သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ္းနဲ႔ ပလက္ဝမွာ ဆန္နဲ႔ စားနပ္ရိကၡာ အခက္ၾကံဳေန


အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ရဲ႕တိုက္ပြဲေတြေၾကာင့္ တိမ္းေရွာင္ထြက္ေျပးခဲ့ၾကေသာ စစ္ေရွာင္မ်ား (သတင္းဓာတ္ပံု-Rakhine Ethnics Congress)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ေတြမွာ တပ္မေတာ္က စားနပ္ရိကၡာ သယ္ယူခြင့္ တားျမစ္ထားတာေၾကာင့္ ေဒသခံျပည္သူေတြနဲ႔ စစ္ေရွာင္စခန္းတခ်ိဳ႕မွာ စားဝတ္ေနေရး အခက္အခဲေတြ ရင္ဆိုင္ေနၾကရပါတယ္။ ဒါ့အျပင္ စစ္ေရွာင္စခန္းေတြမွာ ေသာက္သံုးေရ မသန္႔ရွင္းတာေၾကာင့္ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါေတြလည္း ျဖစ္ေနပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။

ခ်င္းလူမ်ိဳးေတြ အမ်ားစုေနထိုင္ၾကတဲ့ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းအုပ္စုက ေက်းရြာ ၄၀ ေလာက္ကို ဒီလဆန္း ပိုင္းေလာက္က စၿပီး ဆန္ရိကၡာသယ္ ယူခြင့္ေတြ တပ္မေတာ္ဘက္က ပိတ္ထားတယ္လို႔ အမ္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"ဒီဘက္ေတြမွာက လက္နက္ကိုင္ ပဋိပကၡေတြ ရွိတဲ့အခါက်ေတာ့ အဲတာေတြက တဘက္ကို ပံ့ပို႔ဖို႔ ေရာက္သြားမယ္။ သံသယ စိုးရိမ္တဲ့ဟာေတြ ရွိတယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ ဒီေနရာေတြက ခ်င္းတိုင္းရင္းသားေတြေလ ရခိုင္ေတြေတာင္ မဟုတ္ဘူး။ အခုလည္း ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး အပါအဝင္ အဖြဲ႔ ဖြဲ႔ထားတာရွိတယ္။ ကူညီ ကယ္ဆယ္ေရး ေကာ္မတီေလ။ အဲဒီေကာ္မတီကိုလည္း လူကယ္ျပန္ကေပးတဲ့ ဆန္ေတြရွိတယ္။ အရပ္ဘက္ အဖြဲ႔အစည္းေတြက အလွဴခံလို႔ ရတဲ့ ဆန္ေတြ ရွိတယ္။ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဖြဲ႔ထားတဲ့ အဖြဲ႔ကိုေတာင္မွ သူတို႔သြားခြင့္မေပးဘူး။"

အမ္းၿမိဳ႕နဲ႔ မိုင္၃၀ ေလာက္ အကြာမွာ ရွိတဲ့ အဲဒီေက်းရြာေတြဟာ ခ်င္းလူမ်ိဳးေတြ ေနထိုင္တဲ့ ေတာင္ေပၚေက်းရြာေတြ ျဖစ္ၿပီး လယ္ယာေျမေတြ မရွိတာေၾကာင့္ အမ္းၿမိဳ႕နဲ႔ ေျမပံုၿမိဳေတြက ဆန္ေတြကို ဝယ္ယူစားေသာက္ၾကရတာလည္း ျဖစ္ပါတယ္။ အခုလို ဆန္သယ္ယူခြင့္ေတြ ပိတ္ထားတာေၾကာင့္ အဲေတာင္ေပၚေက်းရြာ ၄၀ ေလာက္မွာ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတာ ျဖစ္ပါတယ္။

"ဒလက္အုပ္စုဆိုတာ ေက်းရြာေပါင္း ၄၇ ရြာရွိတယ္။ အိမ္ေထာင္စုလည္း ေထာင္နဲ႔ ခ်ီၿပီးေတာ့ ရွိတယ္။ ဒလက္ေခ်ာင္းဆိုတာ ေခ်ာင္းဖ်ားမွာ ရွိတာ ေတာင္ကမ္းပါးမွာ ေတာင္ယာေတြကို လုပ္ကိုင္စားေသာက္ၾကတဲ့ ခ်င္းတိုင္းသားေတြ ေနထိုင္ၾကတာ။ သူတို႔မွာ လယ္ယာေျမ မရွိေတာ့ သစ္ဝါးေတြ ခုတ္ၿပီးေတာ့ တပ္ေတာင္ ထမ္းေထာင္းႀကီး အမ္းၿမိဳ႕ေတြကို မွီခိုၿပီးေတာ့ လုပ္ကိုင္ စားေသာက္ၾကတယ္။ ႏွမ္းေတြေပၚတဲ့ အခါ နွမ္းေတြနဲ႔ ဆန္နဲ႔ လဲတာရွိတယ္။ ဝယ္တာ ရွိတယ္။ အဲတာေတြကို မသယ္ရဘူးဆိုေတာ့ သူတို႔က ရပ္တည္လို႔မရဘူး စားစရာမွမရွိတာ။

အလားတူပဲ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာလည္း ေရလမ္းခရီးကို ေဖေဖာ္ဝါရီလ အေစာပိုင္းကတည္းက ပိတ္ပင္ထားတာေၾကာင့္ စားနပ္ရိကၡာ ျပတ္လတ္မႈေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ ေျပာခြင့္ရ စည္ပင္သာယာေရး ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

"ဆန္ကေတာ့ က်ေနာ္တို႔ နဂိုပံုမွန္ ေက်ာက္ေတာ္ဘက္က ဆန္ကို ကုန္သည္ေတြက ဝယ္ၿပီးေတာ့ ပလက္ဝမွာ ျပန္ေရာင္းၾကတယ္။ ခ်င္းလက္ဝအထိ တင္ၿပီးေတာ့ ေရာင္းၾကဝယ္ၾက ပံုမွန္ စီးပြားေရးက လည္ပတ္ေနတာ ကုလားတန္ျမစ္ရိုး တစ္ေလ်ာက္ သြားေနတာ အဲတာကို တားဆီးတာက်ေတာ့ ေတာ္ေတာ္ကို လူထုမွာ ထိခိုက္ တယ္။"

ဒီကိစၥနဲ႔ ပတ္သတ္ၿပီးေတာ့ က်ေနာ္တို႔ ျပည္နယ္ အစိုးရကေနၿပီးေတာ့ ျပည္ေထာင္စုကို ျဖစ္စဥ္မွန္ကို တင္ျပတယ္။ ျပည္ေထာင္စုကပဲ လုပ္လို႔ရမယ့္ အေနအထားေပါ့။ ဒါက ႏွစ္ဘက္ စစ္ျဖစ္ေနတဲ့ ေနရာဆိုေတာ့ ၿမိဳ႕နယ္၊ ျပည္နယ္၊ ခရိုင္ အဆင့္ေတြက ဘာမွ လုပ္ေပးလို႔ရတဲ့ အေနအထား မဟုတ္ေတာ့ဘူး။ ေနေျမေအးခ်မ္းသြားရင္ ေတာ့ စားနပ္ရိကၡာက သူ႔ဟာသူ လည္ပတ္သြားမွာပါ။ အခုက ျပည္သူလူထု ပံုမွန္သြားေနတဲ့ လမ္းေၾကာင္းကို ပိတ္ထားတာေတာ့ မျဖစ္သင့္ဘူးေပါ့ေနာ္။

တပ္မေတာ္ဘက္က ျပည္သူေတြ သြားလာေနၾကတဲ့ လမ္းေတြနဲ႔ ရိကၡာသယ္ယူေနတဲ့ လမ္းေၾကာင္းေတြကို ပိတ္ထားတာနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ေျပာဆိုခြင့္ရွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္လည္း မရခဲ့ပါဘူး။

ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ထားသလို အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ရဲ႕တိုက္ပြဲေတြဟာလည္း ယခင္ကထက္ ျပင္းထန္လာေနတာပါ။ ဒါေၾကာင့္ ေနရပ္စြန္႔ခြာ ထြြက္ ေျပးလာသူေတြ မ်ားျပားလာၿပီး စစ္ေရွာင္စခန္းေတြမွာ စားဝတ္ေနေရး အျပင္ က်န္းမာေရး ျပႆနာေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

လူဦးေရ ၅၀၀ နီးပါးေနထိုင္တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေတာင္မင္း ကုလားစစ္ေရွာင္စခန္းမွာေတာ့ ေသာက္သံုးေရး ရွားပါးမႈနဲ႔အတူ အသက္ တႏွစ္ေအာက္ ကေလးေတြဟာ ဝမ္းပ်က္၊ ဝမ္းေလွ်ာ ျဖစ္ေနၾကတယ္လို႔ စစ္ေရွာင္စခန္းက မေအးခိုင္က ေျပာပါတယ္။

"ကေလးေတြ ဝမ္းေရာဂါ ျဖစ္ေနတာက ၉ ေယာက္ရွိတယ္။ ျဖစ္ေနတာ တစ္ပတ္ေက်ာ္သြားတဲ့ သူေတြ ရွိတယ္။ ၉ ရက္ရွိတယ္၊ ၃ ရက္ရွိတယ္၊ ၄ ရက္ရွိတယ္။ မေန႔က တရက္တည္းမွာ ၄ ေယာက္ျဖစ္တယ္။ အခုက ဆရာဝန္ေတြ လာကုေပးလို႔ အေျခအေန နည္းနည္း ေကာင္းသြားၿပီ ေရေတြ အဆင္မေျပဘူး အခက္အခဲရွိတယ္။

လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္မွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ရဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ဦးေရဟာလည္း ၁၀၆,၀၀၀ ေက်ာ္အထိ ရွိလာေနတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမ်းနဲ့ပလက်ဝမှာ ဆန်နဲ့စားနပ်ရိက္ခာ အခက်ကြုံနေ

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ တပ်မတော်က စားနပ်ရိက္ခာ သယ်ယူခွင့် တားမြစ်ထားတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါတွေလည်း ဖြစ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ချင်းလူမျိုးတွေ အများစုနေထိုင်ကြတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုက ကျေးရွာ ၄၀ လောက်ကို ဒီလဆန်း ပိုင်းလောက်က စပြီး ဆန်ရိက္ခာသယ် ယူခွင့်တွေ တပ်မတော်ဘက်က ပိတ်ထားတယ်လို့ အမ်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
"ဒီဘက်တွေမှာက လက်နက်ကိုင် ပဋိပက္ခတွေ ရှိတဲ့အခါကျတော့ အဲတာတွေက တစ်ဘက်ကို ပံ့ပို့ဖို့ ရောက်သွားမယ်။ သံသယ စိုးရိမ်တဲ့ဟာတွေ ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနေရာတွေက ချင်းတိုင်းရင်းသားတွေလေ ရခိုင်တွေတောင် မဟုတ်ဘူး။ အခုလည်း မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ ဖွဲ့ထားတာရှိတယ်။ ကူညီ ကယ်ဆယ်ရေး ကော်မတီလေ။ အဲဒီကော်မတီကိုလည်း လူကယ်ပြန်ကပေးတဲ့ ဆန်တွေရှိတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေက အလှူခံလို့ ရတဲ့ ဆန်တွေ ရှိတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးဖွဲ့ထားတဲ့ အဖွဲ့ကိုတောင်မှ သူတို့သွားခွင့်မပေးဘူး။"

အမ်းမြို့နဲ့ မိုင်၃၀ လောက် အကွာမှာ ရှိတဲ့ အဲဒီကျေးရွာတွေဟာ ချင်းလူမျိုးတွေ နေထိုင်တဲ့ တောင်ပေါ်ကျေးရွာတွေ ဖြစ်ပြီး လယ်ယာမြေတွေ မရှိတာကြောင့် အမ်းမြို့နဲ့ မြေပုံမြိုတွေက ဆန်တွေကို ဝယ်ယူစားသောက်ကြရတာလည်း ဖြစ်ပါတယ်။ အခုလို ဆန်သယ်ယူခွင့်တွေ ပိတ်ထားတာကြောင့် အဲတောင်ပေါ်ကျေးရွာ ၄၀ လောက်မှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

"ဒလက်အုပ်စုဆိုတာ ကျေးရွာပေါင်း ၄၇ ရွာရှိတယ်။ အိမ်ထောင်စုလည်း ထောင်နဲ့ ချီပြီးတော့ ရှိတယ်။ ဒလက်ချောင်းဆိုတာ ချောင်းဖျားမှာ ရှိတာ တောင်ကမ်းပါးမှာ တောင်ယာတွေကို လုပ်ကိုင်စားသောက်ကြတဲ့ ချင်းတိုင်းသားတွေ နေထိုင်ကြတာ။ သူတို့မှာ လယ်ယာမြေ မရှိတော့ သစ်ဝါးတွေ ခုတ်ပြီးတော့ တပ်တောင် ထမ်းထောင်းကြီး အမ်းမြို့တွေကို မှီခိုပြီးတော့ လုပ်ကိုင် စားသောက်ကြတယ်။ နှမ်းတွေပေါ်တဲ့ အခါ နှမ်းတွေနဲ့ ဆန်နဲ့ လဲတာရှိတယ်။ ဝယ်တာ ရှိတယ်။ အဲတာတွေကို မသယ်ရဘူးဆိုတော့ သူတို့က ရပ်တည်လို့မရဘူး စားစရာမှမရှိတာ။

အလားတူပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း ရေလမ်းခရီးကို ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ပိတ်ပင်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်လတ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"ဆန်ကတော့ ကျနော်တို့ နဂိုပုံမှန် ကျောက်တော်ဘက်က ဆန်ကို ကုန်သည်တွေက ဝယ်ပြီးတော့ ပလက်ဝမှာ ပြန်ရောင်းကြတယ်။ ချင်းလက်ဝအထိ တင်ပြီးတော့ ရောင်းကြဝယ်ကြ ပုံမှန် စီးပွားရေးက လည်ပတ်နေတာ ကုလားတန်မြစ်ရိုး တစ်လျောက် သွားနေတာ အဲတာကို တားဆီးတာကျတော့ တော်တော်ကို လူထုမှာ ထိခိုက် တယ်။"

ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ ပြည်နယ် အစိုးရကနေပြီးတော့ ပြည်ထောင်စုကို ဖြစ်စဉ်မှန်ကို တင်ပြတယ်။ ပြည်ထောင်စုကပဲ လုပ်လို့ရမယ့် အနေအထားပေါ့။ ဒါက နှစ်ဘက် စစ်ဖြစ်နေတဲ့ နေရာဆိုတော့ မြို့နယ်၊ ပြည်နယ်၊ ခရိုင် အဆင့်တွေက ဘာမှ လုပ်ပေးလို့ရတဲ့ အနေအထား မဟုတ်တော့ဘူး။ နေမြေအေးချမ်းသွားရင် တော့ စားနပ်ရိက္ခာက သူ့ဟာသူ လည်ပတ်သွားမှာပါ။ အခုက ပြည်သူလူထု ပုံမှန်သွားနေတဲ့ လမ်းကြောင်းကို ပိတ်ထားတာတော့ မဖြစ်သင့်ဘူးပေါ့နော်။

တပ်မတော်ဘက်က ပြည်သူတွေ သွားလာနေကြတဲ့ လမ်းတွေနဲ့ ရိက္ခာသယ်ယူနေတဲ့ လမ်းကြောင်းတွေကို ပိတ်ထားတာနဲ့ ပတ်သတ်ပြီး တပ်မတော်ပြောဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့်လည်း မရခဲ့ပါဘူး။

ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားသလို အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေဟာလည်း ယခင်ကထက် ပြင်းထန်လာနေတာပါ။ ဒါကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးလာသူတွေ များပြားလာပြီး စစ်ရှောင်စခန်းတွေမှာ စားဝတ်နေရေး အပြင် ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

လူဦးရေ ၅၀၀ နီးပါးနေထိုင်တဲ့ ကျောက်တော်မြို့နယ် တောင်မင်း ကုလားစစ်ရှောင်စခန်းမှာတော့ သောက်သုံးရေး ရှားပါးမှုနဲ့အတူ အသက် တနှစ်အောက် ကလေးတွေဟာ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြတယ်လို့ စစ်ရှောင်စခန်းက မအေးခိုင်က ပြောပါတယ်။

"ကလေးတွေ ဝမ်းရောဂါ ဖြစ်နေတာက ၉ ယောက်ရှိတယ်။ ဖြစ်နေတာ တစ်ပတ်ကျော်သွားတဲ့ သူတွေ ရှိတယ်။ ၉ ရက်ရှိတယ်၊ ၃ ရက်ရှိတယ်၊ ၄ ရက်ရှိတယ်။ မနေ့က တရက်တည်းမှာ ၄ ယောက်ဖြစ်တယ်။ အခုက ဆရာဝန်တွေ လာကုပေးလို့ အခြေအနေ နည်းနည်း ကောင်းသွားပြီ ရေတွေ အဆင်မပြေဘူး အခက်အခဲရှိတယ်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေဟာလည်း ၁၀၆,၀၀၀ ကျော်အထိ ရှိလာနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG