သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ရိုဟင်ဂျာအရေးကော်မတီ ဘယ်လို ဦးတည်လှုပ်ရှားမလဲ


အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC အစည်းအဝေး (Organisation of Islamic Cooperation (OIC)
အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC အစည်းအဝေး (Organisation of Islamic Cooperation (OIC)

ရိုဟင်ဂျာအရေး ကိုင်တွယ်ဖို့ Gambia နိုင်ငံက ဦးဆောင်မယ့် ဝန်ကြီးများ အဆင့် ad hoc ကော်မတီ တရပ် ဖွဲ့စည်းဖို့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC က ဆုံးဖြတ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ၊ မူဝါဒတွေကို ချိုးဖောက်မှုတွေကို တာဝန်ခံမှုရှိစေဖို့၊ တရားစီရင်နိုင်ဖို့ ရည်ရွယ်တဲ့ OIC ရဲ့ ad-hoc ကော်မတီ အနေနဲ့ ဘာတွေ ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ အပေါ် ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော် ဒါကာက OIC ညီလာခံကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရိုဟင်ဂျာ အရေး လှုပ်ရှားသူ ဒေါက်တာ ဝါကာအူဒင်ကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းတာမှာ သူက အခုလို စပြီး ပြောပါတယ်။

ဒေါက်တာ ဝါကာအူဒင်။ ။ ဟုတ်ကဲ့။ ဝန်ကြီးများ အဆင့် လုပ်ပါမယ်။ ဒါပေမယ့် ဝန်ကြီးများ အဆင့်ဆိုပေမယ့် အဲဒါ အစိုးရတွေက ဦးဆောင်ပါမယ်လေ။ ဝန်ကြီးတွေက အဖွဲ့ဖွဲ့ပြီးတော့ အဲဒါ နိုင်ငံခြားရေး ဝန်ကြီးတွေက အဖွဲ့ဖွဲ့ပြီးတော့ အဲဒီ ဂမ်ဘီယာ အစိုးရက ဦးဆောင်ပါမယ်။

သိင်္ဂ ီထိုက်။ ။ ဒေါက်တာ ဝါကာအူဒင် ပြောသလိုဆိုရင် သူ့ရဲ့ အဓိက ရည်ရွယ်ချက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ ဥပဒေ အရ အရေးယူနိုင်ဖို့ကို အဓိက ထားပြီး ချိတ်ဆက် လုပ်သွားမယ်။ ဟုတ်ပါသလားရှင်။

ဒေါက်တာ ဝါကာအူဒင်။ ။ ဟုတ်ကဲ့ပါ။ အဓိက ရည်ရွယ်ချက်က အဲဒါပါဘဲ။ Crime Against Humanity - လူ့အခွင့်အရေးတို့၊ လူသတ်တာတို့၊ မုဒိန်းကျင့်တာတို့ အဲဒါတွေပါဘဲ။ အဓိက ရည်ရွယ်ချက်က အဲဒါပါ။

ကျနော် ပြောချင်တာက ဒီလိုပါလေ။ ကျနော်တို့ ရိုဟင်ဂျာ လူမျိုးတွေက ဒါတွေကို ဖြစ်တာ မကြည့်ချင်ပါဘူး။ တကယ်တန်း ကျရင်။ ကျနော်တို့ လိုချင်တာက အေးအေးချမ်းချမ်း၊ Peacefully Negotiation မြန်မာ အစိုးရနဲ့ Regional Country တွေနဲ့ ဘင်္ဂလားဒေရှ့် အစိုးရနဲ့ OIC နဲ့ ပေါင်းပြီးတော့ အဲဒီ ရိုဟင်ဂျာ အရေးအခင်းကို မြန်မြန် ဖြေရှင်းတာ အကောင်းဆုံးပါဘဲ။ နိုင်ငံခြား ICC သွားတာတို့ ဘာတို့ကတော့ Last Option တွေပါဘဲလေ။ မြန်မာ အစိုးရဘက်က Extremist စကားတွေ ပြောလာရင် ရိုဟင်ဂျာတွေကို မခေါ်ဘူး၊ သူတို့ ဘင်္ဂါလီတွေ ဒီက မဟုတ်ဘူး။ သူတို့ ခိုးဝင်လာတဲ့လူတွေ ဘာတွေ ညာတွေ ပြောရင် ပြသနာ ပိုဆိုးသွားမယ်။ ICC ရောက်သွားရင် ပြသနာက နောက်ဆုတ်လို့ မရတော့ပါဘူးလေ။ အခု နိုင်ငံကြီးတွေက ဝင်မယ်ဆိုတော့ ကနေဒါက Foreign Ministry က လာပါတယ်။ သူတို့လည်း အများကြီး ပြောပါတယ်။ Foreign Ministry က Delegation က နိုင်ငံခြားရေး ဝန်ကြီးက ဒီအကြောင်းနဲ့ ပတ်သက်လို့ အများကြီး ပြောပါတယ်။ အဲတော့ နိုင်ငံကြီးတွေက ဝင်လာတယ်ဆိုတော့ ဒီ ad hoc ကော်မတီကို ပြသနာက နည်းနည်း မဟုတ်ပါဘူး။ ပြသနာက ပိုကြီးပါမယ်။ အဲဒါကြောင့်မို့လို့ မြန်မာ အစိုးရကို ကျနော်တို့ တောင်းချင်တာက အေးအေးဆေးဆေး မြန်မြန် ရှင်းလိုက်ဖို့ အတွက်။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ ဒေါက်တာ ဝါကာအူဒင်ရှင့် မြန်မာ အစိုးရဘက်က ပြန်လာဖို့ လက်သင့်ခံဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒီ ကွန်မြူနတီတွေ ဘက်ကနေ ပြီးတော့ နိုင်ငံမှာ တကယ်တန်း နေခဲ့တဲ့ အထောက်အထားတွေ လုပ်ဖို့ပေါ့နော်၊ ဒါတွေ စိစစ်ဖို့ ဆိုပြီးတော့ ပြောထားပါတယ်။ မြန်မာ အစိုးရဘက်က ဖြေရှင်းနေတာဘဲ မဟုတ်ဘူးလား။ ဒေါက်တာ ဝါကာအူဒင်တို့က ဖြေရှင်းချင်လို့ မမြင်ဘူးလားရှင့်။

ဒေါက်တာ ဝါကာအူဒင်။ ။ အခုကျတော့ သူတို့ကို လာခွင့်ပေးပါမယ်။ ပြန်လာလို့ ရပါမယ်။ သူတို့ကို ကိုယ့်အိမ်ကိုယ် ကိုယ့်ကျေးရွာတွေကိုယ် သွားလို့ ရပါမယ်။ အဲလို စကားပြောတဲ့ အချိန်မှာ သူတို့ကို သူတို့က သူတို့ရဲ့ အိမ်တွေကို ဖျက်စီးလိုက်ပါပြီ။ သူတို့ရဲ့ ကျေးရွာတွေ ဘာတွေ ဖျက်စီးလိုက်ပါပြီ။ ဖျက်စီးလိုက်ပြီး သူတို့ကို သူတို့ List ကို မြန်မာ အစိုးရကို ဘင်္ဂလားဒေရှ့် အစိုးရက List ပေးပါတယ်။ ပေးတော့ မြန်မာ အစိုးရက ကျနော် သိသလောက် ကျနော် ကြားတာက အဲဒီ List ကို လက်မခံဘူး မြန်မာပြည်က။ နည်းနည်းပါးပါးဘဲ လက်ခံတယ်။ တချို့လူတွေကို လက်ခံတယ်။ တချို့လူတွေကို လက်မခံဘူး။ အဲဒီတော့ အထောက်အထားလိုတယ်။ အထောက်အထား ဘယ်က ရပါမလဲ သူတို့က။ သူတို့အိမ်ကို မီးရှိုှုှု့တယ်။ သူတို့ကို သတ်တယ်။ သူတို့ ထွက်ပြေး ရတယ်။ အသက်ရှင်ဖို့ အတွက် သူတို့အသက်အတွက်။ စာရွက်စာတမ်းတွေ ပုံစံ ၁၀၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား သူတို့ ဘယ်လိုလုပ် ယူနိုင်ပါမလဲ။ သူတို့က အေးအေးဆေးဆေး လာတာ မဟုတ်ပါဘူး။ သူတို့ ထွက်ပြေးရတာ။ သူတို့ကို သတ်လို့၊ မီးရှိုှု့လို့ ထွက်ပြေးရတာ။ အထောက်အထား ဘယ်လိုလုပ် ပြနိုင်ပါ့မလဲ။ အဲဒါ ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ပြသနာ တက်နေတာ။

နောက်တခု ကျနော် ပြောချင်တာက ဒီအခြေအနေမှာ ရခိုင်ပြည်နယ်မှာ ဒီလောက်ထိ ပြသနာ ဖြစ်နေတာ ဘင်္ဂလားဒေရှ့်က ဘယ်လိုလုပ်သွားပါမလဲ။ ဘင်္ဂလားဒေရှ့်က လူက ရိုဟင်ဂျာ ဟန်ဆောင်ပြီးတော့ ဘာကြောင့် သွားရပါမလဲ။ အဲဒါကြောင့်မို့လို့ မြန်မာ အစိုးရဘက်က တခု လုပ်ရပါမယ်။ သူတို့ကို သူတို့ မသွားခင် Security လုံခြုံမှု အတွက် လုပ်ရပါမယ်။ ပြီးတော့ သူတို့ မရောက်ခင် သူတို့ ရွာတွေမှာ အိမ်တွေ ဘာတွေ ဆောက်ပေးရပါမယ်။ International Community UNHCR နဲ့ ပေါင်းပြီးတော့ တခြား International Community နဲ့ ပေါင်းပြီးတော့ သူတို့ အိမ်တွေ ဘာတွေ ဆောက်ပြီးမှ သူတို့ လုံခြုံရေး ပေးမှ သွားလိုက်ရင် အားလုံးအဆင်ပြေသွားပါမယ်။ မြန်မာ အစိုးရ လုပ်နိုင်ပါတယ်။ သူတို့က လုပ်နိုင်ပါတယ်။ သူတို့က အစွန်းရောက်လူတွေနဲ့ မြန်မာ အစိုးရမှာ ရှိလို့ ပြသနာ ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG