သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ မြောက်ကိုးရီယားအဆင့်မြင့်ကိုယ်စားလှယ်များ ထပ်တွေ့ဆုံမည်


Kim Yong Chol နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
Kim Yong Chol နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညာလက်ရုံးဖြစ်သူ Kim Yong Chol နဲ့ နယူးယောက်မြို့မှာ ဒီနေ့ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ ရှေ့လထဲ ထိပ်သီးတွေ့ဆုံနိုင်မယ့် အလားအလာနဲ့ ပတ်သက်လို့ မနေ့တုန်းက အလုပ်သဘော ညစာစားရင်း ကောင်းကောင်းမွန်မွန် ဆွေးနွေးဖြစ်ခဲ့ကြောင်းလည်း ဝန်ကြီး Pompeo က ပြောဆိုထားတာပါ။

၂ နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ရေး သံတမန်ရေးအရ ဆက်လက် ကြိုးပမ်းနေချိန်မှာပဲ မနေ့ညက အဆင့်မြင့် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။

အိမ်ဖြူတော် ပြောခွင့်ရသူ Sarah Huckabee Sanders ကတော့ ထိပ်သီး တွေ့ဆုံမှုတွေ ဖြစ်မြောက်ရေး ဆက်လက်ကြိုးပမ်းနေပြီး၊ တွေ့ဆုံဖို့လည်း အမေရိကန်ဘက်က အသင့်ရှိနေတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

တောင်-မြောက် ကိုရီးယား ၂ နိုင်ငံကြားက စစ်မဲ့ဖုန်ဒေသမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေ တွေ့ဆုံမှုဟာလည်း အပေါင်းလက္ခဏာဆောင်ပြီး၊ ဆက်လက် ဆွေးနွေးသွားဖို့ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ စစ်မဲ့ဇုန်ဒေသက Panmunjom ကျေးရွာနဲ့ ထိပ်သီးတွေ့ဆုံဖို့ စီစဉ်ထားတဲ့ စင်္ကာပူနိုင်ငံမှာလည်း တာဝန်ရှိသူတွေကြား ဆက်လက်ဆွေးနွေးနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG