သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး ICC တင်ဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

မြောက်ကိုရီးယားအစိုးရဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် ဆိုးရွားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ထားတဲ့အတွက် The Hague မြို့အခြေစိုက် နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC မှာ တရားစွဲ စစ်ဆေးဖို့ နိုင်ငံတကာ ကျွမ်းကျင်သူ အစုတစုက တောင်းဆိုနေပါတယ်။

ကျွမ်းကျင်သူတွေက သူတို့ရဲ့အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဒီကနေ့ တင်သွင်းလိုက်တာပါ။ မြောက်ကိုရီး ယားလူထုအပေါ် ကျယ်ပြန့်ပြီး အစီအစဉ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်သွားဖို့ မြောက်ကိုရီးယားအစိုးရက ဘာမှမလုပ်ဘူးလို့ အစီရင်ခံစာမှာပြောထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဆိုးရွားတဲ့ဖြစ်ရပ်တွေကို မှတ်တမ်းပြုစု ထားတဲ့ အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က ထုတ်ပြန်ခဲ့ပေမဲ့လဲ အခြေအနေ တိုးတက်အောင် ဘာမှမလုပ်ဘူးလို့ ဝေဖန်ထားတာပါ။

လူ့အခွင့်အရေး ချိုးဖောက်တာကနေ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဆင့်ထိဖြစ်စေတဲ့ ချိုးဖောက်မှုတွေအပေါ် ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ DPRK ရဲ့ တာဝန်ခံမှုဆိုင်ရာကိစ္စတွေကို စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပေါ် အခြေခံ ပြုစုခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို အရေးယူဖို့ကိစ္စဟာ အစိုးရကိုယ်တိုင်ရဲ့ အဓိကတာဝန်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့နိုင်ငံက ဥပဒေရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ Sara Hossain က လူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။

မြောက်ကိုရီယားအရေး ICC တင်ဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG