သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယူးေယာက္က IT ပညာရွင္တဦးရဲ႕ COVID-19 အေရး လုပ္ငန္းအေတြ႔အၾကံဳ


နယူးေယာက္ၿမိဳ႕ Presbyterian Hospital ေဆးရံုက IT-Security အင္ဂ်င္နီယာ ကိုမိုက္ကယ္လ္ေက်ာ္သူ (သတင္းဓာတ္ပံု - Michael Thu's Facebook)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါကို ရင္ဆိုင္ၾကတာမွာ နည္းပညာနဲ႔ ပစၥည္းကိရိယာပိုင္း အေတာ္ေလးျပည့္စံုတဲ့ ႏုိင္ငံေတြမွာ ေတာင္ အခက္အခဲေတြ႔ၾကရပါတယ္။ ဒီထဲမွာမွ ေဆးမွတ္တမ္း၊ လူနာေတြရဲ႕ကိုယ္ေရးမွတ္တမ္းေတြကို ဟက္ကာေတြက အြန္လိုင္းကေန ခိုးယူဖို႔ ႀကိဳးစားတာေတြလည္းရွိတယ္လို႔ နယူးေယာက္ၿမိဳ႕က ေဆး႐ံုတခုမွာ တာဝန္ ထမ္းေဆာင္ေနတဲ့ သတင္းနည္းပညာရပ္ လံုျခံဳေရးဆိုင္ရာျမန္မာ-အေမရိကန္ အင္ဂ်င္နီယာ တဦးျဖစ္သူ ကိုမိုက္ကယ္လ္ေက်ာ္သူက ဗီြအိုေအကို ေျပာပါတယ္။

ဒီအေျခအေနေတြကို သူကိုယ္တိုင္နဲ႔ သူ႔လုပ္ေဖာ္ကိုင္ဘက္ေတြ ဘယ္လို ရင္ဆိုင္ လုပ္ေဆာင္ၾကရတယ္ဆိုတာ မဆုမြန္က ဆက္သြယ္ေမးျမန္းတဲ့အခါ သူက အခုလို စရွင္းျပပါတယ္။

ကိုမိုက္ကယ္လ္။ ။ က်ေနာ္က Presbyterian Hospital ေဆးရံုမွာ Security Engineer ပိုင္းကို တာဝန္ယူေပးေနတာပါ။ က်ေနာ္တို႔ေဆး႐ံုက Columbia တကၠသိုလ္နဲ႔ Cornell တကၠသိုလ္ရဲ႕ Medical Center ျဖစ္တဲ့အတြက္ ဆရာဝန္ေတြေရာ ေဆးဘက္ဆိုင္ရာပစၥည္းေတြေရာ၊ နည္းပညာပိုင္းေရာ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ ဒါေပမဲ့လို႔ တကယ္တမ္း ဒီျပႆနာျဖစ္လာတဲ့အခ်ိန္မွာေတာ့ ဒီေလာက္ျဖစ္လာလိိမ့္မယ္လို႔လည္း မွန္းထားတာ မရွိေတာ့ က်ေနာ္တို႔မွာလည္း ေတာ္ေတာ္အခက္အခဲေတြျဖစ္ရပါတယ္။ ဒီလိုအေျခအေနမ်ိဳးျဖစ္ေနတာကို အသံုးခ်ၿပီးေတာ့ Medical record ေဆးမွတ္တမ္းေတြ Patient Data လူနာေတြရဲ႕ကိုယ္ေရးမွတ္တမ္းေတြကို ရေအာင္ ဟက္ကာေတြဘက္က လာၿပီးခိုးယူတာမ်ိဳး အေနအထားလည္းရွိေတာ့ က်ေနာ္တို႔ တာဝန္ယူရတဲ့အပိုင္းမွာ အလုပ္ေတြပိုမ်ား တာဝန္ ပိုၾကီးလာေတြရွိပါတယ္။

နယူးေယာက္ၿမိဳ႕ Presbyterian Hospital ေဆးရံုက IT-Security အင္ဂ်င္နီယာ ကိုမိုက္ကယ္လ္ေက်ာ္သူ (သတင္းဓာတ္ပံု - Michael Thu's Facebook)
နယူးေယာက္ၿမိဳ႕ Presbyterian Hospital ေဆးရံုက IT-Security အင္ဂ်င္နီယာ ကိုမိုက္ကယ္လ္ေက်ာ္သူ (သတင္းဓာတ္ပံု - Michael Thu's Facebook)

ေနာက္တခုက အခု ေရွ႕တန္းမွာ ဦးေဆာင္ၿပီး လုပ္ေနၾကရတဲ့ တာဝန္ယူကုသေပးေနရတဲ့ ဆရာဝန္ေတြ နပ္စ္သူနာျပဳေတြကလည္း အခ်ိန္ရွည္လုပ္လာရတာေတြ ရွိေတာ့ ပင္ပန္းတာေတြရွိလာတယ္။ က်ေနာ္တို႔ရဲ႕Corporate office ကလူေတြ Head office ကလူေတြ အကုန္လံုး က Volunteer ပါေပးၾကတယ္။ Volunteer ဘယ္လိုကူၾကလဲဆိုရင္ Onsite ေဆးရံုေတြ ကို က်ေနာ္တို႔ေတြ Schedule အခ်ိန္ေတြခြဲၿပီး လုပ္ေပးတယ္။ က်ေနာ္တို႔က ဥပမာ ဆရာဝန္ေတြ နပ္စ္ေတြက လူနာကို ၾကည့္ေနခ်ိန္မွာ လုပ္ငန္းခြင္ပိုအဆင္ေျပေအာင္ Computer on Wheels လို႔ေခၚတာေပါ့ေနာ္ Workstation on wheel အေနနဲ႔ cartေတြနဲ႔ ေနာက္ကေနလိုက္ၿပီးေတာ့ Data entry လုပ္ေပးတာေတြ လုပ္ေပးတယ္။ ေနာက္ စာရင္းမွတ္ေပး Patient ကိုေပးတဲ့ ေဆးမွတ္တမ္းေတြRecord လုပ္ေပးတယ္။ မူလက နပ္စ္က လုပ္ေပးတာမ်ိဳးေပမဲ့ က်ေနာ္တို႔ေတြ အကုန္က်န္းမာေရးစစ္ေဆးၿပီး ကိုယ္တုိင္ကို site ေတြထဲအထိသြားၿပီး Volunteer လုပ္ေပးတာေတြရွိပါတယ္။ ေဆးရံုမွာက ထင္ထားတာထက္ ေလာေလာဆယ္အေျခအေနကဆို လူနာေတြက မွန္းထားတာကို ပိုမ်ားလာေနတဲ့အတြက္ တခ်ိဳ႕အေရးမၾကီးတဲ့လူနာေတြဆို ေနအိမ္ေတြမွာပဲ ျပန္ေနခိုင္းၿပီး ေဆးကုသမႈခံဖို႔ ညႊန္ၾကားခ်က္ေတြလည္း ရွိပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ ဒီအေျခအေနကို အဓိက ေမးတာကေတာ့ COVID-19 က က်မတို႔ျမန္မာျပည္မွာ ေက့စ္နံပတ္တစ္ကေနစၿပီးေတာ့ အခုဆို အေယာက္၂၀ အထိကူးစက္ခံေနရၿပီေပါ့ေနာ္။ အဲ့ေတာ့ အမ်ားျပည္သူဘက္က လူနာပိုးေတြ႔ရွိမႈ ေနာက္ဆံုးအေျခအေနေတြကို က်န္းမာေရးနဲ႔ အားကစားဝန္ၾကီးဌာနကေန ေစာင့္ၿပီးေတာ့မွ နားေထာင္ေနၾကရတယ္ ညဥ့္နက္တဲ့အထိကိုေပါ့ေနာ္။ သတင္းမီဒီယာေတြအပါေပါ့ေနာ္ အဲ့ဒီ့အခ်ိန္မွာ သတင္းထုတ္ျပန္ႏုိင္မႈေတြ လူနာေတြရဲ႕ကိုယ္ေရးမွတ္တမ္းေတြအေပၚ ထုတ္ျပန္ႏုိင္မႈေတြမွာ အားနည္းခ်က္ေတြရွိေနတာေတြကို ေတြ႔ရတယ္။ အေမရိကန္မွာဆိုရင္ သက္ဆုိင္ရာျပည္နယ္ အာဏာပိုင္ေတြ ၿမိဳ႕ေတာ္ဝန္ေတြကအစ သတင္းစာရွင္းလင္းပြဲေတြလုပ္ၿပီး အခ်ိန္နဲ႔တေျပးညီသတင္းထုတ္ျပန္ႏုိင္မႈေတြ လုပ္တယ္။ အဲ့ေတာ့ လက္ရွိကိုမိုက္ကယ္လ္ေတြ သတင္းျပဳစုတာ မွတ္တမ္းေတြလုပ္ေနတဲ့ အေနအထားအေတြ႔အၾကံဳနဲ႔ယွဥ္ၿပီးေတာ့ ျမန္မာျပည္ရဲ႕သတင္းထုတ္ျပန္ႏိုင္မႈအေပၚ ဘယ္လိုအၾကံျပဳႏုိင္တာရွိပါသလဲရွင့္။

ကိုမိုက္ကယ္လ္။ ။ က်ေနာ္တို႔ နယူးေယာက္မွာဆိုရင္ တကယ္တမ္းျဖစ္လာၿပီဆိုေတာ့ နယူးေယာက္ၿမိဳ႕ေတာ္ေရာ ျပည္နယ္အစိုးရေရာ မႏုိင္ေတာ့တဲ့အခါ ဗဟိုအစိုးရရဲ႕ အကူအညီေတြ လိုအပ္လာတာေတြ ရွိတယ္။ အခုဆိုရင္ စစ္တပ္ရဲ႕အင္အား စစ္တပ္ရဲ႕အကူညီေတြကို ယူရတာကို ရွိလာပါတယ္။ အေမရိကန္ရဲ႕စစ္တပ္ကေနၾကည္းတပ္ကဆို လူနာ ၃,၀၀၀ ဆန္႔တဲ့ေဆး႐ံုလာဖြင့္ေပးတာ ရွိတယ္။ ေရတပ္ကေန ကုတင္ ၁,၀၀၀ ဆန္႔တဲ့သေဘၤာလာေပးတယ္။ လက္ရွိျမန္မာျပည္ရဲ႕အေနအထားကက်ေတာ့ တကယ္အရမ္းၾကီး Active center မျဖစ္ေသးဘူးဆိုေတာ့ အခုအခ်ိန္မွာ ျဖစ္ႏိုင္မယ္ဆိုရင္ အစိုးရရယ္ ျပည္သူရယ္ တပ္မေတာ္ရယ္ ဘာအစြဲေတြမွ မထားဘဲ ျပည္သူကို မ်က္ႏွာကိုပဲၾကည့္ၿပီး အေရးေပၚျပင္ဆင္သင့္ပါတယ္။ ေနာက္တခုက အစိုးရကိုခ်ည္းပဲလည္း ေဝဖန္မေနဘဲ ဒီလိုအခ်ိန္မွာ အျငင္းမပြားၾကဖို႔ အေကာင္းဆံုး ပူးေပါင္းေဆာင္ရြက္ၾကဖို႔ အေရးၾကီးပါတယ္။ အဓိကကေတာ့ ကိုယ္တတ္ႏုိင္တာေတြေပါ့ ဥပမာ က်ေနာ္တို႔နယူးေယာက္မွာ ဆိုရင္ Volunteer အမ်ားၾကီးထြက္လာတယ္။ ဝိုင္းလုပ္ၾကတယ္။ ဒီလိုအေျခအေနမွာေတာ့ တေယာက္နဲ႔တေယာက္ အမုန္းပြားမယ့္စကားေတြ၊ အျငင္းပြားမယ့္စကားေတြ မေျပာၾကဘဲနဲ႔ ကိုယ္ဘာလုပ္ႏိုင္လဲ၊ ကိုယ္ဘာတတ္ႏုိင္လဲဆိုတာကို ဝိုင္းလုပ္ၾကဖို႔ အခ်ိန္က်ေနပါၿပီ။ တတ္ႏုိင္သေလာက္ ဝိုင္းကူေပးၾကဖို႔ ေျပာခ်င္ပါတယ္။

နယူးေယာက္ၿမိဳ႕ Presbyterian Hospital ေဆးရံုက IT-Security အင္ဂ်င္နီယာ ကိုမိုက္ကယ္လ္ေက်ာ္သူ (သတင္းဓာတ္ပံု - Michael Thu's Facebook)
နယူးေယာက္ၿမိဳ႕ Presbyterian Hospital ေဆးရံုက IT-Security အင္ဂ်င္နီယာ ကိုမိုက္ကယ္လ္ေက်ာ္သူ (သတင္းဓာတ္ပံု - Michael Thu's Facebook)

မဆုမြန္။ ။ ဟုတ္ကဲ့။ ကိုမိုက္ကယ္လ္ကလည္း အခုနယူးေယာက္မွာ ရွိေနတယ္။ နယူးေယာက္ကဆိုရင္လည္း အခုအေမရိကန္ျပည္ေထာင္စု တခုလံုးမွာ ကူးစက္မႈ ေသဆံုးမႈအေျခအေနက တျခားျပည္နယ္ေတြထက္စာရင္ အေျခအေနဆိုးတယ္လို႔ေျပာလို႔ရပါတယ္။ ဒီလိုအေျခအေန အေနအထား ကိုဗစ္ကာလမွာေပါ့ေနာ္ ေန႔စဥ္လူေနမႈပံုစံေျပာင္းသြားတာေတြ လုပ္ငန္းခြင္ လုပ္ကိုင္ေဆာင္ရြက္မႈေျပာင္းလဲသြားတဲ့အေနအထားကိုလည္း ေျပာျပေပးပါဦး။ အေမရိကန္ေရာက္ျမန္မာေတြ ဒီအေျခအေနကို ေတြ႔ၾကံဳေနရသလို ျမန္မာျပည္ဆိုလည္း အခုဆို အေယာက္၂၀ ျဖစ္သြားၿပီ ျမန္မာျပည္သူေတြလည္း ၾကံဳလာရေနတဲ့အေပၚ ဘယ္လိုအၾကံညဏ္ မွ်ေဝခ်င္တာရွိပါလဲ။

ကိုမိုက္ကယ္လ္။ ။ အခုက်ေနာ္တို႔ေနတဲ့ နယူးေယာက္ ဆိုရင္ အဆိုးဝါးဆံုး ေသဆံုးတာေရာ ေရာဂါျပန္႔့႔ပြားမႈေရာ အမ်ားဆံုးျဖစ္ေနတယ္။ ဒီလိုအေျခအေနမွာေတာ့ အေကာင္းဆံုးျပင္ဆင္ထားၿပီး အတတ္ႏုိင္ဆံုး ေနပါတယ္။ သတင္းဆိုးေတြကို နားေထာင္ၿပီး စိုးရိမ္မႈေတြျမင့္လာတာနဲ႔ ပတ္သက္တဲ့ anxiety disorder ေနာက္ဆက္တြဲဆိုးက်ိဳးေတြပါျဖစ္လာႏိုင္ပါတယ္။ ဒီလိုမျဖစ္လာႏုိင္ေအာင္ မိသားစုထဲမွာလည္း ရင္ေသြးေလးရွိေတာ့ ဒါကို သတိထားၿပီးေနတယ္။ COVID-19 က ဒီကာလမွာ အလုပ္ေတြ လူေနမႈပံုစံအေျပာင္းအလဲေတြ ေၾကာင့္ ဒီလိုမလိုလားအပ္တဲ့ စိတ္ပိုင္းဆုိင္ရာေတြပါ မျဖစ္လာေအာင္ အထူးသတိထားၿပိီးေနသင့္ပါတယ္။ အဲ့ဒီ့ထဲကမွ အေကာင္းေတြးႏုိင္တာက အရင္ကဆို မိသားစုကို အခ်ိန္မေပးႏုိင္ၾကဘူး ကေလးေတြက ေက်ာင္း က်ေနာ္တို႔ေတြက အလုပ္ေတြပဲသြားေနေတာ့ အခုလို အိမ္မွာပဲ ေနၾကရတဲ့အခ်ိန္ မိသားစုနဲ႔ ကစားတာမ်ိဳး အခ်ိန္ပိုေပးႏုိင္တယ္။ အိမ္မွာပဲ ေနတာမ်ားလာရင္ ေသြးလည္ပတ္မႈ မရွိဘူးဆိုရင္ မနက္-ည ပံုမွန္ေလ့က်င့္ခန္းလုပ္ေပးတယ္။

အဓိက အေရးၾကီးဆံုးကေတာ့ အိမ္ထဲမွာပါ အိမ္အျပင္လံုးဝ မထြက္ပါနဲ႔။ ေနာက္ ကိုယ္ေလ့လာသင္ယူနုိင္တဲ့ သင္တန္းမ်ိဳးေတြရွိမယ္။ ျမန္မာျပည္မွာဆိုလည္း ေလ့လာခြင့္ရတယ္လို႔ပဲ သေဘာထားၿပီး ဟင္းခ်က္နည္း သင္တန္းမ်ိဳး၊ ဘာသာစကားသင္တန္းမ်ိဳး၊ ခ်ဳပ္လုပ္သင္တန္းေတြမ်ိဳးလို ငါအခ်ိန္ရတုန္း တခုခုကို ေလ့လာထားလိုက္မယ္ဆိုတဲ့ စိတ္မ်ိဳးနဲ႔ သင္ယူေနမယ္ဆိုရင္ ငါ အိမ္ထဲ ပိတ္မိေနပါလားဆိုတဲ့ အေတြးအျမင္မရွိေတာ့ပါဘူး။ အတတ္နုိင္ဆံုး အျပင္မထြက္ၾကဘူးဆိုရင္ ဒီေရာဂါဆိုးၾကီး ပ်ံ႕ႏွ႔ံမႈက နည္းသြားႏုိင္သလို တဘက္ကေန အခုေရွ႕တန္းကေန လုပ္ေနရတဲ့ သူနာျပဳေတြ ဆရာဝန္ေတြကို ကူညီရာေရာက္ပါတယ္။ ျဖစ္ႏိုင္ရင္ အိမ္ထဲမွာပါေန anxiety စိတ္ဖိစီးမႈေတြ မျဖစ္ေအာင္ ကိုယ္ဝါသနာပါတာတခုခုကို ေလ့လာေနၾကပါလို႔ အၾကံျပဳခ်င္ပါတယ္။

နယူးေယာက္ၿမိဳ႕ေတာ္ Presbyterian Hospital ေဆးရံုမွာ IT-Security Engineer နည္းပညာပိုင္းဆိုင္ရာလံုျခံဳေရးအင္ဂ်င္နီယာအျဖစ္ တာဝန္ယူလုပ္ကိုင္ေနတဲ့ ကိုမိုက္ကယ္လ္ေက်ာ္သူကို ဆက္သြယ္ေမးျမန္းခဲ့တာပါရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နယူးယောက်က IT ပညာရှင်တဦးရဲ့ COVID-19 အရေး လုပ်ငန်းအတွေ့အကြုံ

COVID-19 ကပ်ရောဂါကို ရင်ဆိုင်ကြတာမှာ နည်းပညာနဲ့ ပစ္စည်းကိရိယာပိုင်း အတော်လေးပြည့်စုံတဲ့ နိုင်ငံတွေမှာ တောင် အခက်အခဲတွေ့ကြရပါတယ်။ ဒီထဲမှာမှ ဆေးမှတ်တမ်း၊ လူနာတွေရဲ့ကိုယ်ရေးမှတ်တမ်းတွေကို ဟက်ကာတွေက အွန်လိုင်းကနေ ခိုးယူဖို့ ကြိုးစားတာတွေလည်းရှိတယ်လို့ နယူးယောက်မြို့က ဆေးရုံတခုမှာ တာဝန် ထမ်းဆောင်နေတဲ့ သတင်းနည်းပညာရပ် လုံခြုံရေးဆိုင်ရာမြန်မာ-အမေရိကန် အင်ဂျင်နီယာ တဦးဖြစ်သူ ကိုမိုက်ကယ်လ်ကျော်သူက ဗွီအိုအေကို ပြောပါတယ်။

ဒီအခြေအနေတွေကို သူကိုယ်တိုင်နဲ့ သူ့လုပ်ဖော်ကိုင်ဘက်တွေ ဘယ်လို ရင်ဆိုင် လုပ်ဆောင်ကြရတယ်ဆိုတာ မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စရှင်းပြပါတယ်။

ကိုမိုက်ကယ်လ်။ ။ကျနော်က Presbyterian Hospital ဆေးရုံမှာ Security Engineer ပိုင်းကို တာဝန်ယူပေးနေတာပါ။ ကျနော်တို့ဆေးရုံက Columbia တက္ကသိုလ်နဲ့ Cornell တက္ကသိုလ်ရဲ့ Medical Center ဖြစ်တဲ့အတွက် ဆရာဝန်တွေရော ဆေးဘက်ဆိုင်ရာပစ္စည်းတွေရော၊ နည်းပညာပိုင်းရော တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့လို့ တကယ်တမ်း ဒီပြဿနာဖြစ်လာတဲ့အချိန်မှာတော့ ဒီလောက်ဖြစ်လာလိမ့်မယ်လို့လည်း မှန်းထားတာ မရှိတော့ ကျနော်တို့မှာလည်း တော်တော်အခက်အခဲတွေဖြစ်ရပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေတာကို အသုံးချပြီးတော့ Medical record ဆေးမှတ်တမ်းတွေ Patient Data လူနာတွေရဲ့ကိုယ်ရေးမှတ်တမ်းတွေကို ရအောင် ဟက်ကာတွေဘက်က လာပြီးခိုးယူတာမျိုး အနေအထားလည်းရှိတော့ ကျနော်တို့ တာဝန်ယူရတဲ့အပိုင်းမှာ အလုပ်တွေပိုများ တာဝန် ပိုကြီးလာတွေရှိပါတယ်။

နောက်တခုက အခု ရှေ့တန်းမှာ ဦးဆောင်ပြီး လုပ်နေကြရတဲ့ တာဝန်ယူကုသပေးနေရတဲ့ ဆရာဝန်တွေ နပ်စ်သူနာပြုတွေကလည်း အချိန်ရှည်လုပ်လာရတာတွေ ရှိတော့ ပင်ပန်းတာတွေရှိလာတယ်။ ကျနော်တို့ရဲ့Corporate office ကလူတွေ Head office ကလူတွေ အကုန်လုံး က Volunteer ပါပေးကြတယ်။ Volunteer ဘယ်လိုကူကြလဲဆိုရင် Onsite ဆေးရုံတွေ ကို ကျနော်တို့တွေ Schedule အချိန်တွေခွဲပြီး လုပ်ပေးတယ်။ ကျနော်တို့က ဥပမာ ဆရာဝန်တွေ နပ်စ်တွေက လူနာကို ကြည့်နေချိန်မှာ လုပ်ငန်းခွင်ပိုအဆင်ပြေအောင် Computer on Wheels လို့ခေါ်တာပေါ့နော် Workstation on wheel အနေနဲ့ cartတွေနဲ့ နောက်ကနေလိုက်ပြီးတော့ Data entry လုပ်ပေးတာတွေ လုပ်ပေးတယ်။ နောက် စာရင်းမှတ်ပေး Patient ကိုပေးတဲ့ ဆေးမှတ်တမ်းတွေRecord လုပ်ပေးတယ်။ မူလက နပ်စ်က လုပ်ပေးတာမျိုးပေမဲ့ ကျနော်တို့တွေ အကုန်ကျန်းမာရေးစစ်ဆေးပြီး ကိုယ်တိုင်ကို site တွေထဲအထိသွားပြီး Volunteer လုပ်ပေးတာတွေရှိပါတယ်။ ဆေးရုံမှာက ထင်ထားတာထက် လောလောဆယ်အခြေအနေကဆို လူနာတွေက မှန်းထားတာကို ပိုများလာနေတဲ့အတွက် တချို့အရေးမကြီးတဲ့လူနာတွေဆို နေအိမ်တွေမှာပဲ ပြန်နေခိုင်းပြီး ဆေးကုသမှုခံဖို့ ညွှန်ကြားချက်တွေလည်း ရှိပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဒီအခြေအနေကို အဓိက မေးတာကတော့ COVID-19 က ကျမတို့မြန်မာပြည်မှာ ကေ့စ်နံပတ်တစ်ကနေစပြီးတော့ အခုဆို အယောက်၂၀ အထိကူးစက်ခံနေရပြီပေါ့နော်။ အဲ့တော့ အများပြည်သူဘက်က လူနာပိုးတွေ့ရှိမှု နောက်ဆုံးအခြေအနေတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ စောင့်ပြီးတော့မှ နားထောင်နေကြရတယ် ညဉ့်နက်တဲ့အထိကိုပေါ့နော်။ သတင်းမီဒီယာတွေအပါပေါ့နော် အဲ့ဒီ့အချိန်မှာ သတင်းထုတ်ပြန်နိုင်မှုတွေ လူနာတွေရဲ့ကိုယ်ရေးမှတ်တမ်းတွေအပေါ် ထုတ်ပြန်နိုင်မှုတွေမှာ အားနည်းချက်တွေရှိနေတာတွေကို တွေ့ရတယ်။ အမေရိကန်မှာဆိုရင် သက်ဆိုင်ရာပြည်နယ် အာဏာပိုင်တွေ မြို့တော်ဝန်တွေကအစ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး အချိန်နဲ့တပြေးညီသတင်းထုတ်ပြန်နိုင်မှုတွေ လုပ်တယ်။ အဲ့တော့ လက်ရှိကိုမိုက်ကယ်လ်တွေ သတင်းပြုစုတာ မှတ်တမ်းတွေလုပ်နေတဲ့ အနေအထားအတွေ့အကြုံနဲ့ယှဉ်ပြီးတော့ မြန်မာပြည်ရဲ့သတင်းထုတ်ပြန်နိုင်မှုအပေါ် ဘယ်လိုအကြံပြုနိုင်တာရှိပါသလဲရှင့်။

ကိုမိုက်ကယ်လ်။ ။ ကျနော်တို့ နယူးယောက်မှာဆိုရင် တကယ်တမ်းဖြစ်လာပြီဆိုတော့ နယူးယောက်မြို့တော်ရော ပြည်နယ်အစိုးရရော မနိုင်တော့တဲ့အခါ ဗဟိုအစိုးရရဲ့ အကူအညီတွေ လိုအပ်လာတာတွေ ရှိတယ်။ အခုဆိုရင် စစ်တပ်ရဲ့အင်အား စစ်တပ်ရဲ့အကူညီတွေကို ယူရတာကို ရှိလာပါတယ်။ အမေရိကန်ရဲ့စစ်တပ်ကနေကြည်းတပ်ကဆို လူနာ ၃,၀၀၀ ဆန့်တဲ့ဆေးရုံလာဖွင့်ပေးတာ ရှိတယ်။ ရေတပ်ကနေ ကုတင် ၁,၀၀၀ ဆန့်တဲ့သင်္ဘောလာပေးတယ်။ လက်ရှိမြန်မာပြည်ရဲ့အနေအထားကကျတော့ တကယ်အရမ်းကြီး Active center မဖြစ်သေးဘူးဆိုတော့ အခုအချိန်မှာ ဖြစ်နိုင်မယ်ဆိုရင် အစိုးရရယ် ပြည်သူရယ် တပ်မတော်ရယ် ဘာအစွဲတွေမှ မထားဘဲ ပြည်သူကို မျက်နှာကိုပဲကြည့်ပြီး အရေးပေါ်ပြင်ဆင်သင့်ပါတယ်။ နောက်တခုက အစိုးရကိုချည်းပဲလည်း ဝေဖန်မနေဘဲ ဒီလိုအချိန်မှာ အငြင်းမပွားကြဖို့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ အဓိကကတော့ ကိုယ်တတ်နိုင်တာတွေပေါ့ ဥပမာ ကျနော်တို့နယူးယောက်မှာ ဆိုရင် Volunteer အများကြီးထွက်လာတယ်။ ဝိုင်းလုပ်ကြတယ်။ ဒီလိုအခြေအနေမှာတော့ တယောက်နဲ့တယောက် အမုန်းပွားမယ့်စကားတွေ၊ အငြင်းပွားမယ့်စကားတွေ မပြောကြဘဲနဲ့ ကိုယ်ဘာလုပ်နိုင်လဲ၊ ကိုယ်ဘာတတ်နိုင်လဲဆိုတာကို ဝိုင်းလုပ်ကြဖို့ အချိန်ကျနေပါပြီ။ တတ်နိုင်သလောက် ဝိုင်းကူပေးကြဖို့ ပြောချင်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့။ ကိုမိုက်ကယ်လ်ကလည်း အခုနယူးယောက်မှာ ရှိနေတယ်။ နယူးယောက်ကဆိုရင်လည်း အခုအမေရိကန်ပြည်ထောင်စု တခုလုံးမှာ ကူးစက်မှု သေဆုံးမှုအခြေအနေက တခြားပြည်နယ်တွေထက်စာရင် အခြေအနေဆိုးတယ်လို့ပြောလို့ရပါတယ်။ ဒီလိုအခြေအနေ အနေအထား ကိုဗစ်ကာလမှာပေါ့နော် နေ့စဉ်လူနေမှုပုံစံပြောင်းသွားတာတွေ လုပ်ငန်းခွင် လုပ်ကိုင်ဆောင်ရွက်မှုပြောင်းလဲသွားတဲ့အနေအထားကိုလည်း ပြောပြပေးပါဦး။ အမေရိကန်ရောက်မြန်မာတွေ ဒီအခြေအနေကို တွေ့ကြုံနေရသလို မြန်မာပြည်ဆိုလည်း အခုဆို အယောက်၂၀ ဖြစ်သွားပြီ မြန်မာပြည်သူတွေလည်း ကြုံလာရနေတဲ့အပေါ် ဘယ်လိုအကြံညဏ် မျှဝေချင်တာရှိပါလဲ။

ကိုမိုက်ကယ်လ်။ ။ အခုကျနော်တို့နေတဲ့ နယူးယောက် ဆိုရင် အဆိုးဝါးဆုံး သေဆုံးတာရော ရောဂါပြန့့်ပွားမှုရော အများဆုံးဖြစ်နေတယ်။ ဒီလိုအခြေအနေမှာတော့ အကောင်းဆုံးပြင်ဆင်ထားပြီး အတတ်နိုင်ဆုံး နေပါတယ်။ သတင်းဆိုးတွေကို နားထောင်ပြီး စိုးရိမ်မှုတွေမြင့်လာတာနဲ့ ပတ်သက်တဲ့ anxiety disorder နောက်ဆက်တွဲဆိုးကျိုးတွေပါဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်လာနိုင်အောင် မိသားစုထဲမှာလည်း ရင်သွေးလေးရှိတော့ ဒါကို သတိထားပြီးနေတယ်။ COVID-19 က ဒီကာလမှာ အလုပ်တွေ လူနေမှုပုံစံအပြောင်းအလဲတွေ ကြောင့် ဒီလိုမလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာတွေပါ မဖြစ်လာအောင် အထူးသတိထားပြီးနေသင့်ပါတယ်။ အဲ့ဒီ့ထဲကမှ အကောင်းတွေးနိုင်တာက အရင်ကဆို မိသားစုကို အချိန်မပေးနိုင်ကြဘူး ကလေးတွေက ကျောင်း ကျနော်တို့တွေက အလုပ်တွေပဲသွားနေတော့ အခုလို အိမ်မှာပဲ နေကြရတဲ့အချိန် မိသားစုနဲ့ ကစားတာမျိုး အချိန်ပိုပေးနိုင်တယ်။ အိမ်မှာပဲ နေတာများလာရင် သွေးလည်ပတ်မှု မရှိဘူးဆိုရင် မနက်-ည ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတယ်။

အဓိက အရေးကြီးဆုံးကတော့ အိမ်ထဲမှာပါ အိမ်အပြင်လုံးဝ မထွက်ပါနဲ့။ နောက် ကိုယ်လေ့လာသင်ယူနိုင်တဲ့ သင်တန်းမျိုးတွေရှိမယ်။ မြန်မာပြည်မှာဆိုလည်း လေ့လာခွင့်ရတယ်လို့ပဲ သဘောထားပြီး ဟင်းချက်နည်း သင်တန်းမျိုး၊ ဘာသာစကားသင်တန်းမျိုး၊ ချုပ်လုပ်သင်တန်းတွေမျိုးလို ငါအချိန်ရတုန်း တခုခုကို လေ့လာထားလိုက်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ သင်ယူနေမယ်ဆိုရင် ငါ အိမ်ထဲ ပိတ်မိနေပါလားဆိုတဲ့ အတွေးအမြင်မရှိတော့ပါဘူး။ အတတ်နိုင်ဆုံး အပြင်မထွက်ကြဘူးဆိုရင် ဒီရောဂါဆိုးကြီး ပျံ့နှံ့မှုက နည်းသွားနိုင်သလို တဘက်ကနေ အခုရှေ့တန်းကနေ လုပ်နေရတဲ့ သူနာပြုတွေ ဆရာဝန်တွေကို ကူညီရာရောက်ပါတယ်။ ဖြစ်နိုင်ရင် အိမ်ထဲမှာပါနေ anxiety စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကိုယ်ဝါသနာပါတာတခုခုကို လေ့လာနေကြပါလို့ အကြံပြုချင်ပါတယ်။

နယူးယောက်မြို့တော် Presbyterian Hospital ဆေးရုံမှာ IT-Security Engineer နည်းပညာပိုင်းဆိုင်ရာလုံခြုံရေးအင်ဂျင်နီယာအဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ ကိုမိုက်ကယ်လ်ကျော်သူကို ဆက်သွယ်မေးမြန်းခဲ့တာပါရှင်။

XS
SM
MD
LG