သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ႏုိင္ငံျခားေရးဝန္ႀကီးေနရာ အစားထိုးလိုက္တဲ့သတင္း ထြက္လာ


အီရန္ႏုိင္ငံျခားေရးဝန္ႀကီးႏွင့္ ေဆြးေႏြးေနသည့္ ေျမာက္ကုိရီးယား ႏုိင္ငံျခားေရးဝန္ႀကီး Ri Yong Ho (ယာ)။ (ၾသဂုတ္ ၇၊ ၂၀၁၈)

(Zawgyi / Unicode)

ေျမာက္ကိုရီးယား ႏုိင္ငံျခားေရး၀န္ႀကီး Ri Yong Ho ရဲ႕ ရာထူးကို အစားထိုးလိုက္ေၾကာင္း ေတာင္ကိုရီးယားအေျခစိုက္ NK သတင္းက စေနေန႔မွာ ေဖာ္ျပပါတယ္။

Ri Yong Ho ရဲ႕ေနရာကို ဘယ္သူနဲ႔ အစားထိုးသလဲ ဆိုတာေတာ့ မထုတ္ျပန္ေသးပါဘူး။ ဒါေပမယ့္ ေျမာက္ကိုရီးယား အစိုးရက လာမယ့္ ဇန္န၀ါရီလ ၂၃ ရက္ ၾကာသပေတးေန႔မွာ ႏုိင္ငံျခားေရး၀န္ႀကီးသစ္ရဲ႕ နာမည္ကို ထုတ္ျပန္ဖို႔ ရွိတယ္လို႔လည္း အမည္မေဖာ္တဲ့ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး သတင္းက ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားနဲ႔ ဆက္ဆံေရးကို ႀကီးၾကပ္တဲ့ ေတာင္ကိုရီးယားရဲ႕ ျပန္လည္ေပါင္းစည္းေရး ၀န္ႀကီးဌာနကေတာ့ ေျမာက္ကိုရီးယား ႏုိင္ငံျခားေရး၀န္ႀကီး Ri ရဲ႕ ရာထူးအေျပာင္းအလဲကို သတိထား ခ်င့္ခ်ိန္ရမယ္လို႔ ေျပာဆိုထားပါတယ္။

၁၉၅၆ ခုႏွစ္မွာ ေမြးဖြားတဲ့ Ri Yong Ho ရဲ႕ ဖခင္ျဖစ္သူဟာ အာဏာရ အလုပ္သမားပါတီတြင္းက အဖြဲ႔အစည္းတခုျဖစ္တဲ့ Organization and Guidance ဌာနရဲ႕ ဒုတိယညႊန္ၾကားေရးမွဴးေဟာင္းျဖစ္ၿပီး အဲဒီအဖြဲ႔ဟာဆိုရင္ ေျမာက္ကိုရီးယားႏုိင္ငံတြင္း စီမံခန္႔ခြဲမႈဆိုင္ရာ ရာထူးခန္႔အပ္မႈကို ႀကီးၾကပ္တာ ျဖစ္တယ္လို႔လည္း ေတာင္ကိုရီးယား ျပန္လည္ေပါင္းစည္းေရး ၀န္ႀကီးဌာနက ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ Ri Yong Ho ရဲ႕ ဖခင္ျဖစ္သူက ေျမာက္ကိုရီးယား အစိုးရရဲ႕ ၀ါဒျဖန္႔ခ်ိမႈေတြကို ထုတ္တဲ့ ကိုရီးယား ဗဟိုသတင္းေအဂ်င္စီ KCNA ရဲ႕ အယ္ဒီတာလည္း ျဖစ္ပါတယ္။

ၿပံဳယမ္းၿမိဳ႕ေတာ္က ႏုိင္ငံျခားဘာသာစကား တကၠသိုလ္ကို တက္ေရာက္ခဲ့ၿပီး အဂၤလိပ္စကား ေကာင္းေကာင္းေျပာႏုိင္တဲ့ Ri Yong Ho က အေနာက္ႏုိင္ငံေတြနဲ႔ ဆက္ဆံေရးမွာ အဆင့္ျမင့္ ရာထူးေနရာေတြ ရယူခဲ့သူလည္း ျဖစ္ပါတယ္။

၂၀၀၃ ကေန ၂၀၀၇ ခုႏွစ္အထိ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ေျမာက္ကိုရီးယား သံအမတ္ႀကီးအျဖစ္ လန္ဒန္မွာ တာ၀န္ထမ္းေဆာင္ခဲ့သလို ဒုတိယ ႏုိင္ငံျခားေရး၀န္ႀကီး အျဖစ္နဲ႔ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယား အစီအစဥ္ဆိုင္ရာ ၆ ႏုိင္ငံ ေဆြးေႏြးပြဲမွာ ကိုယ္စားျပဳ တက္ေရာက္ခဲ့သူလည္း ျဖစ္ပါတယ္။

---------------------------------

(Unicode)

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနေရာ အစားထိုးလိုက်တဲ့သတင်း ထွက်လာ

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ရဲ့ ရာထူးကို အစားထိုးလိုက်ကြောင်း တောင်ကိုရီးယားအခြေစိုက် NK သတင်းက စနေနေ့မှာ ဖော်ပြပါတယ်။

Ri Yong Ho ရဲ့နေရာကို ဘယ်သူနဲ့ အစားထိုးသလဲ ဆိုတာတော့ မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် မြောက်ကိုရီးယား အစိုးရက လာမယ့် ဇန်နဝါရီလ ၂၃ ရက် ကြာသပတေးနေ့မှာ နိုင်ငံခြားရေးဝန်ကြီးသစ်ရဲ့ နာမည်ကို ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ကြီးကြပ်တဲ့ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကတော့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri ရဲ့ ရာထူးအပြောင်းအလဲကို သတိထား ချင့်ချိန်ရမယ်လို့ ပြောဆိုထားပါတယ်။

၁၉၅၆ ခုနှစ်မှာ မွေးဖွားတဲ့ Ri Yong Ho ရဲ့ ဖခင်ဖြစ်သူဟာ အာဏာရ အလုပ်သမားပါတီတွင်းက အဖွဲ့အစည်းတခုဖြစ်တဲ့ Organization and Guidance ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးဟောင်းဖြစ်ပြီး အဲဒီအဖွဲ့ဟာဆိုရင် မြောက်ကိုရီးယားနိုင်ငံတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ရာထူးခန့်အပ်မှုကို ကြီးကြပ်တာ ဖြစ်တယ်လို့လည်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် Ri Yong Ho ရဲ့ ဖခင်ဖြစ်သူက မြောက်ကိုရီးယား အစိုးရရဲ့ ဝါဒဖြန့်ချိမှုတွေကို ထုတ်တဲ့ ကိုရီးယား ဗဟိုသတင်းအေဂျင်စီ KCNA ရဲ့ အယ်ဒီတာလည်း ဖြစ်ပါတယ်။

ပြုံယမ်းမြို့တော်က နိုင်ငံခြားဘာသာစကား တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်တဲ့ Ri Yong Ho က အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အဆင့်မြင့် ရာထူးနေရာတွေ ရယူခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၃ ကနေ ၂၀၀၇ ခုနှစ်အထိ ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးအဖြစ် လန်ဒန်မှာ တာဝန်ထမ်းဆောင်ခဲ့သလို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အဖြစ်နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲမှာ ကိုယ်စားပြု တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG