သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဆန့်ကျင်ရေးဥပဒေပြင်ဆင်ချက် ပါကစ္စတန်သမ္မတ လက်မှတ်မထိုး


ပါကစ္စတန်သမ္မတ Arif Alvi
ပါကစ္စတန်သမ္မတ Arif Alvi

ပါကစ္စတန်နိုင်ငံမှာ "အစိုးရနဲ့သဘောထားကွဲသူတွေကို ချိုးနှိမ်ပြီး စစ်တပ်နဲ့ အမျိုးသားလုံခြုံရေးဆန့်ကျင်တဲ့လုပ်ရပ်အတွက် တရားစွဲဆိုပိုင်ခွင့်အာဏာပိုပေးအပ်မယ့် ဥပဒေကြမ်း ၂ ရပ်ကို သမ္မတ Arif Alvi (အာလ်ဗီ) က လက်မှတ်ထိုးဖို့ ငြင်းဆန်လိုက်ပါတယ်။

"ဘုရားရှင်ကိုတိုင်တည်ပြီး ပြောပါရစေ။ အစိုးရလျှို့ဝှက်ချက်ဥပဒေပြင်ဆင်ချက်မူကြမ်း ၂၀၂၃ နဲ့ ပါကစ္စတန်စစ်တပ်ဥပဒေပြင်ဆင်ရေးမူကြမ်း ၂၀၂၃ တို့ကို ကျနော် သဘောမတူတဲ့အတွက် လက်မှတ်မထိုးပါဘူး" လို့ သမ္မတ Alvi က သူ့ရဲ့ တွစ်တာမှာ ရေးတင်ထားတာဖြစ်ပါတယ်။

ဒီဥပဒေကြမ်း ၂ ရပ်ကို ပါကစ္စတန်ပါလီမန်သက်တမ်းကုန်ဆုံးတဲ့ သြဂုတ်လ ၃ ရက် မဖျက်သိမ်းခင် လေးတင် အတည်ပြုခဲ့တာပါ။ ဒါပေမဲ့ ဥပဒေကြမ်းတွေဟာ တကယ့်ဥပဒေဖြစ်လာဖို့အတွက် ဖွဲ့စည်းပုံဥပဒေအရ သမ္မတက သဘောတူလက်မှတ်ထိုးဖို့ လိုအပ်ပါတယ်။ သမ္မတ Alvi က ဆက်လက်ရေးသားရာမှာ သူက ဥပဒေကြမ်းတွေကို လက်မှတ်မထိုးဘဲ သတ်မှတ်ချိန်အတွင်း ပြန်ပေးလိုက်ဖို့ ညွှန်ကြားခဲ့ပေမဲ့ သူ့ဝန်ထမ်းတွေက မလိုက်နာခဲ့ကြဘူး။ လက်အောက်အရာရှိတယောက်ယောက်က သူ့လက်မှတ်ကို အတုလုပ် ရေးထိုးထားတယ်-ဆိုတဲ့ သဘောမျိုးလည်း ဖော်ပြထားပါတယ်။

သမ္မတ Arif Alvi က ပါကစ္စတန်နို်ငံ လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ဦးစီးချုပ်လည်းဖြစ်ပါတယ်။ သမ္မတရဲ့ ထုတ်ဖော်ပြောဆိုချက်ဟာ အာဏာကြီးမားတဲ့စစ်တပ်ကို နောက်တလှမ်းဆုတ်သွားစေပြီး ပါကစ္စတန်နိုင်ငံအတွက် ဖွဲ့စည်းပုံဆုိင်ရာ အကြပ်အတည်းသစ်တရပ် ကျရောက်စေနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG