သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံ

1/13
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ပထမရက်အဖြစ် တွေ့ဆုံ ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
2/13

3/13

4/13

5/13

6/13

President Trump and US Delegation with Secretary Pompeo meeting with Chairman Kim
7/13 President Trump and US Delegation with Secretary Pompeo meeting with Chairman Kim
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ပထမရက်အဖြစ် တွေ့ဆုံ ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
8/13

9/13

10/13

11/13

12/13

13/13

Previous slide
Next slide

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ပထမရက်အဖြစ် တွေ့ဆုံ ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က သမ္မတထရမ့်ပ်နဲ့ ထိပ်သီးအစည်းအဝေး အောင်မြင်မယ်လို့ မျှော်လင့်ကြောင်း ပြော ပါတယ်။ သမ္မတထရမ့်ပ်ကလည်း အလားတူမျှော်လင့်ကြောင်းပြောပြီး မြောက်ကိုရီးယားရဲ့ “ကြီးမားတဲ့” စီးပွားရေးအလားအလာ ကို ချီးကျူးပြောဆိုပါတယ်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး သိထားရသမျှ ကိုကျော်ကျော်သိန်းက စုစည်း ပြောပြပါမယ်။

သမ္မတထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ဟာ သူတို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး အစနေ့မှာပဲ အကောင်းမြင်စကားတွေကို ပြောခဲ့ကြတာပါ။

ပြီးခဲ့တဲ့နှစ် ဇွန်လက စင်္ကာပူမှာ ပထမအကြိမ် ထိပ်သီးအစည်းအဝေးအပြီး ရက်ပေါင်း ၂၆၁ ရက် အတိအကျ ကြာပြီးတဲ့နောက် အခုတကြိမ် ထပ်တွေ့ကြတာကို ကင်မ်က အလေးထားပြောပါတယ်။ အဲဒီရက်ပေါင်း ၂၆၁ ရက်အတွင်း နားလည်လွဲမှားမှုတချို့ ရှိခဲ့တဲ့အကြောင်း၊ အခြေအနေကို နားလည်မှုလွဲမှားတဲ့အမြင်နဲ့ ကြည့်သူတွေ ရှိခဲ့တဲ့အကြောင်း၊ ပြင်ပကမ္ဘာကနေလာတဲ့ ဟိုး အရင်ကာလတွေက ရန်လိုမှုတချို့ ရှိနေဆဲဖြစ်ကြောင်း Kim Jong-un ကပြောပြီး

“ဒါပေမယ့်လည်း အဲဒီအတားအဆီးတွေအားလုံးကို ကျနော်တို့ ကျော်ဖြတ်နိုင်ခဲ့ပြီး ရက်ပေါင်း ၂၆၁ ရက် ကြာပြီးတဲ့နောက် အခု ထပ်တွေ့ကြပါပြီ။ အဲဒီ ၂၆၁ ရက်ဟာ အပြင်းအထန် ကြိုးပမ်းအားထုတ်မှုနဲ့ စိတ်ရှည်သည်းခံမှု အများအပြား လိုအပ်ခဲ့တဲ့ ရက်တွေဖြစ်တယ်လို့ ကျနော် တကယ်ပဲ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီကနေ့ ဒီမှာ တယောက်နဲ့တယောက် ဘေးချင်းယှဉ်ထိုင်ပြီး ကျနော်တို့ ရောက်နေကြပါပြီ။ အဲဒီကနေ ဒီတကြိမ်မှာ ကျနော်တို့ အောင်မြင်မယ်ဆိုတဲ့ မျှော်လင့်ချက်ရစေပြီး အဲဒီလိုဖြစ်အောင် ကျနော် တကယ့်ကိုပဲ ကြိုးစားသွားမှာပါ။”

သမ္မတထရမ့်ပ်ကလည်း ပထမတကြိမ် ထိပ်သီးအစည်းအဝေးဟာ အောင်မြင်ခဲ့တယ်လို့ ခံစားရတဲ့အကြောင်းပြောပြီး အခုတကြိမ် ထိပ်သီးအစည်းအဝေးအပေါ် သူ့ရဲ့မျှော်လင့်ချက်ကိုလည်း ပြောသွားပါတယ်။

“ပထမ ထိပ်သီးအစည်းအဝေးဟာ သိပ်ကို အောင်မြင်တယ်လို့ ကျနော်ယူဆပါတယ။် အခုတကြိမ်ဟာလည်း ပထမ တကြိမ်ကနဲ့ တန်းတူ ဒါမှမဟုတ် ပိုပြီးတော့တောင်မှ အောင်မြင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ တိုးတက်မှုအများအပြား ရထားပြီး ကျနော်တို့ဆက်ဆံရေး တကယ့်ကို ကောင်းလာတာက အကြီးမားဆုံး တိုးတက်မှုလို့ ကျနော်ယူဆပါတယ်။ ကျနော် အကြိမ်များစွာ ပြောထားဖူးသလို၊ သတင်းမီဒီယာတွေကို ပြောထားဖူးသလို၊ နားထောင်ချင်သူတိုင်းကို ပြောထားဖူးသလိုပဲ အဆွေတော်ရဲ့တိုင်းပြည်မှာ ကြိးမားတဲ့ စီးပွားရေးအလားအလာ ရှိတယ်လို့ ကျနော်ယူဆပါတယ်။ မယုံကြည်နိုင်လောက်အောင် ပါ၊ အကန့်အသတ်မဲ့ပါပဲ။ အဆွေတော်အနေနဲ့လည်း တိုင်းပြည်နဲ့အတူ ကြီးမားတဲ့အနာဂတ် ရှိလာမယ်လို့ ယူဆပါတယ်။ ခေါင်းဆောင်ကြီး တဦးပါပဲ။ အဲဒီလိုဖြစ်လာတာကို ကျနော် မျှော်လင့် စောင့်ဆိုင်းနေပြီး ဖြစ်လာဖို့လည်း ကူညီသွားမှာပါ။ အဲဒီ အတွက် ကျနော်တို့ ကူညီပါ့မယ်။”

သမ္မတထရမ့်ပ်က အဲဒီလိုပြောပြီးချိန်မှာ Kim Jong-un က ကျေနပ်တဲ့အမူူအရာမျိုးနဲ့ ပြုံးလိုက်ပြီး ခေါင်းဆောင်နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပါတယ်။

အဲဒီနောက် ခေါင်းဆောင်နှစ်ယောက်ဟာ အနည်းငယ် စကားဆက်ပြောကြပြီးတဲ့နောက် သမ္မတအိမ်ဖြူတော်ရဲ့ အဆိုအားဖြင့် “လူမှုရေးသဘော ညစာစားပွဲ” ကို နှစ်ဘက် တခြားကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်ကြပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့မှာတော့ ခေါင်းဆောင်နှစ်ဦးနဲ့အတူ နှစ်ဘက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြမှာ ပါ။ ဆွေးနွေးမယ့်ကိစ္စရပ်တွေထဲမှာ နျူကလီးယားကင်းရှင်းရေးအတွက် လုပ်ငန်းလမ်းစဉ်တခု ချမှတ်ဖို့၊ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ဖြေလျှော့ပေးဖို့၊ ကိုရီးယားနှစ်နိုင်ငံအကြား စစ်ဖြစ်နေဆဲ အနေအထားကို အဆုံးသတ် ကြောင်း တရားဝင်ကြေညာချက်ထုတ်ဖို့ စတာတွေ ပါဝင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းတုန်းကတော့ သမ္မတထရမ့်ပ်ဟာ ဗီယက်နမ်သမ္မတ Nguyen Phu Trong နဲ့ တွေ့ဆုံပြီး ထိပ်သီးအစည်း အဝေးကို အိမ်ရှင်အဖြစ် လက်ခံ စီစဉ် ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်စကားပြောပါတယ်။

အဲဒီတွေ့ဆုံပွဲအတွင်းမှာပဲ အမေရိကန် Boeing ကုမ္ပဏီထုတ် လေယာဉ်အစင်းပေါင်း ၁၁၀၊ တန်ဖိုးငွေ ဒေါ်လာ ၁၅ ဘီလီယံ ကျော်ဖိုးကို ဗီယက်နမ်လေကြောင်းလိုင်းတွေဖြစ်တဲ့ VietJet နဲ့ Bamboo Airways တို့ကဝယ်ယူမယ့် သဘောတူစာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံ
please wait

No media source currently available

0:00 0:03:48 0:00
တိုက်ရိုက် လင့်ခ်

​
XS
SM
MD
LG