သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Orlando ပစ်ခတ်မှုကျုးလွန်သူကို အကူအညီပေးသူ ရှိ-မရှိ FBI စုံစမ်း


လူအများအပြား သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ခဲ့သည့် Pulse Nightclub ကို စစ်ဆေးနေပုံ
လူအများအပြား သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ခဲ့သည့် Pulse Nightclub ကို စစ်ဆေးနေပုံ

အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး လူအများအပြား သေဆုံးခဲ့တဲ့ ပစ်ခတ်မှုမှာ သေနတ်သမားဟာ တခြားက အကူအညီတွေ ရခဲ့တာ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ သဲလွန်စပေါင်း ၁၀၀ လောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အခင်းဖြစ်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်၊ Orlando မြို့က အာဏာပိုင်တွေက ပြောပါတယ်။

အရေးယူ အပြစ်ပေးတာတွေ ရှိလာနိုင်တယ်လို့လည်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ထောက်လှမ်းရေး အရာရှိတဦးဖြစ်တဲ့ Paul Wysopal က သတင်းထောက်တွေကို ပြောပါတယ်။

အာဖဂန်မိဖတွေက အမေရိကန်မှာ မွေးဖွားခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် အမေရိကန်နိုင်ငံသား Omar Saddiqui Mateen ဟာ လိင်တူစုံမက်သူတွေ အများစုသွားတဲ့ နိုက်ကလပ်မှာ ညဖက်ဝင်ရောက်ပြီး ပစ်ခတ်ခဲ့ရာက လူ ၄၉ ဦး၊ သေဆုံးပြီး ၅၃ ယောက် ဒဏ်ရာရခဲ့တဲ့အကြောင်း အာဏာပိုင်တွေ ပြောဆိုခဲ့အပြီး နောက်တရက်မှာပဲ FBI ရဲ့ ပြောဆိုချက်ထွက်ပေါ်လာတာပါ။

တိုက်ခိုက်မှု ကျုးလွန်ချိန်မှာ သေနတ်သမားဟာ အရေးပေါ် 911 ဌာနကို ဖုန်းဆက်ပြီး၊ IS စစ်သွေးကြွအဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ကို သစ္စာခံကြောင်း ပြောဆိုခဲ့သလို၊ ၂၀၁၃ ခုနှစ်က လူ ၃ ဦး သေဆုံးခဲ့တဲ့ ဘော်စတွန်မာရသွန် ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့လည်း မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အစိုးရရှေ့နေတဦးဖြစ်တဲ့ Lee Bentley ကတော့ သေနတ်သမားနဲ့ အဆက်အသွယ် ရှိကောင်း ရှိနိုင်တဲ့လူတွေကို စုံစမ်းစစ်ဆေးနေပေမဲ့၊ အများပြည်သူ အန္တရာယ်ရှိနိုင်လောက်တဲ့ ခြိမ်းခြောက်မှုမျိုးတော့ မရှိဘူးလို့လည်း ပြောပါတယ်။ FBI ကတော့ မကြာသေးခင်နှစ်တွေမှာပဲ Mateen ကို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု ရှိမရှိ ၂ ကြိမ် စစ်ဆေးခဲ့ဖူးပေမဲ့ အရေးယူရလောက်အောင် ခိုင်ခိုင်လုံလုံ အထောက်အထား တစုံတရတော့ မတွေ့ခဲ့ကြပါဘူး။

Orlando ပစ်ခတ်မှုကျုးလွန်သူကို အကူအညီပေးသူ ရှိ-မရှိ FBI စုံစမ်း
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG