သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဆေးရုံတက် ကုသမှုခံယူနေရ


ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif

ထောင်ကျနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ဟာ အကျဉ်းထောင်ထဲမှာ နှလုံးရောဂါဖောက်လာတဲ့အတွက် သူ့ကို သီးခြားချုပ်ထားတဲ့ ထောင်တိုက်ခန်းကနေ အစ္စလာမ်မာဘတ်မြို့တော်က ဆေးရုံကြီးကို ရွှေ့လိုက်တယ်လို့ တာဝန်ရှိသူတဦးက တနင်္ဂနွေနေ့မှာပြောပါတယ်။

ရာဝါလ်ပင်ဒီထောင်ထဲမှာ အသက် ၆၉ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း Sharif ကို ပုံမှန်လုပ်နေကျ နှလုံးစစ်စက်နဲ့ စစ်ဆေးတာမှာ ဆေးရုံတင်ကုသဖို့ လိုအပ်တယ်လို့ တွေ့ရတဲ့အတွက် ရွှေ့ပြောင်းလိုက်တာဖြစ်တယ်လို့ ပန်ဂျပ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Shaukat Javed ကပြောပါတယ်။

မစ္စတာ Sharif ကို ဆေးရုံရဲ့ နှလုံးကုသဆောင်မှာတင်ထားသပြီး အခြေအနေ တည်ငြိမ်နေတယ်လို့ ပါကစ္စတန် ဆေးသိပ္ပံ အင်စိတီကျူ ပြောခွင့်ရကပြောပါတယ်။

ဆေးရုံအပြင်ဘက်မှာတော့ မစ္စတာ Sharif ကို ထောက်ခံသူတွေ သူ့ရဲ့သတင်းကို စောင့်နားထောင်ရင်း ကြွေးကြော်သံတွေ အော်ဟစ်ကြပါတယ်။

မစ္စတာ Sharif နဲ့ သမီးဖြစ်သူ Maryam Nawaz တို့ကို လန်ဒန်ကနေပြန်အရောက်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး မစ္စတာ Sharif ကို အကျင့်ပျက်ခြစားမှုဆိုင်ရာစွဲချက်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားပြီး သမီးဖြစ်သူကတော့ ထောင်ဒဏ် ၇ နှစ် ချခံထားရပါ တယ်။ သူတို့တင်ထားတဲ့ အယူခံကို ဇူလိုင်လ ၃၁ ရက်နေ့ကျရင် တရားရုံးတခုမှာ ကြားနာ စစ်ဆေးမှာဖြစ်ပါတယ်။

XS
SM
MD
LG