ေျပလည္ေအာင္ ေျဖ႐ွင္းႏိုင္ခဲ့တဲ့အတြက္ ျဖစ္တယ္လို႔ ေျပာၾကားပါတယ္။

ဝန္ႀကီးခ်ဳပ္ျဖစ္လာၿပီး ရက္ ၁၀၀ အတြင္းမွာ ႏိုင္ငံထဲမွာ ထုတ္ျပန္ထားတဲ့ အေရးေပၚအေျခအေနကို ႐ုပ္သိမ္းခဲ့တယ္။ ႏိုင္ငံေရးအက်ဥ္းသားေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တဲ့ သတင္းမီဒီယာေတြအေပၚ ဆင္ဆာျဖတ္ေတာက္မႈကို ရပ္ဆိုင္းခဲ့တယ္။ မတရားအသင္း သတ္မွတ္ခံထားရတဲ့ အတုိက္အခံအဖဲြ႔ေတြ တရားဝင္ေအာင္ လုပ္ေပးခဲ့တယ္။

အဂတိုက္လုိက္စားမႈနဲ႔ မသကၤာတဲ့ စစ္ဘက္ အရပ္ဘက္ ေခါင္းေဆာင္ေတြကို ရာထူးဖယ္႐ွားခဲ့တယ္။ အီသီယိုးပီးယားႏိုင္ငံရဲ႕ ႏိုင္ငံေရးနဲ႔ လူမႈအသိုင္းအဝုိင္းမွာ အမ်ဳိးသမီးေတြရဲ႕ ၾသဇာသိသိသာသာ လႊမ္းမိုးႏို္င္ေအာင္ လုပ္ေပးခဲ့တယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Ahmed Ali ရဲ႕ေဆာင္႐ြက္မႈေတြကို ဆုေၾကညာစဥ္မွာ ေျပာၾကားခဲ့ပါတယ္။

အာဖရိကတိုက္ အေ႐ွ႕နဲ႔အေ႐ွ႕ေျမာက္ေဒသေတြက ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္သင့္ျမတ္ေရးေဆာင္႐ြက္မႈေတြမွာ သူ႔ရဲ႕ပါဝင္ေဆာင္႐ြက္မႈေတြကို အသိအမွတ္ျပဳတယ္လို႔လည္း Nobel ဆုေ႐ြးခ်ယ္ေရးေကာ္မတီက ေျပာပါတယ္။

Nobel ၿငိမ္းခ်မ္းေရးဆုေပးပြဲ အခမ္းအနားကို ဒီဇင္ဘာ ၁၀ ရက္က်ရင္ ေနာ္ေဝးႏုိင္ငံ Oslo ၿမိဳ႕ေတာ္မွာ ျပဳလုပ္မွာျဖစ္ပါတယ္။ Nobel ၿငိမ္းခ်မ္းေရးအတြက္ ေဒၚလာ ၉ သိန္းေလာက္နဲ႔ညီမွ်တဲ့ ဆုေၾကးေငြကို ဆု႐ွင္ အီသီယိုးပီးယားဝန္ႀကီးခ်ဳပ္ ရ႐ွိမွာျဖစ္ပါတယ္။

[Unicode Version]

အိမ်နီးချင်း Eritrea နိုင်ငံနဲ့ ငြိမ်းချမ်းရေးရအောင် သူ့ရဲ့ အားထုတ်မှုအတွက် ရွေးချယ်လိုက်တာလို့ Norwegian Nobel Committee ဥက္ကဋ္ဌက ခုလိုကြေညာခဲ့ပါတယ်။

အိမ်နီးချင်း Eritrea နိုင်ငံငြိမ်းချမ်းရေးအတွက် သုံးရဲ့အားထုတ်မှုတွေကြောင့် သူ့ကိုရွေးချယ်လိုက်တာလို့ Norwegian Nobel Committee ဥက္ကဋ္ဌက ခုလိုကြေညာခဲ့ပါတယ်။ အီသီယိုပီးယားဝန်ကြီးချုပ် Abiy Ahmed Ali ရဲ့ ငြိမ်းချမ်းရေးအောင်မြင်အောင် အားထုတ်မှု၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ၂၀၁၉ ခုနှစ်အတွက် Nobel ငြိမ်းချမ်းရေးဆုပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ကြေညာသွားတာဖြစ်ပါတယ်။

အထူးသဖြင့် အိမ်နီးချင်း Eritrea နိုင်ငံနဲ့ဖြစ်ခဲ့တဲ့ နယ်စပ်ပဋိပက္ခကို ၂၀၁၈ ခုနှစ်က သူဝန်ကြီးချုပ်ရာထူးရခဲ့ပြီး လပိုင်းအတွင်းမှာ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ပြောကြားပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာပြီး ရက် ၁၀၀ အတွင်းမှာ နိုင်ငံထဲမှာထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်းခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ သတင်းမီဒီယာတွေအပေါ် ဆင်ဆာဖြတ်တောက်မှုကို ရပ်ဆိုင်းခဲ့တယ်။ မတရားအသင်း သတ်မှတ်ခံထားရတဲ့ အတိုက်အခံအဖွဲ့တွေ တရားဝင်အောင် လုပ်ပေးခဲ့တယ်။

အဂတိုက်လိုက်စားမှုနဲ့ မသင်္ကာတဲ့ စစ်ဘက် အရပ်ဘက် ခေါင်းဆောင်တွေကို ရာထူးဖယ်ရှားခဲ့တယ်။ အီသီယိုးပီးယားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့ သြဇာသိသိသာသာ လွှမ်းမိုးနိုင်အောင် လုပ်ပေးခဲ့တယ်လို့လည်း ဝန်ကြီးချုပ် Ahmed Ali ရဲ့ဆောင်ရွက်မှုတွေကို ဆုကြေညာစဉ်မှာ ပြောကြားခဲ့ပါတယ်။

အာဖရိကတိုက် အရှေ့နဲ့အရှေ့မြောက်ဒေသတွေက ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆောင်ရွက်မှုတွေမှာ သူ့ရဲ့ပါဝင်ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုတယ်လို့လည်း Nobel ဆုရွေးချယ်ရေးကော်မတီက ပြောပါတယ်။

Nobel ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်ကျရင် နော်ဝေးနိုင်ငံ Oslo မြို့တော်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ Nobel ငြိမ်းချမ်းရေးအတွက် ဒေါ်လာ ၉ သိန်းလောက်နဲ့ညီမျှတဲ့ ဆုကြေးငွေကို ဆုရှင် အီသီယိုးပီးယားဝန်ကြီးချုပ် ရရှိမှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG