သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရဲ့ နောက်ဆုံးစမ်းသပ် ဒုံးကျည် ဂျပန်ပိုင်နက်ထဲကျ


မြောက်ကိုရီးယားက တနင်္လာနေ့ မနက်အစောပိုင်းက တိုင်းပြည်အရှေ့ဘက် ကမ်းခြေကနေ နောက်ထပ် ပဲ့ထိန်းတပ် ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။

ဒီ စမ်းသပ် ပစ်လွတ်မှုကို အရှေ့ဘက်ကမ်းခြေ Wonsan မြို့ကနေ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက် အရာရှိတွေက ပြောတာကို ကိုးကားပြီး တောင်ကိုရီးယားက Yonhap သတင်းဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံက ကျိုဒို သတင်းဌာနနဲ့ အမေရိကန် ပစိဖိတ်ဒေသ ကွပ်ကဲရေးဌာနတို့ကလည်း ဒီ စမ်းသပ် ပစ်လွှတ်မှုကို အတည်ပြု ပြောဆိုပါတယ်။

အခု ပစ်လွတ်လိုက်တဲ့ အရာဟာ ဒုံးကျည် ဟုတ်မဟုတ်ဆိုတာကိုတော့ Yonhap သတင်းဌာနကရော တောင်ကိုရီးယား စစ်တပ်ကပါ ခိုင်ခိုင်မာမာ အတည်ပြုခြင်း မပြုသေးပါဘူး။ ဒါပေမယ့် ဂျပန်ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ အဲဒီ အရာဝတ္ထုဟာ ဘယ်လို အမျိုးအစားပဲ ဖြစ်ဖြစ် ပျက်ဆီးမှု မရှိခဲ့ဘူးလို့ ဂျပန်နိုင်ငံက ပြောပါတယ်။

ဒါဟာ သီတင်းပတ် တပတ်အတွင်း မြောက်ကိုရီးယားက ဒုတိယအကြိမ်မြောက် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးတင်ဆောင်ပြီး အမေရိကားတိုက်ကို ရောက်နိုင်တဲ့ ဒုံးကျည်ကို စမ်းသပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ရည်မှန်းပြည့်မှီရေးအတွက် ဘယ်လောက်အထိ ခရီးရောက်နေပြီလဲဆိုတာကို သိရှိဖို့ အင်မတန် ခက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG