သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာကျောင်းသားတွေ ကော်လိုရာဒိုပြည်နယ်မှာ ပညာသင်ဖို့ စိတ်ဝင်စားလာ 


Colorado State University
Colorado State University

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ဒေသ ကော်လိုရာဒိုပြည်နယ်ဟာ နိုင်ငံတကာ ကျောင်းသားအများအပြား လာရောက် ပညာသင်တဲ့ပြည်နယ်ခုဖြစ်ပါတယ်။ Fort Collins မှာရှိတဲ့ ပြည်နယ်တက္ကသိုလ်ဟာ ကော်လိုရာဒိုပြည်နယ်ရဲ့ အကြီးဆုံးတက္ကသိုလ်တခုဖြစ်ပါတယ်။ ဘာကြောင့် ဒီပြည်နယ်မှာနိုင်ငံတကာကျောင်းသားအများအပြားလာရောက်ပညာသင်ဖို့ စိတ်ဝင်စားကြတာပါလဲ။ Svitlana Prystynska ကလေ့လာတင်ပြထားတာကို-ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ပနားမားနိုင်ငံက Dustin Moreno ကတော့ အမေရိကန်ပညာရေးဟာ သူ့နိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍရဲ့ပြဿနတချို့ကို ဖြေရှင်းရာမှာအထောက်အကူဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။

"မဟာသိပ္ပံဘွဲ့အတွက် အမေရိကားမှာလာရောက်ပညာသင်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးရေးသိပ္ပံကဏ္ဍမှာ အမေရိကန်တက္ကသိုလ်တွေက အကောင်းဆုံးဖြတ်တဲ့အတွက်ပါ။ နောက်တခုကတော့ အင်္ဂလိပ်စာကြောင့်ပါ၊ အင်္ဂလိပ်စာ အင်္ဂလိပ်စကားဟာ အများသုံးဖြစ်ပြီး နေရာတိုင်းမှာသုံးပါတယ်။”

ကျောင်းဝင်ခွင့်ကိစ္စတွေဆောင်ရွက်ရာမှာ အခက်အခဲရှိမလားဆိုပြီး Moreno တယောက်စိတ်ပူခဲ့ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကအင်္ဂလိပ်စာကို ၂ ပတ်သင်ကြားပေးတယ်လို့ သူကပြောပါတယ်။ ဒါဟာ နိုင်ငံတကာ ကျောင်းသားတွေ အတွက်ကျောင်းစမတက်ခင်ကြိုတင်သင်ကြားပေးတာပါ။

Moreno က ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်မှာ ပေါင်းပင်တွေနဲ့ပတ်သက်တဲ့ ပညာရပ်ကိုသင်ယူပါတယ်။ သူရရှိလာတဲ့ ပညာတွေနဲ့ ပနားမားစိုက်ပျိုးရေးကဏ္ဍကပြဿနာတချို့ကိုဖြေရှင်းရာမှာ အသုံးချဖို့စီစဉ်ထားပါတယ်။ ပနားမားဟာ မြေသြဇာအရည်အသွေး သိပ်မမြင့်မားလှပါဘူး။ ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းတဲ့ကာလတွေရှိတဲ့အပြင် တောင်တန်းတွေဟာ စိုက်ပျိုးနိုင်တဲ့ သီးနှံအမျိုးအစားတွေကို အကန့်အသတ်ဖြစ်စေပါတယ်။ ဒါတွေဟာလည်း ပြဿရပ်တွေထဲမှာ ပါဝင်တယ်လို့သူကဆိုပါတယ်။

“ပနားမားမှာ ပေါင်းပင်တွေနဲ့ပတ်သက်ပြီး စီမံကိုင်တွယ်မှုကပြဿနာကြီးတခုဖြစ်နေတာကို သတိထားမိပါတယ်။ ဒီကဏ္ဍမှာ လုပ်ကိုင်နေသူလည်း သိပ်မရှိပါဘူး။ ဒါကြောင့် ဒီဘာသာရပ်ကိုသင်ယူတာပါ။ ကော်လိုရာဒိုပြည်နယ် တက္ကသိုလ် CSU ဟာ အမေရိကန်ပြည်ထောင်စုမှာ ပေါင်းပင်ဘာသာရပ်နဲ့ပတ်သက်ပြီး အကောင်းဆုံးသင်ကြားမှု အစီစဉ်တွေရှိပါတယ်။ ကျနော့်ရဲ့ မဟာသိပ္ပံဘွဲ့ဟာပြီးတော့မှာပါ၊ ပြီးရင်ကျနော် ပနားမားပြန်ပြီး အဲဒိမှာနေမှာပါ။”

အင်္ဂလိပ်စာတွက်အဓိကထားပြီး အမေရိကန်ပြည်ထောင်စုနဲ့အခြားနေရာတချို့မှာ ကျောင်းသားတွေအလုပ်ကိုင်ရရှိနိုင်ဖို့ ကိုတက္ကသိုလ်ကအကူအညီပေးပါတယ်။

ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်က နိုင်ငံတကာအစီအစဉ်ရဲ့ အကြီးတန်းနည်းပြတဦးဖြစ်တဲ့ Laurel Bond ကအခု လိုရှင်းပြပါတယ်။

“ဒီလိုပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာသင်ကြားပို့ချခွင့်ရတာဟာ ကျမဘဝအတွက်တော့ထူးခြားတဲ့ အခွင့်အရေး ကြီးတရပ်ပါပဲ။ ကျမရဲ့ကျောင်းသားတွေအတွက် ပိုပြီးအဆင့်မြင့်တဲ့ စီးပွားရေး၊ သိပ္ပံ၊ ပညာရှင်ပိုင်း စတဲ့နယ်ပယ်တွေ အတွက်လမ်းတွေပွင့်သွားစေပါတယ်။ တကယ်လို့ အင်္ဂလိပ်စာကို စနစ်တကျမတတ်မြောက်ဘူး ဆိုရင်တော့ကြီးမားတဲ့ အခက်အခဲကြီးတရပ်ဖြစ်ပေါ်စေမှာပါ။”

နိုင်ငံတကာကျောင်းသားတွေကိုထောက်အကူဖြစ်စေတဲ့ နေ့စဉ်သုံးအင်္ဂလိပ်စာနဲ့ အဆင့်မြင့်ဘာသာရပ်ဆိုင်ရာ အင်္ဂလိပ်စာသင်ကြားပို့ချရေးအစီစဉ်ဖြစ်တဲ့ PLACE ရဲ့ ညွန်ကြားရေးမှူး Lauran Kinter ကတော့ အခုလိုပြောပါတယ်။

“ဒီအစီအစဉ်ဟာ ကျောင်းသားတွေကို အင်္ဂလိပ်စာတိုးတက်ဖို့တင်အထောက်အကူဖြစ်တာမဟုတ်ပါဘူး၊ ပညာဆက် လက်သင်ကြားနိုင်ဖို့နဲ့ ယဉ်ကျေးမှုတွေကိုနားလည်ဖို့အတွက်လည်းအထောက်အကူဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားတွေအနေနဲ့ အင်္ဂလိပ်စာသင်ယူတယ်ဆိုတာဟာ ပညာသင်ဖို့ဆိုတာထက်ပိုပါတယ်။ ကျောင်းသားတွေဟာ CSU တက္ကသိုလ်ရဲ့ လူမှုအသိုင်းဝိုင်းနဲ့ Fort Collins လူမှုအသိုင်းအဝိုင်းထဲကိုပါ အပြည့်အဝရောနှောပါဝင်လာနိုင်ဖို့အထိ ဖြစ်ပါတယ်။”

အမေရိကားမှာပညာလာသင်တာဟာ သူ့အတွက်ကိုယ့်ကိုယ်ယုံကြည်မှုတွေကိုလည်းတိုးစေတယ်လို့ Moreno ကပြောပါတယ်။

“ရှေ့ဆက်လျှောက်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်ပါ၊ ခက်ခဲတဲ့ခရီးမျိုးဆိုတာသိပါတယ်။ ငါတော့လုပ်နိုင်ပါ့မလားဆိုတာမျိုး ခံစားရတတ်ပါတယ်။ ဒါပေမယ့် သေချာပါတယ်၊ ခင်ဗျား လုပ်နိုင်ပါတယ်။”

၂၀၂၃ ခုနှစ်စာသင်နှစ်အတွင်း ကော်လိုရာဒိုတက္ကသိုလ်မှာ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံတကာကျောင်းသားတွေ လာရောက်ပညာသင်ကြားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG