သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုမႈ အထိမ္းအမွတ္ NUG က်င္းပ


ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က အြန္လုိင္းကက်င္းပတဲ့ ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း ၇၅ ႏွစ္ေျမာက္ အခမ္းအနား တက္ေရာက္သူအခ်ဳိ႕။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂။ ပုံ - Screenshot from NUG Facebook)

(Zawgyi / Unicode)

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း ၇၅ ႏွစ္ေျမာက္ အခမ္းအနားတခုကို ဒီကေန႔ အြန္လိုင္းမွာ က်င္းပပါတယ္။

ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ကို ျပည္ေထာင္စုေန႔အျဖစ္ သတ္မွတ္ခဲ့ၿပီး ႏွစ္စဥ္ က်င္းပလာတာကေန ဒီႏွစ္မွာေတာ့ စစ္ေကာင္စီက ျပည္ေထာင္စုေန႔ အခမ္းအနား က်င္းပၿပီး NUG ကေတာ့ ပင္လုံစာခ်ဳပ္ ၇၅ ႏွစ္ေျမာက္ အခမ္းအနားဆိုၿပီး က်င္းပတာပါ။

ဒီအခမ္းအနားကို ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးဂမ္ေရွာင္လည္း တက္ေရာက္ မိန႔္ခြန္းေျပာခဲ့ပါတယ္။ KIA အဖြဲ႔ဟာ စစ္ေကာင္စီက က်င္းပတဲ့ ျပည္ေထာင္စုေန႔ အခမ္းအနားကို မတက္ပါဘူး။

ဗိုလ္ခ်ဳပ္ႀကီးဂမ္ေရွာင္က သူ႔ရဲ႕မိန႔္ခြန္းထဲမွာ အခု စစ္ေကာင္စီက ဖမ္းထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တိုင္းရင္းသားလူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC) ေခါင္းေဆာင္ငါးဦးနဲ႔ ေတြ႔ဆုံခဲ့ခ်ိန္တုန္းက ပင္လုံစာခ်ဳပ္နဲ႔ ပတ္သက္ၿပီး ေျပာခဲ့တာကို ျပန္ထည့္ေျပာသြားပါတယ္။

၂၀၁၆ ခုႏွစ္ ဇူလုိင္ ၁၇ ရက္ေန႔မွာ UNFC ထိပ္တန္းေခါင္းေဆာင္ ငါးဦးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႔တဲ့အခ်ိန္က "ပင္လံုသေဘာတူညီခ်က္ဟာ ေယဘုယ် သေဘာတူညီခ်က္ ဆန္ပါတယ္။ တိတိက်က်ရယ္လို႔ေတာ့ မဟုတ္ဘူး။ ရွမ္း၊ ကခ်င္၊ ခ်င္း၊ ဗမာပဲပါတယ္။ ပင္လံုစာခ်ဳပ္က က်ဥ္းလြန္းတယ္။ ပင္လံုစိတ္ဓာတ္လို႔ေျပာတာ ပူးေပါင္းဆက္ဆံေရးပဲ ျဖစ္တဲ့အတြက္ ပင္လံုစိတ္ဓာတ္ပဲ ယူရမယ္ဆိုၿပီး ေပါ့ေပါ့တန္တန္ ေျပာဆိုခဲ့တာကို စိတ္မေကာင္းစြာ ၾကားသိခဲ့ရပါတယ္" လို႔ ဗိုလ္ခ်ဳပ္ႀကီးဂမ္ေရွာင္က ေျပာပါတယ္။

အဲဒီေနာက္မွာ ၂၁ ရာစု ပင္လံုညီလာခံကို က်င္းပခဲ့ၿပီး ဒါဟာ ပင္လံုစာခ်ဳပ္၊ ပင္လံုကတိကဝတ္ရဲ႕ အႏွစ္သာရကို ပ်က္ျပယ္ေစမယ့္ ႏုိင္ငံေရးအခင္းအက်င္း ျဖစ္တယ္လုိ႔ မွတ္ယူႏုိင္တဲ့အေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးဂမ္ေရွာင္က ေျပာပါတယ္။ အခုေတာ့ ၂၁ ရာစုပင္လုံညီလာခံ အစည္းအေဝးကလည္း တခန္းရပ္သြားၿပီလို႔ ေျပာႏုိင္တဲ့အေၾကာင္း၊ ဒီေန႔အခမ္းအနားမွာ တက္ေရာက္ေနတဲ့ ေခါင္းေဆာင္ေတြ အေနနဲ႔လည္း ၂၁ ရာစု ပင္လုံညီလာခံ အစည္းအေဝးအေပၚမွာ ျပတ္သားတဲ့ သေဘာထားရွိဖို႔ လိုအပ္မွာျဖစ္တယ္လုိ႔ ဗိုလ္ခ်ဳပ္ႀကီးဂမ္ေရွာင္က တိုက္တြန္းသြားပါတယ္။

NUG ရဲ႕ ယာယီသမၼတ ဒူဝါလရွီးလက တန္းတူညီမွ်မႈရွိတဲ့ စစ္မွန္တဲ့ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေထာင္ႏိုင္ဖို႔ ကတိျပဳခဲ့ၿပီး အစိုးရအဆက္ဆက္က တိုင္းရင္းသားေတြရဲ႕ တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြကို ေဖာ္ေဆာင္ေပးဖို႔ ပ်က္ကြက္ခဲ့ၿပီးေတာ့ စစ္မွန္တဲ့ ျပည္ေထာင္စုေန႔ကို က်င္းပျပဳလုပ္ႏိုင္ခဲ့ျခင္း မရွိဘူးလို႔လည္း ေျပာခဲ့ပါတယ္။

NUG က ႀကီးမွဴးက်င္းပတဲ့ ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုျခင္း ၇၅ ႏွစ္ေျမာက္ အခမ္းအနားကို အေမရိကန္၊ ယူေက၊ ျပင္သစ္၊ ဂ်ာမနီ၊ ျမန္မာႏုိင္ငံဆိုင္ရာ ဥေရာပသမဂၢ (EU) ကိုယ္စားလွယ္အဖြဲ႔၊ ဂ်ပန္၊ ကေနဒါ၊ ေနာ္ေဝ၊ ဆြီဒင္၊ ဒိန္းမတ္၊ အိုင္ယာလန္ စတဲ့ႏိုင္ငံေတြ အပါအဝင္ ႏုိင္ငံေပါင္း ၂၄ ႏုိင္ငံက သံတမန္ကိုယ္စားလွယ္ေတြ တက္ေရာက္ၿပီးေတာ့ အဲဒီထဲမွာ သံုးႏိုင္ငံက သဝဏ္လႊာေပးပို႔ခဲ့တယ္လို႔ အခမ္းအနားအတြင္းမွာ ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ပင်လုံစာချုပ် ချုပ်ဆိုမှု အထိမ်းအမှတ် NUG ကျင်းပ

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားတခုကို ဒီကနေ့ အွန်လိုင်းမှာ ကျင်းပပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် ကျင်းပလာတာကနေ ဒီနှစ်မှာတော့ စစ်ကောင်စီက ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြီး NUG ကတော့ ပင်လုံစာချုပ် ၇၅ နှစ်မြောက် အခမ်းအနားဆိုပြီး ကျင်းပတာပါ။

ဒီအခမ်းအနားကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်လည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။ KIA အဖွဲ့ဟာ စစ်ကောင်စီက ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို မတက်ပါဘူး။

ဗိုလ်ချုပ်ကြီးဂမ်ရှောင်က သူ့ရဲ့မိန့်ခွန်းထဲမှာ အခု စစ်ကောင်စီက ဖမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်ငါးဦးနဲ့ တွေ့ဆုံခဲ့ချိန်တုန်းက ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာကို ပြန်ထည့်ပြောသွားပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ UNFC ထိပ်တန်းခေါင်းဆောင် ငါးဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့တဲ့အချိန်က "ပင်လုံသဘောတူညီချက်ဟာ ယေဘုယျ သဘောတူညီချက် ဆန်ပါတယ်။ တိတိကျကျရယ်လို့တော့ မဟုတ်ဘူး။ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာပဲပါတယ်။ ပင်လုံစာချုပ်က ကျဉ်းလွန်းတယ်။ ပင်လုံစိတ်ဓာတ်လို့ပြောတာ ပူးပေါင်းဆက်ဆံရေးပဲ ဖြစ်တဲ့အတွက် ပင်လုံစိတ်ဓာတ်ပဲ ယူရမယ်ဆိုပြီး ပေါ့ပေါ့တန်တန် ပြောဆိုခဲ့တာကို စိတ်မကောင်းစွာ ကြားသိခဲ့ရပါတယ်" လို့ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ပြောပါတယ်။

အဲဒီနောက်မှာ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး ဒါဟာ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ရဲ့ အနှစ်သာရကို ပျက်ပြယ်စေမယ့် နိုင်ငံရေးအခင်းအကျင်း ဖြစ်တယ်လို့ မှတ်ယူနိုင်တဲ့အကြောင်း ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ပြောပါတယ်။ အခုတော့ ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးကလည်း တခန်းရပ်သွားပြီလို့ ပြောနိုင်တဲ့အကြောင်း၊ ဒီနေ့အခမ်းအနားမှာ တက်ရောက်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးအပေါ်မှာ ပြတ်သားတဲ့ သဘောထားရှိဖို့ လိုအပ်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က တိုက်တွန်းသွားပါတယ်။

NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက တန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ဖို့ ကတိပြုခဲ့ပြီး အစိုးရအဆက်ဆက်က တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို ဖော်ဆောင်ပေးဖို့ ပျက်ကွက်ခဲ့ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုနေ့ကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

NUG က ကြီးမှူးကျင်းပတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားကို အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်အဖွဲ့၊ ဂျပန်၊ ကနေဒါ၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ အိုင်ယာလန် စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံက သံတမန်ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ အဲဒီထဲမှာ သုံးနိုင်ငံက သဝဏ်လွှာပေးပို့ခဲ့တယ်လို့ အခမ်းအနားအတွင်းမှာ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG