သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံဆိုင္ရာ NUG သံအမတ္ႀကီး ဦးဘိုလွတင့္ ရာထူးကႏုတ္ထြက္


(Zawgyi / Unicode)

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ရဲ႔ အာဆီယံဆုိင္ရာ သံအမတ္ႀကီး ဦးဘုိလွတင့္ဟာ သူရဲ႔ကုိယ္ေရးကုိယ္တာ အခက္အခဲေၾကာင့္ တာ၀န္က ႏုတ္ထြက္လုိက္ပါတယ္။

သူ႔နဲ႔အတူ လုပ္ငန္းတခုကုိ ပူးတဲြလုပ္ကုိင္သူမွာ က်န္းမာေရး ဆုတ္ယုတ္သြားတဲ့ အတြက္ေၾကာင့္၊ သူ႔အေနနဲ႔ တာ၀န္ယူ တုန္႔ျပန္ေဆာင္ရြက္ေပးရမယ့္ အေျခအေန ႀကဳံႀကိဳက္လာတဲ့ အတြက္ တာ၀န္မွ အနားယူခဲ့ရတာျဖစ္ေၾကာင္း ၾသဂုတ္လ ၁ ရက္ေန႔က သူ႔ရဲ႔ Facebook စာမ်က္ႏွာမွာ ေဖၚျပထားပါတယ္။

NUG အစိုးရရဲ႔ ႏုိင္ငံျခားေရး၀န္ႀကီး၊ ဒုႏုိင္ငံျခားေရး၀န္ႀကီးနဲ႔ အတြင္း၀န္တုိ႔ထံကုိလည္း တင္ျပ ႏုတ္ထြက္ခြင့္ ေတာင္းခဲ့ၿပီး၊ ေခါင္းေဆာင္မ်ားမွလည္း စာနာနားလည္းစြာ ခြင့္ျပဳခဲ့တယ္လုိ႔ ဦးဘုိလွတင့္က သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

၂၀၂၁ ခုႏွစ္ ေအာက္တုိဘာလ၂၄ ရက္ တာ၀န္စတင္ေပးအပ္ခံရသည့္ အခ်ိန္မွစၿပီး၊ အဘက္ ဘက္မွ ကူညီပ့ံပုိးခဲ့သူ အားလုံးကုိ ေက်းဇူးတင္ေၾကာင္းနဲ႔ သူ႔အေနနဲ႔ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းတဲ့အထိ တတ္စြမ္းသမွ် ဆက္ပါ၀င္သြားမွာျဖစ္ေၾကာင္း ဦးဘုိလွတင့္ကေျပာဆုိ ထားပါတယ္။

ျမန္မာ့အေရး လႊမ္းမိုးေနတဲ့ အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီး အစည္းအေ၀းပဲြေတြ ကေမာၻဒီးယားႏိ္ုင္ငံမွာ က်င္းပေနခ်ိန္မွာပဲ အခုလို ႏုတ္ထြက္သြားတာပါ။ ဦးဘုိလွတင့္ဟာ ၁၉၉၀ ေရြးေကာက္ပဲြအႏုိင္ရ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္လြတ္ ေတာ္ကုိယ္စားလွယ္ေဟာင္းတဦးျဖစ္ၿပီး၊ ေဒါက္တာစိန္၀င္း ဦးေဆာင္ခဲ့တဲ့ NCGUB အေ၀းေရာက္အမ်ိဳးသားညြန္႔ေပါင္းအစုိးရမွာ၀န္ႀကီးအဆင့္နဲ႔တာ၀န္ထမ္းေဆာင္ခဲ့ဖူး သူျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)


အာဆီယံဆိုင်ရာ NUG သံအမတ်ကြီး ဦးဘိုလှတင့် ရာထူးကနုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ဟာ သူရဲ့ကိုယ်ရေးကိုယ်တာ အခက်အခဲကြောင့် တာဝန်က နုတ်ထွက်လိုက်ပါတယ်။
သူ့နဲ့အတူ လုပ်ငန်းတခုကို ပူးတွဲလုပ်ကိုင်သူမှာ ကျန်းမာရေး ဆုတ်ယုတ်သွားတဲ့ အတွက်ကြောင့်၊ သူ့အနေနဲ့ တာဝန်ယူ တုန့်ပြန်ဆောင်ရွက်ပေးရမယ့် အခြေအနေ ကြုံကြိုက်လာတဲ့ အတွက် တာဝန်မှ အနားယူခဲ့ရတာဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့က သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ အတွင်းဝန်တို့ထံကိုလည်း တင်ပြ နုတ်ထွက်ခွင့် တောင်းခဲ့ပြီး၊ ခေါင်းဆောင်များမှလည်း စာနာနားလည်းစွာ ခွင့်ပြုခဲ့တယ်လို့ ဦးဘိုလှတင့်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ၂၄ ရက် တာဝန်စတင်ပေးအပ်ခံရသည့် အချိန်မှစပြီး၊ အဘက် ဘက်မှ ကူညီပံ့ပိုးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ သူ့အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ တတ်စွမ်းသမျှ ဆက်ပါဝင်သွားမှာဖြစ်ကြောင်း ဦးဘိုလှတင့်ကပြောဆို ထားပါတယ်။
မြန်မာ့အရေး လွှမ်းမိုးနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပွဲတွေ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေချိန်မှာပဲ အခုလို နုတ်ထွက်သွားတာပါ။
ဦးဘိုလှတင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ် တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်ပြီး၊ ဒေါက်တာစိန်ဝင်းဦးဆောင်ခဲ့တဲ့ NCGUB အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရမှာဝန်ကြီးအဆင့်နဲ့တာဝန်ထမ်းဆောင်ခဲ့ဖူး သူဖြစ်ပါတယ်။

XS
SM
MD
LG