သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ငါးဖမ်းသမား ၃ဦး ဂျပန်ရဲဖမ်းဆီး


မြောက်ကိုရီးယား ငါးဖမ်းလှေတစင်း
မြောက်ကိုရီးယား ငါးဖမ်းလှေတစင်း

လူမနေတဲ့ ဂျပန်ကျွန်းတခုပေါ်က တဲတလုံးမှာရှိတဲ့ လျှပ်စစ်ဂျန်နရေတာကို ခိုးယူမှုဆိုတဲ့ စွပ်စွဲချက်နဲ့ မြောက်ကိုရီးယားနိုင်ငံသား ငါးဖမ်းသမား ၃ ဦးကို ဂျပန်ရဲက စနေနေ့မှာ ဖမ်းဆီးလိုက်ကြောင်း ဂျပန်အစိုးရပိုင် NHK သတင်းဌာနက ကြေညာပါတယ်။ ဒါဟာ မြောက်ကိုရီးယား ငါးဖမ်းလှေတွေ ဂျပန်ကမ်းခြေကို မကြာခနဆိုသလို ရောက်လာတတ်တဲ့ ဖြစ်ရပ်တွေထဲက နောက်ဆုံးတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဟော့ကိုင်းဒိုးကျွန်းနားမှာ ဆိုက်ထားတဲ့ အဲဒီလှေပေါ်မှာ လှေထိုးသား ၁၀ဦး ပါပြီး ၊ သူတို့ထဲက အများစုက သူတို့ဟာ ကျွန်းပေါ် တဲတလုံးထဲက လျှပ်စစ်ပစ္စည်းတွေကို ကောက်ယူ ခဲ့တယ်လို့ ထွက်ဆိုကြောင်း NHK သတင်းဌာနက ဆိုပါတယ်။ သူတို့ထဲက ၃ ဦးကိုတော့ ဂျပန်ရဲက ဖမ်းထားလိုက်ြ်ပီး ကျန်သူတွေကိုတော့ ဂျပန်လဝက အချုပ်စခန်းကို ပို့မယ်လို့ ပြောပါတယ်။

ဂျပန်ကို မျောလာတဲ့ မြောက်ကိုရီးယား ငါးဖမ်းလှေတွေဟာ တချို့လဲ ဘေးဒုက္ခကြုံလို့ ဆိုပြီး ရောက်လာသလို ၊ တချို့လဲ ဒီတိုင်းမျောလာ တတ်ပြီး၊ တချို့ လှေတွေမှာတော့ လူသေအလောင်းတွေ တင်ပြီး ပါလာတာမျိုးလဲ ရှိပါတယ်။ ဒါတွေဟာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကြောင့် တင်းမာမှုတွေ ရှိနေချိန်အတွင်း မြောက်ကိုရီးယား သူလျှိုတွေက ဂျပန်ထဲကို ခိုးဝင်ဖို့ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် စိုးရိမ်နေ ကြတာပါ။ ဂျပန်နိုင်ငံပေါ် ဖြတ်ကျော်ပြီး မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှု ၂ကြိမ် လုပ်ခဲ့ပါတယ်။

သစ်သားကိုယ်ထည်နဲ့ မြောက်ကိုရီးယား ငါးဖမ်းလှေတွေဟာ မြောက်ကိုရီးယား သူလျှိုတွေက ငါးဖမ်းသမားအဖြစ် ဟန်ဆောင် လိုက်ပါပြီး သွားလာလေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG