သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေးမြို့နယ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်၊ ထိခိုက်ကျဆုံးမှုတွေရှိ


NUG ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့လက်နက်များ
NUG ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့လက်နက်များ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းနဲ့ရေးတံတားကြီးအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမူ့များပြီးလက်နက်ခဲယမ်းတွေပါသိမ်းဆည်းရမိခဲ့ကြောင်း၊ ဒီတိုက်ပွဲဟာရေးမြို့နယ်အတွင်းအကြီးမားဆုံးတိုက်ပွဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရNUG စစ်ဒေသ၂ စစ်ကြောင်း ၃က ဦးဆောင်ပြီ ဒေသခံ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက် တယ်လို့ဆိုပါတယ်၊ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၆ နာရီအချိန်ကစပြီး ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို NUG ရဲ့ ဒေါနစစ်ကြောင်း၊ ABSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြောက်ကြားအဖွဲ့ (YGF)တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရတာတွေများတယ်လို့ ဒီတိုက်ပွဲကို ဦးဆောင်မှု မှာပါဝင်ခဲ့တဲ့ ABSDF တပ်ရင်း ၁ ကတပ်ရင်းမှုး ရဲဘော် သိန်းလွင်ကပြောပါတယ်။

"ကျနော်ရေးတံတား တိုက်ပွဲမှာတော့ ရန်သူ(စ.က.စ)ဘက်က ၂၀ကျော်လောက်ကျတယ်၊ရေးတံတားကြီး တိုက်ပွဲမှာတော့ အဲဒီမှာကျနော်တို့ဘက်က တယောက်ကတော့ လက်နက်ကြီး ထိမှန်ဒဏ်ရာရတယ်၊ခ.လ.ရ ၁၀၆.နဲ့ ခ.လ.ရ ၂၇၉ က ကျနော်တို့ကိုအပြန်မှာ ခြုံခိုတိုက်ခိုက်ကြတယ်။ ပြန်လာတဲ့စစ်ကြောင်း ကိုပေါ့။ တိုက်ပွဲက ၃နာရီလောက်ကြာတယ်၊ ဝဲပေါင်နဲ့ ကျုံလောင်းကျေးရွာကြားမှာ ရန်သူနေရာယူပြီး ခြုံခိုတိုက်တယ်။ ကျနော်တို့က ရန်သူကိုထိုစစ်ဆင်ပြီး ပြန်တိုက်တယ်။ကျနော်တို့ဘက်ကချေမှုန်းနိုင်တယ်။ ရန်သူအလောင်း (၇)လောင်းရတယ်၊ ဗုံးသီးတွေ အာပီဂျေဗုံးသီး ၆၀ မမ၊ အသီးတွေကော အမြောက်တွေ ကော လက်နက်တွေ ၁၃လက် နဲ့တခြားခဲယမ်းတွေကိုလည်းကျနော်တို့ရရှိပါတယ်။ ရေးမြို့နယ်အခွင်မှာ အကြီးဆုံးတိုက်ပွဲပေါ့။ အချိန်လည်းယူရတယ်။ အချိန် ၂နာရီခွဲ ၃နာရီကြာထိ တိုက်ရတဲ့ပွဲပေါ့။ ဒဏ်ရာ ဒဏ်ချက်လည်း နှစ်ဖက်အများကြီးရကြတယ်"

ရေးတံတားတိုက်ပွဲ၊ ကျုံလောင်းရွာနဲ့ ဝဲပေါင်ကျေးရွာကြား မှာတိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ဒေါနစစ် ကြောင်းက ကြေငြာတာကတော့ စစ်ကောင်စီဘက်က အင်အား(၄၀)လောက်ကျဆုံးသလို ပူးပေါင်းတပ်ဖွဲ့ တွေဘက်ကလည်း ၁၀ ဦးကျော်ဒဏ်ရာတွေရခဲ့တယ်လို့ဆိုပါတယ်။ ဒီထဲမှာတော့ စိုးရိမ်ရတဲ့ ဒဏ်ရာ ပြင်းထန်သူ၂ဦးပါတယ်လို့ ဆိုပါတယ်။ ပူးပေါင်းတပ်ဖွဲ့ တွေအပြန်မှာ စစ်ကောင်စီတပ်တွေက ခြုံခိုတိုက် ချိန်နှစ်ဖက်တိုက်ပွဲ တွေပြင်းထန်ခဲ့တယ်လို့လည်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ကဗိုလ်မှုး အထူးက လည်းအခုလိုပြောပါတယ်။

"ကျနော်တို့က စစ်ဒေသ စစ်ကြောင်း၃ရဲ့ အမိန့်အောက်မှာ သွားတယ်။ အဲဒါကတော့ NUG ရဲ့ ဒေါနစစ်ကြောင်းကော။ ပြီးတော့ ABSDF ပါတယ်။ ပြီးတော့ ကျနော် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အဲဒီက ရေးပြောက်ကြားအဖွဲ့ ( YGF)ပါတယ်၊ အဲဒါတွေကအားလုံးက NUGစစ်ဒေသ၂ စစ်ကြောင်း ၃ပေါ့ ။ ရန်သူကလည်းတပ်တွေစုပြီးတိုက်တယ်။ ကျနော်တို့ဘက်မှာ အထိအခိုက်အကျဆုံးတော့ နည်းတယ်။ အဲဒီမှာကျနော်တို့က စုပေါင်းအင်အားနဲ့ရန်သူကို အင်အား အလုံးအရင်း နဲ့တိုက်နိုင်ခဲ့တယ်"

နှစ်ဖက်တိုက်ပွဲ နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ကျုံလောင်းရွာသစ်နေ ဒေသခံအမျိုးသားတစ်ဦးဟာ နေအိမ်ထဲမှာနေစဉ်မှာပဲ လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ရသလို နောက်ထပ်ရွာသားအမျိုးသားတစ်ဦးလည်း လက်မောင်းကျည် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါဟာ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ ကြီးမားပြီး ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပြီးဒါဟာ ပူးပေါင်းတပ်ဖွဲ့တွေ အင်အားများများနဲ့ လာရောက်တာကိုရေးမြို့နယ်အတွင်းမှာ ပထမဦးဆုံးမြင်ရတာဖြစ်ကြောင်း ဒေသခံတွေကတော့ ပြောဆိုကြပါတယ်။အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ရေးမြို့နယ်၊ စံပြကျေးရွာ ထဲမှာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် သေဆုံးတာတွေ ရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG