သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထရမ့်ပ်ကို ပါကစ္စတန်မှာ ကန့်ကွက်ဆန္ဒပြ


Pakistan
Pakistan

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ တနင်္ဂနွေနေ့က အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ် တုတ်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။

ပါကစ္စတန် နဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် မကြာသေးခင်က ပြောခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် Imamia ကျောင်းသားအဖွဲ့က ကန့်ကွက်ဆန္ဒပြတာပါ။ ဒီကျောင်းသားအဖွဲ့ဟာ ရှီးယားမူစလင် ကျောင်းသားတွေကို ကိုယ်စားပြုတဲ့အဖွဲ့ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ တောင်အာရှဆိုင်ရာ မဟာဗျူဟာသစ်ကို ချပြတဲ့ မိန့်ခွန်းထဲမှာ သမ္မတထရမ့်ပ်က အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေကို ပါကစ္စတန်က လက်ခံထားတယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါ တယ်။ ဆန္ဒပြ ကျောင်းသားအုပ်စုတစုက အမေရိကန် ကောင်စစ်ဝန်ရုံးကို ချီတက်ဖို့ကြိုးစားချိန်မှာ ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့ကပြောပါတယ။်

ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့လဲ ဆိုပါတယ်။

ပါကစ္စတန်ဘက်ကတော့ သမ္မတထရမ့်ပ်ရဲ့ စွပ်စွဲချက်ကိုငြင်းထားပြီး အကြမ်းဖက်ဝါဒနှိမ်နင်းရေးစစ်ပွဲမှာ ပါကစ္စတန်တပ်ဖွဲ့တွေ ပါဝင်နေပြီး တပ်ဖွဲ့ဝင်အများအပြား နိုင်ငံအတွက် အသက်စွန့်လွှတ်သွားခဲ့ကြတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

သမ္မတထရမ့်ပ်ကို ပါကစ္စတန်မှာ ကန့်ကွက်ဆန္ဒပြ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG