သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ဆိပ်ကမ်းမြို့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ကုလအသိအမှတ်ပြု


View shows a historical building in the centre of Odesa
View shows a historical building in the centre of Odesa

[[Zawgyi/Unicode]]

ယူကရိန်းရဲ့ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Odesa ကို ကုလသမဂ္ဂ UNESCO က ကမ္ဘာ့ရှေးဟောင်းမွေအနှစ်အဖြစ် ဗုဒ္ဓဟူးနေ့က အသိအမှတ်ပြုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုဌာနကြီးဖြစ်တဲ့ UNESCO ရဲ့အဖွဲ့ဝင် ၂၁ နိုင်ငံ မဲခွဲရာမှာ ထောက်ခံမဲ ၆ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေ ၁၄ မဲနဲ့ အတည်ပြုခဲ့တာပါ။

အခုလို အသိအမှတ်ပြုဖို့ကို ရုရှားကအကြိမ်ကြိမ်ကန့်ကွက်ခဲ့တဲ့အတွက် ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။ ရုရှားက Odesa မြို့ကို ရုရှားဘုရင်မ ဒုတိယမြောက် ကက်သရင်းက ၁၈ ရာစုနှောင်းပိုင်းမှာ ထူထောင်ခဲ့တာလို့ပြောဆိုထားပါတယ်။

ယူကရိန်းယဉ်ကျေးမှုဝန်ကြီး Oleksandr Tkachenko နဲ့ Odesa မြို့တော်ဝန် Gennadly Trukhanov တို့ကတော့ ဒီအချက်ကိုလက်မခံဘဲ ဒီမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက ထွန်းကားခဲ့တာဖြစ်ကြောင်း ချေပထားတယ်လို့ AFP သတင်းကဖော်ပြပါတယ်။ မြို့တော်ဝန် Trukhanov ကတော့ ဒီဆိပ်ကမ်းမြို့ဟာ ၁၅ ရာစုလောက်ကတည်းက ထွန်းကားလာခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ UNESCO ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ပင်လယ်နက်ဒေသရဲ့ပုလဲလို့ တင်စားခေါ်ခံရတဲ့ Odesa မြို့ကို အခုအခါ UNESCO ရဲ့ကာကွယ်စောင့်ရှောက်မှုရပြီလို့ တွစ်တာလူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ သမ္မတ ဇာလင်းစကီးကတောင်းဆိုခဲ့တာပါ။

ယူကရိန်းရဲ့နေရာ ၆ ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခဲ့တာဖြစ်ပြီး မြို့တော် Kyiv က Saint Sophia ဘုရားကျောင်းနဲ့ Lviv မြို့က သမိုင်းဝင်နေရာတွေလည်းပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]







XS
SM
MD
LG