သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးနဲ႔ ရန္ကုန္ၿမိဳ႕ေတြမွာ ေအာက္ဆီဂ်င္လိုအပ္ခ်က္ ႀကီးမားေနဆဲ


ေအာက္ဆီဂ်င္ျဖည့္ဖို႔ေစာင့္ဆိုင္းေနသူမ်ား (ဇူလိုင္ ၁၁-၂၁)

ZAWGYI/UNICODE

ျမန္မာႏိုင္ငံတဝန္း ကိုဗစ္တတိယလႈိင္းနဲ႔ အျပင္းအထန္ရင္ဆိုင္ေနရတဲ့ ၿမိဳ႕ေတြထဲက ကေလးၿမိဳ႕နဲ႔ တိုင္းျပည္ရဲ႕ အဓိကၿမိဳ႕ႀကီးတၿမိဳ႕ျဖစ္တဲ့ ရန္ကုန္ၿမိဳ႕တို႔မွာ ကိုဗစ္ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာေတြအတြက္ေရာ၊ သံသယလူနာေတြအတြက္ပါ ေအာက္ဆီဂ်င္လိုအပ္ခ်က္ ႀကီးမားေနဆဲရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးကေျပာျပပါမယ္။

ကပ္ေရာဂါတတိယလႈိင္းမွာ ေရာဂါကူးစက္ခံရသူနဲ႔ ေသဆုံးသူ တေန႔တက္တေန႔ တိုးလာေနၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၾကာသပေတးညအထိ ထုတ္ျပန္ခ်က္အရ ကပ္ေရာဂါအတည္ျပဳလူနာဦးေရဟာ ၂၁၀,၀၀၀ ေက်ာ္အထိ ရွိလာပါၿပီ။ ကူးစက္သူအေရအတြက္ဟာ လက္ေတြ႕မွာ ဒီ့ထက္မကမ်ားေနတယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြနဲ႔ ပရဟိတအဖြဲ႕ေတြက ေျပာထားပါတယ္။

အတည္ျပဳလူနာေရာ၊ ေရာဂါသံသယရွိသူေတြပါ မ်ားေနၿပီး သူတို႔ကို ကုသေပးႏိုင္ဖို႔ က်န္းမာေရးဝန္ထမ္းအားနဲ႔ ပစၥည္းကိရိယာ လိုအပ္ခ်က္ေတြကလည္း ေရာဂါျဖစ္ပြားရာေဒသ ေတာ္ေတာ္မ်ားမ်ားမွာ ရင္ဆိုင္ေနရတာပါ။

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္မွာ ကိုဗစ္ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးႏိုင္တဲ့ အေရအတြက္ထက္ သံသယရွိသူဦးေရက တိုးလာေနၿပီး သူတို႔ကိုစစ္ေဆးေပးႏိုင္ဖို႔ အခက္ေတြ႕ေနပါတယ္။ လူနာေတြ အမ်ားဆုံးလိုအပ္ေနတာက ေအာက္ဆီဂ်င္ျဖစ္ၿပီးေတာ့ ဒါေတြကို ေဒသအေျခစိုက္ ပရဟိတအသင္းေတြနဲ႔ ေစတနာရွင္ေတြက ကိုယ္ထူကိုယ္ထစနစ္နဲ႔ ရွာေဖြၿပီးျဖည့္တင္းေပးေနပါတယ္။

အရင္ကထက္ ေသဆုံးသူဦးေရ ေလ်ာ့လာတယ္ဆိုေပမယ့္ ေအာက္ဆီဂ်င္အေရးေပၚလိုအပ္ခ်က္ကေတာ့ ႀကီးမားေနတုံးပဲလို႔ ေဒသအေျခစိုက္ ပရဟိတအသင္းတခုရဲ႕ တာဝန္ခံတဦးက ေျပာပါတယ္။

"ေအာက္စီဂ်င္အေျခအေနက ျပတ္တုန္းလတ္တုန္းပါပဲဗ်ာ။ ေရာက္တဲ့ေနရာေလးမွာ ျဖည့္လိုက္၊ ကုန္သြားလိုက္ အဲလိုမ်ိဳးပါဗ်။ သူဆိုင္ရာ ပိုင္ရာေပါ့ဗ်ာ ႀကိဳးစားၿပီးေတာ့ ရွာၾကတာေပါ့။ မႏၲေလး၊ မုံ႐ြာမွာဆို တန္းစီရတယ္၊ ခခယယေတာင္းရတယ္၊ အဲစနစ္ေတြနဲ႔ကို လုပ္ေနရတာဗ်။ အရင္ထက္စာရင္ ေသတာေတာ့ နည္းနည္းေလ်ာ့သြားၿပီ ေျပာရမယ္ဗ်။ ေအာက္စီဂ်င္လိုအပ္ခ်က္ကေတာ့ ဘူးဘယ္ေလာက္ေရာက္ေရာက္ ကုန္တာပါပဲဗ်။ တခ်ိဳ႕ေနရာမွာဆို ၄ သိန္းဆိုလည္း ေရာင္းရတာ ကုန္တာပါပဲ။ ၅ သိန္းဆိုလည္း ကုန္သြားတာပဲ၊ ေရာင္းတဲ့ဘူးေတြက။ တခ်ိဳ႕ဆိုရင္ ေအာက္စီဂ်င္ဖိုးကို မတတ္ႏိုင္လို႔ အိမ္ဝင္းေရာင္းၿပီးေတာင္ ဝယ္ဖို႔လုပ္တဲ့သူေတြကအစရွိတယ္။"

ပိုးေတြ႕အတည္ျပဳလူနာ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းထဲမွာလည္း ကပ္ေရာဂါကူးစက္ခံရသူနဲ႔ သံသယလူနာေတြအတြက္ ေအာက္စီဂ်င္လိုအပ္ခ်က္ ရွိေနပါတယ္။ ေရာဂါသံသယရွိသူေတြ စစ္ေဆးႏိုင္ဖို႔နဲ႔ အတည္ျပဳလူနာေတြ ေဆး႐ုံတင္ကုသမႈ ခံယူႏိုင္ဖို႔အတြက္လည္း ကန႔္သတ္ခ်က္ေတြရွိေနပါတယ္။ ဒီရက္ပိုင္းေတြမွာ ေသဆုံးသူအဆမတန္မ်ားလာလို႔ ၿမိဳ႕နယ္အလိုက္ သၿဂႋဳလ္ဖို႔ ခြဲျခားသတ္မွတ္ထားရပါတယ္။

အေျခခံလူတန္းစားနဲ႔ စက္႐ုံလုပ္သား၊ အေဆာင္ေနသူ အမ်ားဆုံးရွိေနတဲ့ လႈိင္သာယာၿမိဳ႕နယ္ထဲမွာ လူနာေတြအေရးေပၚ လိုအပ္တဲ့ ေအာက္ဆီဂ်င္ကို အလ်င္မီေအာင္ေဆာင္႐ြက္ေပမယ့္ အသက္မမီတဲ့ျဖစ္ရပ္ေတြ ႀကဳံရတာမ်ားလာတယ္လို႔ ပရဟိတေဆာင္႐ြက္ေပးေနတဲ့ ဆရာေတာ္တပါးက မိန႔္ပါတယ္။

"အခု ဘုန္းဘုန္းဆီမွာ ေအာက္ဆီဂ်င္ေတာင္းတဲ့သူေတြကို လိုက္ၿပီးကူညီေတာ့ ေ႐ႊလင္ပန္းေဆး႐ုံက ဆရာဝန္ေတြရဲ႕ အကူအညီနဲ႔ အေရးေပၚလိုေနသူေတြအတြက္ သြားယူေနတုန္းရွိေသးတယ္၊ ေအာက္ဆီဂ်င္လည္း ျဖည့္ၿပီးသြားၿပီ၊ လာပို႔မယ္လည္းလုပ္ေတာ့ အဲလူေတြ ဆုံးသြားတယ္။ ဘုန္းဘုန္းတို႔လည္း မႏိုင္ေတာ့တဲ့အတြက္ေၾကာင့္မို႔ နီးစပ္ရာ ပရဟိတအသင္းေတြနဲ႔ အေကာင္းဆုံးပဲေဆာင္႐ြက္ပါလို႔ အႀကံဉာဏ္ပဲေပးလိုက္ေတာ့တယ္။"

စစ္ေကာင္စီကေတာ့ ႏိုင္ငံတြင္းမွာရွိတဲ့ ျပည္သူ႔ေဆး႐ုံေတြ၊ တပ္မေတာ္ေဆး႐ုံေတြနဲ႔ က်န္းမာေရးဌာန၊ ကိုဗစ္စင္တာအပါအဝင္ ဘာသာေရးနဲ႔ စာသင္ေက်ာင္းေတြဆီ ကိုဗစ္ကာကြယ္ေရး အေထာက္အကူျပဳပစၥည္းေတြနဲ႔ ေအာက္စီဂ်င္အိုးေတြကို ဇူလိုင္လ ၁ ရက္ေန႔ကစၿပီး လႉဒါန္းေပးေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ကိုဗစ္လူနာေတြရဲ႕ လိုအပ္ခ်က္နဲ႔ ေသဆုံးသူေတြကို သၿဂႋဳလ္ဖို႔အထိ လက္ေတြ႕ လိုက္လံ ေဆာင္႐ြက္ေပးေနသူေတြကေတာ့ ေသဆုံးသူေတာ္ေတာ္မ်ားမ်ားဟာ ေအာက္စီဂ်င္အလုံအေလာက္ မရတာကေန အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ခဲ့ၾကတာလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


UNICODE

မြန်မာနိုင်ငံတဝန်း ကိုဗစ်တတိယလှိုင်းနဲ့ အပြင်းအထန်ရင်ဆိုင်နေရတဲ့ မြို့တွေထဲက ကလေးမြို့နဲ့ တိုင်းပြည်ရဲ့ အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ ရန်ကုန်မြို့တို့မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေအတွက်ရော၊ သံသယလူနာတွေအတွက်ပါ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

ကပ်ရောဂါတတိယလှိုင်းမှာ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူ တနေ့တက်တနေ့ တိုးလာနေပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြာသပတေးညအထိ ထုတ်ပြန်ချက်အရ ကပ်ရောဂါအတည်ပြုလူနာဦးရေဟာ ၂၁၀,၀၀၀ ကျော်အထိ ရှိလာပါပြီ။ ကူးစက်သူအရေအတွက်ဟာ လက်တွေ့မှာ ဒီ့ထက်မကများနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေက ပြောထားပါတယ်။

အတည်ပြုလူနာရော၊ ရောဂါသံသယရှိသူတွေပါ များနေပြီး သူတို့ကို ကုသပေးနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းအားနဲ့ ပစ္စည်းကိရိယာ လိုအပ်ချက်တွေကလည်း ရောဂါဖြစ်ပွားရာဒေသ တော်တော်များများမှာ ရင်ဆိုင်နေရတာပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ အရေအတွက်ထက် သံသယရှိသူဦးရေက တိုးလာနေပြီး သူတို့ကိုစစ်ဆေးပေးနိုင်ဖို့ အခက်တွေ့နေပါတယ်။ လူနာတွေ အများဆုံးလိုအပ်နေတာက အောက်ဆီဂျင်ဖြစ်ပြီးတော့ ဒါတွေကို ဒေသအခြေစိုက် ပရဟိတအသင်းတွေနဲ့ စေတနာရှင်တွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ရှာဖွေပြီးဖြည့်တင်းပေးနေပါတယ်။

အရင်ကထက် သေဆုံးသူဦးရေ လျော့လာတယ်ဆိုပေမယ့် အောက်ဆီဂျင်အရေးပေါ်လိုအပ်ချက်ကတော့ ကြီးမားနေတုံးပဲလို့ ဒေသအခြေစိုက် ပရဟိတအသင်းတခုရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

"အောက်စီဂျင်အခြေအနေက ပြတ်တုန်းလတ်တုန်းပါပဲဗျာ။ ရောက်တဲ့နေရာလေးမှာ ဖြည့်လိုက်၊ ကုန်သွားလိုက် အဲလိုမျိုးပါဗျ။ သူဆိုင်ရာ ပိုင်ရာပေါ့ဗျာ ကြိုးစားပြီးတော့ ရှာကြတာပေါ့။ မန္တလေး၊ မုံရွာမှာဆို တန်းစီရတယ်၊ ခခယယတောင်းရတယ်၊ အဲစနစ်တွေနဲ့ကို လုပ်နေရတာဗျ။ အရင်ထက်စာရင် သေတာတော့ နည်းနည်းလျော့သွားပြီ ပြောရမယ်ဗျ။ အောက်စီဂျင်လိုအပ်ချက်ကတော့ ဘူးဘယ်လောက်ရောက်ရောက် ကုန်တာပါပဲဗျ။ တချို့နေရာမှာဆို ၄ သိန်းဆိုလည်း ရောင်းရတာ ကုန်တာပါပဲ။ ၅ သိန်းဆိုလည်း ကုန်သွားတာပဲ၊ ရောင်းတဲ့ဘူးတွေက။ တချို့ဆိုရင် အောက်စီဂျင်ဖိုးကို မတတ်နိုင်လို့ အိမ်ဝင်းရောင်းပြီးတောင် ဝယ်ဖို့လုပ်တဲ့သူတွေကအစရှိတယ်။"

ပိုးတွေ့အတည်ပြုလူနာ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းထဲမှာလည်း ကပ်ရောဂါကူးစက်ခံရသူနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်လိုအပ်ချက် ရှိနေပါတယ်။ ရောဂါသံသယရှိသူတွေ စစ်ဆေးနိုင်ဖို့နဲ့ အတည်ပြုလူနာတွေ ဆေးရုံတင်ကုသမှု ခံယူနိုင်ဖို့အတွက်လည်း ကန့်သတ်ချက်တွေရှိနေပါတယ်။ ဒီရက်ပိုင်းတွေမှာ သေဆုံးသူအဆမတန်များလာလို့ မြို့နယ်အလိုက် သင်္ဂြိုလ်ဖို့ ခွဲခြားသတ်မှတ်ထားရပါတယ်။

အခြေခံလူတန်းစားနဲ့ စက်ရုံလုပ်သား၊ အဆောင်နေသူ အများဆုံးရှိနေတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ လူနာတွေအရေးပေါ် လိုအပ်တဲ့ အောက်ဆီဂျင်ကို အလျင်မီအောင်ဆောင်ရွက်ပေမယ့် အသက်မမီတဲ့ဖြစ်ရပ်တွေ ကြုံရတာများလာတယ်လို့ ပရဟိတဆောင်ရွက်ပေးနေတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။

"အခု ဘုန်းဘုန်းဆီမှာ အောက်ဆီဂျင်တောင်းတဲ့သူတွေကို လိုက်ပြီးကူညီတော့ ရွှေလင်ပန်းဆေးရုံက ဆရာဝန်တွေရဲ့ အကူအညီနဲ့ အရေးပေါ်လိုနေသူတွေအတွက် သွားယူနေတုန်းရှိသေးတယ်၊ အောက်ဆီဂျင်လည်း ဖြည့်ပြီးသွားပြီ၊ လာပို့မယ်လည်းလုပ်တော့ အဲလူတွေ ဆုံးသွားတယ်။ ဘုန်းဘုန်းတို့လည်း မနိုင်တော့တဲ့အတွက်ကြောင့်မို့ နီးစပ်ရာ ပရဟိတအသင်းတွေနဲ့ အကောင်းဆုံးပဲဆောင်ရွက်ပါလို့ အကြံဉာဏ်ပဲပေးလိုက်တော့တယ်။"

စစ်ကောင်စီကတော့ နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေ၊ တပ်မတော်ဆေးရုံတွေနဲ့ ကျန်းမာရေးဌာန၊ ကိုဗစ်စင်တာအပါအဝင် ဘာသာရေးနဲ့ စာသင်ကျောင်းတွေဆီ ကိုဗစ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေနဲ့ အောက်စီဂျင်အိုးတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး လှူဒါန်းပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်လူနာတွေရဲ့ လိုအပ်ချက်နဲ့ သေဆုံးသူတွေကို သင်္ဂြိုလ်ဖို့အထိ လက်တွေ့ လိုက်လံ ဆောင်ရွက်ပေးနေသူတွေကတော့ သေဆုံးသူတော်တော်များများဟာ အောက်စီဂျင်အလုံအလောက် မရတာကနေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG