သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်မှာ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းကျဆင်း (UNODC)


အာဖဂန်နစ္စတန်နို်င်ငံ၊ Kandahar အရပ်မှ ဘိန်းစိုက်တောင်သူများ၊ ဧပြီ ၁၁၊ ၂၀၁၆
အာဖဂန်နစ္စတန်နို်င်ငံ၊ Kandahar အရပ်မှ ဘိန်းစိုက်တောင်သူများ၊ ဧပြီ ၁၁၊ ၂၀၁၆

အာဖဂန်နစ္စတန်နိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို တာလီဘန်တွေ တားမြစ်လိုက်တာကြောင့် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဘိန်းစိုက်ပျိုးမှုက ရရှိတဲ့ဝင်ငွေဟာ လုံးဝနီးပါး ကျဆင်းသွားတယ်လို့လည်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ဘိန်းစိုက်ပျိုးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။

စိုက်ပျိုးမှုတွေ ထိုးကျသွားရာက ဘိန်းစိုက်တောင်သူတွေ ဝင်ငွေဒေါ်လာ သန်း ၁ ထောင်လောက် ဆုံးရှုံးခဲ့ တာကြောင့် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက် တွဲ ပြဿနာတွေ ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ကမ္ဘာမှာ ဘိန်းဖြူထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာရခဲ့ပြီး နောက် ပြီးခဲ့တဲ့ ဧပြီလထဲမှာပဲ ဘိန်းစိုက်ပျိုးမှုတွေကို တားမြစ်ခဲ့တာပါ။ ဘိန်းစိုက်တောင်သူတွေ ဂျုံကို ပြောင်းလဲစိုက်ပျိုးရာက ဖာရာ၊ ဟယ်လ်မန်း၊ ကန်ဒါဟာ နဲ့ နန်ဂါဟာ ပြည်နယ်တွေမှာ ဧက ၁ သိန်း ၆ သောင်းလောက် တိုးလာတယ်လို့လည်း UNODC အစီရင်ခံစာက ဖော်ပြပါတယ်။

ဂျုံစိုက်ပျိုးမှုတွေ တိုးလာတာကြောင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အထောက်အကူ ဖြစ်နိုင်ပေမဲ့ ဘိန်းစိုက်ပျိုးမှုလောက် ဝင်ငွေမရတာကြောင့် ၂၀၂၃ ခုနှစ်ထဲ ဒေါ်လာ သန်း ၁ ထောင်လောက် ဆုံးရှုံးနိုင်တယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အာဖဂနစ္စတန်မှာ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းကျဆင်း (UNODC)
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG