သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ် န ျူမဲ့ဇုံဖြစ်ရေး မြောက်ကိုရီယားခေါင်းဆောင် လိုလား


တရုတ်နိုင်ငံဘေးဂျင်းမြို့တော်ကို လျှို့ဝှက်စွာလာရောက်သွားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ကိုရီယားကျွန်းဆွယ်မှာ နူကလီယားကင်းမဲ့ရေးအတွက် ပိုင်းဖြတ်ထားသလို၊ တောင်ကိုရီယားနဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့လည်း တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်သွားမယ်လို့ အတည်ပြုပြောဆိုတဲ့အကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ Trump ကလည်း သူ့အနေနဲ့ တရုတ်သမ္မတ Xi နဲ့ စကားပြော ခဲ့ကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ Trump နဲ့ တွေ့လိုကြောင်း ပြောဆို ခဲ့ပေမယ့် လတ်တလောမှာတော့ မြောက်ကိုရီးယားအပေါ် အပြင်းထန်ဆုံး ဒဏ်ခတ် ပိတ်ဆို့မှုနဲ့ ဖိအားတွေ ဆက်ထားရမှာ ဖြစ်တဲ့အကြောင်း ဒီကနေ့မနက်ပဲ twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့ မြောက်ကိုရီယားခေါင်းဆောင်တို့ တွေ့ဆုံတဲ့ ပုံတွေနဲ့အတူ မြောက်ကိုရိယားခေါင်းဆောင် Kim နဲ့ ဇနီးဖြစ်သူ Ri Sol Ju တို့ဟာ ပြီးခဲ့တဲ့ တနင်းနွေကနေ ဗုဒ္ဓဟူးနေ့အထိ တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီယားခေါင်းဆောင်နဲ့ဇနီးကို တရုတ်သမတ Xi နဲ့ ဇနီးဖြစ်သူ Peng Liyuan တို့ကလည်း တရုတ်ပြည်သူ့ခန်းမမှာ ညစာနဲ့ တည်ခင်းဧည်ခံခဲ့ပါတယ်။

တရုတ်-မြောက်ကိုရီယားအကြား နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားဖို့ အရေးကြီးတယ်ဆိုတာကို နှစ်ဖက်ခေါင်းဆောင်တွေက ပြောဆို ခဲ့ပါတယ်။ ဒီမတိုင်ခင်လေးမှာတော့ မြောက်ကိုရီယားနိုင်ငံရဲ့ န ျူကလီယားနဲ့ ဒုံးစမ်းသပ်မှုတွေကြောင့် အိမ်နီးချင်း မဟာမိတ်နှစ်နိုင်ငံအကြား တင်းမာမှုတွေ ရှိခဲ့တာပါ။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဖက်က အပြုသဘောစိတ်စေတနာနဲ့တုံ့ပြန်နေသရွှေ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေသရွေ့ မြောက်ကိုရီယားဖက် ကလည်း န ျူကလီယားကင်းမဲ့ရေးကိစ္စကို ညှိုနှိုင်းဖြေရှင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ် လို့ မြောက်ကိုရီယားခေါင်းဆောင်က တရုတ်သမ္မတကို ပြောခဲ့ပါတယ်။

မြောက်ကိုရီယားအစိုးရသတင်းထုတ်ပြန်ချက်မှာတော့ သူတို့ခေါင်းဆောင် တရုတ်ပြည်သွားတယ်ဆိုတာကို ဖော်ပြပေမယ့် အခုလို ကတိကဝတ်စကားတွေတော့ ဖော်ပြခြင်းမရှိပါဘူး။ အခုလို မြောက်ကိုရီယားခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပေါ် တရုတ်သမ္မတ Xi က အမေရိကန်သမ္မတ Trump ကို အင်္ဂါနေ့က အသိပေးပြော ဆိုခဲ့ပါတယ်။ သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်ဖက်က အမြင့်ဆုံးဖိအားတွေပေးနိုင်တာကြောင့် မြောက်ကိုရီယားနဲ့တွေ့ဆုံဆွေးနွေးဖို့ အခြေအနေတွေ ဖြစ်လာတာလို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG