[Zawgyi/Unicode]
အေမရိကန္အေျခစိုက္ Novavax ေဆးကုမၸဏီက တီထြင္ေနတဲ့ ေဆးကို ၿဗိတိန္ႏိုင္ငံမွာ ေလ့လာစမ္းသပ္တာ အေစာပိုင္းရလဒ္ေတြအရ ၈၉% ထိေရာက္ပံုရတယ္လို႔ Novavax ကုမၸဏီကေျပာပါတယ္။
ၿဗိတိန္နဲ႔ ေတာင္အာဖရိကႏိုင္ငံတုိ႔မွာ ကူးစက္ေနတဲ့ ဗီဇေျပာင္း ကိုဗစ္ပိုးသစ္ကို Novavax ကိုဗစ္ေဆးက ကာကြယ္ႏိုင္ေပမဲ့ ၈၉% အထိေတာ့ မထိေရာက္ဘူးလို႔ ေျပာပါတယ္။ ပုိၿပီးကူးစက္လြယ္၊ ပိုၿပီး ေရာဂါျပင္းထန္ပံုရတဲ့ ဗီဇေျပာင္း ကိုဗစ္ပိုးသစ္ေတြအေပၚ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ထိုးေပးေနၾကတဲ့ ကိုဗစ္ကာကြယ္ေဆးေတြက ထိထိေရာက္ေရာက္ ကာကြယ္ႏုိင္ပါ့မလားဆိုတဲ့ စိုးရိမ္မႈေတြ ႐ွိေနခ်ိန္မွာ Novavax က သူတုိ႔ေဆးအေၾကာင္း ၾကာသပေတးေန႔က ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
ၿဗိတိန္ႏိုင္ငံမွာ Novavax ကိုဗစ္ေဆး အသံုးျပဳခြင့္ မေလ ွ်ာက္ထားခင္ စမ္းသပ္မႈဆိုင္ရာ ေနာက္ထပ္အခ်က္အလက္ေတြ လိုအပ္ေနေသးတယ္လို႔ ကုမၸဏီက ေျပာပါတယ္။
Novavax ကိုဗစ္ ကာကြယ္ေဆးကို ၿဗိတိန္မွာ လူေပါင္း ၁၅,၀၀၀ နဲ႔ စမ္းသပ္ေနဆဲျဖစ္ပါတယ္။ စမ္းသပ္မႈဆိုင္ရာ ကနဦးသံုးသပ္ခ်က္အရ မူလ ကိုဗစ္ေရာဂါပိုးကုိ Novavax ကိုဗစ္ ကာကြယ္ေဆးက ၉၀% နီးပါး ကာကြယ္ႏိုင္ၿပီး ၿဗိတိန္မွာ ေတ႔ြရတဲ့ ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးသစ္ကို ၈၆% ကာကြယ္ႏိုင္တာ ေတ႔ြရတယ္လို႔ ေျပာပါတယ္။
[Unicode Version]
Novavax ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုမြင့်မားကြောင်း ကုမ္ပဏီထုတ်ပြန်
အမေရိကန်အခြေစိုက် Novavax ဆေးကုမ္ပဏီက တီထွင်နေတဲ့ ဆေးကို ဗြိတိန်နိုင်ငံမှာ လေ့လာစမ်းသပ်တာ အစောပိုင်းရလဒ်တွေအရ ၈၉% ထိရောက်ပုံရတယ်လို့ Novavax ကုမ္ပဏီကပြောပါတယ်။
ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတို့မှာ ကူးစက်နေတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ကို Novavax ကိုဗစ်ဆေးက ကာကွယ်နိုင်ပေမဲ့ ၈၉% အထိတော့ မထိရောက်ဘူးလို့ ပြောပါတယ်။ ပိုပြီးကူးစက်လွယ်၊ ပိုပြီး ရောဂါပြင်းထန်ပုံရတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေအပေါ် နိုင်ငံတော်တော်များများမှာ ထိုးပေးနေကြတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေချိန်မှာ Novavax က သူတို့ဆေးအကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ Novavax ကိုဗစ်ဆေး အသုံးပြုခွင့် မလေ ျှာက်ထားခင် စမ်းသပ်မှုဆိုင်ရာ နောက်ထပ်အချက်အလက်တွေ လိုအပ်နေသေးတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
Novavax ကိုဗစ် ကာကွယ်ဆေးကို ဗြိတိန်မှာ လူပေါင်း ၁၅,၀၀၀ နဲ့ စမ်းသပ်နေဆဲဖြစ်ပါတယ်။ စမ်းသပ်မှုဆိုင်ရာ ကနဦးသုံးသပ်ချက်အရ မူလ ကိုဗစ်ရောဂါပိုးကို Novavax ကိုဗစ် ကာကွယ်ဆေးက ၉၀% နီးပါး ကာကွယ်နိုင်ပြီး ဗြိတိန်မှာ တေ့ွရတဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ်ကို ၈၆% ကာကွယ်နိုင်တာ တေ့ွရတယ်လို့ ပြောပါတယ်။