သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Orlando ပစ်ခတ်မှု အသက်မသေကျန်ရစ်သူများကို အိုဘားမားသွားရောက် တွေ့ဆုံမည်


အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး လူတွေ အစုလိုက်အပြုံလိုက် ပစ်သတ်ခံရမှု ဖြစ်သွားခဲ့တဲ့ ဖလော်ရီဒါပြည်နယ်၊ Orlando မြို့ကို သမ္မတ အိုဘားမား ဒီကနေ့ ကြာသပတေးနေ့မှာ သွားရောက်မှာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြို့ခံတွေနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ကြောင်း ပြသမှာ ဖြစ်ပါတယ်။

Gay လို့ခေါ်တဲ့ လိင်တူချင်း ချစ်သူတွေအသွားများတဲ့ Nightclub ညကပွဲရုံ ပစ်ခတ်မှုက အသက်ရှင် ကျန်ရစ်သူတွေအပြင်၊ တိုက်ခိုက်မှုဖြစ်တဲ့အချိန်က အကူအညီပေးဖို့ ရောက်ရှိသွားကြသူတွေနဲ့ ဒဏ်ရာရသူ ၅၃ ဦးကို ဆေးကုသပေးနေတဲ့ ဆရာဝန်တွေ၊ ခွဲစိတ်ကုသသူတွေနဲ့ သမ္မတ အိုဘားမား တွေ့ဆုံမှာ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ဒီအတောအတွင်း လူ ၄၉ ဦး သေဆုံးစေခဲ့တဲ့ Pulse Nightclub ပစ်ခတ်မှုကို ပြုလုပ်ခဲ့သူ Omar Mateen ရဲ့ ဇနီးဖြစ်သူဟာ သူမခင်ပွန်း အဲဒီလို အကြမ်းဖက် တိုက်ခိုက်မယ်ဆိုတာကို သိရှိခဲ့ပေမဲ့ ရဲတပ်ဖွဲ့ကို ကြိုတင် အကြောင်းကြားခဲ့ခြင်း မရှိဘူးလို့ FBI ဗဟိုအစိုးရ ထောက်လှမ်းရေးဗူျရိုက ပြောပါတယ်။

သေနတ်သမားရဲ့ ဇနီးဖြစ်သူ Noor Zahi Salman ကို စွဲချက် တင်သင့် မသင့်ဆိုတဲ့အပေါ် သက်သေအထောက်အထား ခိုင်လုံခြင်း ရှိမရှိဆိုတာကို ဗဟိုအစိုးရခုံသမာဓိအဖွဲ့က ဆုံးဖြတ်ဖို့ရှိတယ်လို့ ရဲတပ်ဖွဲ့ အရာရှိတွေက ပြောပါတယ်။

ပစ်ခတ်မှု မဖြစ်ခင် ရက်အနဲငယ်အလိုတုန်းက Nightclub ကို ထောက်လှမ်းဖို့အတွက် သူမခင်ပွန်းနဲ့အတူ Noor Zahi Salman လည်း သွားရောက်ခဲ့သလို လက်နက်တွေ ဝယ်တဲ့နေရာကိုလည်း ခင်ပွန်းနဲ့အတူ လိုက်သွားခဲ့တယ်လို့ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။

Orlando ပစ်ခတ်မှု အသက်မသေကျန်ရစ်သူများကို အိုဘားမားသွားရောက် တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG