သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မြို့တော် ဗုံးပေါက်ကွဲမှု ရုရှားသံရုံးဝန်ထမ်း ၂ ဦးသေ 


AFGHANISTAN-ATTACK/
AFGHANISTAN-ATTACK/

အာဖဂန်နစ္စတန် မြို့တော် Kabul မှာရှိတဲ့ ရုရှားသံရုံး ဝင်ပေါက်အနီး တနင်္လာနေ့က ဗုံးတလုံး ပေါက်ကွဲခဲ့တဲ့အတွက် သံရုံးဝန်ထမ်းနှစ်ဦး အပါအဝင် အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပါတယ်။

အာဖဂန်မြို့တော် ဗုံးပေါက်ကွဲမှု ရုရှားသံရုံးဝန်ထမ်း ၂ ဦးသေ

{{Zawgyi/Unicode}}
အာဖဂန်နစ္စတန် မြို့တော် Kabul မှာရှိတဲ့ ရုရှားသံရုံး ဝင်ပေါက်အနီး တနင်္လာနေ့က ဗုံးတလုံး ပေါက်ကွဲခဲ့တဲ့အတွက် သံရုံးဝန်ထမ်းနှစ်ဦး အပါအဝင် အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပါတယ်။

ပြည်ဝင်ခွင့် ဗီဇာ လျောက်ထားဖို့ စောင့်ဆိုင်းနေသူတွေကို စီစဉ်ပေးဖို့အတွက် သံရုံးဝန်ထမ်းနှစ်ဦး အပြင်ထွက်လာခဲ့စဉ် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး၊ အမည်မသိ အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မျက်မြင် သက်သေတွေကို ကိုးကားပြီး ရုရှားသတင်းဌာနာတွေက ထုတ်ပြန်ခဲ့ပါတယ်။

Kabul မြို့တော် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Khalid Zadran ကတော့ အသေခံ ဗုံးခွဲသမားဟာ လူအုပ်ထဲမှ ာဗုံးခွဲဖို့ကြိုးပမ်းခဲ့ပေမယ့် လူအုပ်ထဲမရောက်မီ တာလီဘန် လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပြီး ဗုံးပေါက်ကွဲခဲ့တာလို့ Twitter လူမူကွန်ရက်ကနေတဆင့် ပြောဆိုပါတယ်။ အာဖဂန်အရပ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦး လောက်ဒဏ်ရာ ရခဲ့တယ်လို့လည်း အတည်ပြုဖေါ်ပြကြပါတယ်။

Kabul မြို့တော်မှာရှိတဲ့ ရုရုားသံရုံးက အာဖဂန် အထူးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ပြီး အဖြစ်အပျက်ကို စုံစမ်းနေတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin တို့နှစ်ဦး နှစ်နိုင်ငံ ကိစ္စတွေ မဆွေးနွေးမီမှာ အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးကြရသူတွေ အတွက် ဝမ်းနည်းကြောင်းပြောဆိုခဲ့ပါတယ်။

အာဖဂန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Abdul Balkhi ကတော့ အာဖဂန် ခေါင်းဆောင် နဲ့ ရုရှားတို့ရဲ့ရင်းနှီးတဲ့ ဆက်ဆံရေးကို ပျက်ပြားအောင် လုပ်တာမျိုးကို လက်ခံမှာ မဟုတ်ကြောင်း နဲ့ ဒီကိစ္စကို အသေအခြာ စုံစမ်းနေပြီး သံရုံးကိုလည်း လုံခြုံရေး တိုးချထားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

..............................................


{{Zawgyi/Unicode}}





XS
SM
MD
LG