သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lithium-ion ဘက်ထရီတီထွင်သူ သုံးဦး ဓါတုဗေဒနိုဗယ်ဆု ရရှိ


ဓါတုဗေဒနိုဗယ်ဆု ရရှိခဲ့တဲ့ အမေရိကန်ပညာရှင် John B. Goodenough၊ ဗြိတိန်ပညာရှင် M. Stanley Whittingham၊ ဂျပန်ပညာရှင် Akira Yoshino
ဓါတုဗေဒနိုဗယ်ဆု ရရှိခဲ့တဲ့ အမေရိကန်ပညာရှင် John B. Goodenough၊ ဗြိတိန်ပညာရှင် M. Stanley Whittingham၊ ဂျပန်ပညာရှင် Akira Yoshino

Lithium-ion ဘက်ထရီတီထွင်ခဲ့ကြတဲ့ သိပ္ပံပညာရှင် ၃ ယောက်ကို ၂၀၁၉ ခုနှစ်အတွက် ဓါတုဗေဒဆိုင်ရာ Nobel ဆုပေးဖို့ ရွေးချယ်လိုက်ပါတယ်။ အမေရိကန်ပညာရှင် John B. Goodenough၊ ဗြိတိန်ပညာရှင် M. Stanley Whittingham၊ ဂျပန်ပညာရှင် Akira Yoshino တို့ကို ဆုပေးဖို့ သိပ္ပံဆိုင်ရာRoyal Swedish Academy ကဆုံးဖြတ်ခဲ့တယ်လို့ ဒီကနေ့ ကြေညာလိုက်တာဖြစ်ပါတယ်။

အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ John Goodenough ဟာ Nobel ဆုရသူတွေထဲမှာ အသက်အကြီးဆုံးဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပြန်လည် အားဖြည့်နိုင်တဲ့ Lithium-ion ဘက်ထရီတွေကို လက်ကိုင်ဖုန်းတွေ၊ Laptop computer တွေကနေ လျှပ်စစ်ဓါတ်အားနဲ့ မောင်းတဲ့ မော်တော်ကားတွေမှာအထိ အသုံးပြုနေတာဖြစ်ပါတယ်။

နေစွမ်းအင်၊ လေစွမ်းအင်တွေကနေရတဲ့ ဓါတ်အားအများကြီးကိုလည်း Lithium-ion ဘက်ထရီတွေထဲမှာ သိမ်းထားနိုင်တဲ့အတွက် လေထုညစ်ငြမ်းစေတဲ့ မြေတွင်းလောင်စာတွေကို သုံးစရာမလိုတဲ့ အခြေအနေကိုလည်း ဖန်တီးလာနိုင်တယ်လို့ ဆုရွေးချယ်တဲ့ ဂျူရီအဖွဲ့က ပြောပါတယ်။

Lithium ဘက်ထရီတွေဟာ ၁၉၉၁ ခုနှစ်မှာစပြီး ဈေးကွက်ထဲရောက်လာချိန်ထဲက လူတွေရဲ့နေထိုင်မှုဘဝတွေကို လုံးဝပြောင်းလဲသွားစေခဲ့ကြောင်းနဲ့ ဒီတီထွင်မှုဟာ လူသားထုအတွက် အကျိုးအမြတ်အကြီးမားဆုံး တီထွင်မှုဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဓါတုဗေဒဆိုင်ရာ Nobel ဆုအတွက် ဆုကြေး ဒေါ်လာ ၉ သိန်း၊ ၂ သောင်းနီးပါးကို ဆုရသူ ၃ ယောက် ခွဲဝေရကြမှာဖြစ်ပါတယ်။

.....................

{Unicode}






တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG