သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံယာဉ်တန်း ရှမ်းပြည်မှာ တိုက်ခိုက်ခံရမှု NUG ရှုတ်ချ


မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံသံရုံး တို့မှ ကိုယ်စားလှယ်များ လိုက်ပါလာသည့် တိုက်ခိုက်ခံရသည့်ယာဉ် (မေ ၈၊ ၂၀၂၃)
မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံသံရုံး တို့မှ ကိုယ်စားလှယ်များ လိုက်ပါလာသည့် တိုက်ခိုက်ခံရသည့်ယာဉ် (မေ ၈၊ ၂၀၂၃)

အာဆီယံလူသားချင်းစာနာကူညီမှုညှိုနှိုင်းဆောင်ရွက်ရေးဌာန AHA Center ရဲ့ ယာဉ်တန်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ပစ်ခတ်ခံခဲ့ရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ တိုက်ခိုက်မှုဟာ NUG ရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်နေပြီး၊ NUG နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက အမိန့်ပေး စေခိုင်းတာမရှိကြောင်းလည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ငြင်းဆန်ထားတာပါ။ တိုက်ခိုက်မှုဟာ စစ်ကောင်စီ ထိန်းချုပ်ရာနေရာမှာ ဖြစ်ပွားခဲ့ပြီး အခြေအနေတွေ ရှုတ်ထွေးနေကြောင်းလည်း ဖော်ပြပါတယ်။ စစ်ကောင်စီကတော့ တိုက်ခိုက်မှုဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း ချက်ခြင်းဆိုသလို စွပ်စွဲခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးအတွက် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာ့အရေး အပါအဝင် ဒေသတွင်း ပြဿနာတွေကိုဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ တနင်္ဂနွေနေ့က တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Rights Watch ကတော့ နိုင်ငံရေး သဘောထား ကွဲပြားမှုတွေနဲ့ ပဋိပက္ခတွေ ကြီးထွားနေချိန်မှာ စာနာမှုအကူအညီပေးရေး လုပ်မယ့်အစား စစ်ကောင်စီကို ဖိအားပေးဖို့ အာရုံစိုက်သင့်တယ်လို့ တိုက်တွန်းခဲ့တာပါ။ မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ စစ်ကောင်စီ အနေနဲ့ အာဆီယံကို လျစ်လျူရှုထားမယ်ဆိုရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရမယ်ဆိုတာကို သတင်းစကား ပါးသင့်ကြောင်းလည်း HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

အာဆီယံယာဉ်တန်း ပစ်ခတ်ခံရမှုသတင်းအပေါ်မှာ အထူးစိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မနေ့တုန်းကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှုကို မျက်ကွယ်ပြုတာတွေကြောင့် မြေပြင်မှာ မတည်ငြိမ်မှုတွေ တိုးလာချိန်မှာပဲ အခုဖြစ်ရပ်နဲ့ ကြုံခဲ့ရတာလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ဆိုခွင့်ရှိသူ Matthew Miller ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG