သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

VOA ၫႊန္ၾကားေရးမွဴးေဟာင္းကို USAGM အႀကီးအကဲအျဖစ္ ခန္႔အပ္ေရး လႊတ္ေတာ္ၾကားနာ


(Zawgyi/ Unicode)
အေမရိကန္ ကမ ၻာ့မီဒီယာ ဌာန USAGM အႀကီးအကဲ အျဖစ္ သမၼတ Joe Biden ေရြးခ်ယ္ထားသူ Amanda Bennett ကို အထက္လႊတ္ေတာ္ ႏိုင္ငံတကာ ဆက္ဆံေရး ေကာ္မတီမွာ အဂၤါေန႔က ရာထူးခန္႔ထားေရးအတြက္ ၾကားနာခဲ႔ပါတယ္။ USAGM ကို ဦးေဆာင္ေရး အတြက္ VOA - အေမရိကန္ အသံရဲ႕ ၫႊန္ၾကားေရးမွဴးေဟာင္း Amanda Bennett ကို သမၼတ Biden က ၂၀၂၁ ခုႏွစ္ ႏို၀င္ဘာလက အမည္စာရင္းတင္သြင္းထားတာပါ။

သတင္းပညာဟာ သူ႔ဘ၀ ျဖစ္ပါတယ္လို႔ မစၥ Bennett က လႊတ္ေတာ္ေရးရာ ေကာ္မတီ ၾကားနာပြဲမွာ ထြက္ဆိုရာမွာ ေျပာဆိုသြားတာပါ။

USAGM အႀကီးအကဲအျဖစ္နဲ႔ မစၥ Bennett အေနနဲ႔ ႏွစ္စဥ္ အသံုးစာရိတ္ ေဒၚလာ သန္း ၈၄၀ ရွိၿပီး သတင္းအဖြဲ႔အစည္း ၆ ခုကို စီမံခန္႔ခြဲရမွာ ျဖစ္ပါတယ္။ ဒီထဲမွာ လြတ္လပ္တဲ႔ သတင္းကြန္ရက္ေတြ ျဖစ္တဲ႔ VOA၊ Radio Free Europe/Radio Liberty၊ လြတ္လပ္တဲ႔ အာရွအသံ- RFA၊ က်ဴးဘား အသံလႊင့္ရံုး၊ အေရွ႕အလယ္ပိုင္း အသံလႊင့္ ကြန္ရက္၊ နဲ႔ Open Technology Foundation တို႔ ပါ၀င္ပါတယ္။

မစၥ Bennett ဟာ VOA ၫႊန္ၾကားေရးမွဴး အျဖစ္ ၂၀၁၆ ခုႏွစ္ကေန ၂၀၂၀ ဇြန္လ အထိ တာ၀န္ယူခဲ႔တာပါ။ ပူလစ္ဇာ ဆုရွင္ ျဖစ္ၿပီး အေမရိကန္ မီဒီယာေတြမွာ ဝါရင့္ သတင္းသမား တဦးလည္း ျဖစ္ပါတယ္။ Bloomberg News ရဲ႕ အမႈေဆာင္ အယ္ဒီတာ၊ Oregonian သတင္းစာရဲ႕ စီမံခန္႔ခြဲမႈ အယ္ဒီတာ ျဖစ္ၿပီး Wall Street Journal မွာလည္း ဆယ္စုႏွစ္ ၂ခု ၾကာ သတင္းေထာက္ လုပ္ခဲ႔တာမွာ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္မွာလည္း တာ၀န္ထမ္းခဲ႔ပါတယ္။

ဒါေပမယ့္လည္း မစၥ Bennett ဟာ ဗြီအိုေအရဲ႕ တ႐ုတ္ သတင္း ထုတ္လႊင့္မႈေတြကို ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ျဖစ္လာေအာင္ ခြင့္ျပဳခဲ႔တယ္လို႔လည္း ေ၀ဖန္သူေတြက ေျပာၾကပါတယ္။ သူ႔ကို ေထာက္ခံသူေတြကေတာ့ ျပည္ပသတင္းမီဒီယာေတြမွာ အေတြ႕အၾကံဳရွိသူအျဖစ္ ရာထူးနဲ႔ထိုက္တန္ေၾကာင္း ေျပာဆိုထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

VOA ညွှန်ကြားရေးမှူးဟောင်းကို USAGM အကြီးအကဲအဖြစ် ခန့်အပ်ရေး လွှတ်တော်ကြားနာ
အမေရိကန် ကမ ္ဘာ့မီဒီယာ ဌာန USAGM အကြီးအကဲ အဖြစ် သမ္မတ Joe Biden ရွေးချယ်ထားသူ Amanda Bennett ကို အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီမှာ အင်္ဂါနေ့က ရာထူးခန့်ထားရေးအတွက် ကြားနာခဲ့ပါတယ်။ USAGM ကို ဦးဆောင်ရေး အတွက် VOA - အမေရိကန် အသံရဲ့ ညွှန်ကြားရေးမှူးဟောင်း Amanda Bennett ကို သမ္မတ Biden က ၂၀၂၁ ခုနှစ် နိုဝင်ဘာလက အမည်စာရင်းတင်သွင်းထားတာပါ။

သတင်းပညာဟာ သူ့ဘ၀ ဖြစ်ပါတယ်လို့ မစ္စ Bennett က လွှတ်တော်ရေးရာ ကော်မတီ ကြားနာပွဲမှာ ထွက်ဆိုရာမှာ ပြောဆိုသွားတာပါ။

USAGM အကြီးအကဲအဖြစ်နဲ့ မစ္စ Bennett အနေနဲ့ နှစ်စဉ် အသုံးစာရိတ် ဒေါ်လာ သန်း ၈၄၀ ရှိပြီး သတင်းအဖွဲ့အစည်း ၆ ခုကို စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ လွတ်လပ်တဲ့ သတင်းကွန်ရက်တွေ ဖြစ်တဲ့ VOA၊ Radio Free Europe/Radio Liberty၊ လွတ်လပ်တဲ့ အာရှအသံ- RFA၊ ကျူးဘား အသံလွှင့်ရုံး၊ အရှေ့အလယ်ပိုင်း အသံလွှင့် ကွန်ရက်၊ နဲ့ Open Technology Foundation တို့ ပါဝင်ပါတယ်။

မစ္စ Bennett ဟာ VOA ညွှန်ကြားရေးမှူး အဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ဇွန်လ အထိ တာဝန်ယူခဲ့တာပါ။ ပူလစ်ဇာ ဆုရှင် ဖြစ်ပြီး အမေရိကန် မီဒီယာတွေမှာ ဝါရင့် သတင်းသမား တဦးလည်း ဖြစ်ပါတယ်။ Bloomberg News ရဲ့ အမှုဆောင် အယ်ဒီတာ၊ Oregonian သတင်းစာရဲ့ စီမံခန့်ခွဲမှု အယ်ဒီတာ ဖြစ်ပြီး Wall Street Journal မှာလည်း ဆယ်စုနှစ် ၂ခု ကြာ သတင်းထောက် လုပ်ခဲ့တာမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာလည်း တာဝန်ထမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မစ္စ Bennett ဟာ ဗွီအိုအေရဲ့ တရုတ် သတင်း ထုတ်လွှင့်မှုတွေကို ပျော့ပျော့ပြောင်းပြောင်း ဖြစ်လာအောင် ခွင့်ပြုခဲ့တယ်လို့လည်း ဝေဖန်သူတွေက ပြောကြပါတယ်။

သူ့ကို ထောက်ခံသူတွေကတော့ ပြည်ပသတင်းမီဒီယာတွေမှာ အတွေ့အကြုံရှိသူအဖြစ် ရာထူးနဲ့ထိုက်တန်ကြောင်း ပြောဆိုထားကြပါတယ်။

XS
SM
MD
LG