သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆိုင်ရာအမေရိကန်စစ်ရေးပေါ်လစီ Trump ချပြမည်


အမေရိကန်တွေပါဝင်တိုက်ခိုက်နေတဲ့ အာဖဂန်စစ်ပွဲဟာ လုံးဝအလဟသတ်ပဲလို့နှစ်အတော်ကြာအောင်ပြောဆိုလာခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်က အာဖဂန်စစ်ပွဲမှာ အမေရိကန်တပ်တွေဆက်ပြီးရှိနေဖို့ သူဘာကြောင့်ယူဆသလဲဆို တာကို မကြာခင်ရှင်းလင်းပြောကြားဖို့ရှိပါတယ်။

ကျနော်တို့အသံလွှင့်ပြီး နာရီဝက်အကြာ၊ ဝါရှင်တန်စံတော်ချိန်ည ၉နာ ရီမှာ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန် အမျိုးသား စစ်သင်္ချိုင်းနားက စစ်စခန်းမှာ ပြောကြားဖို့ရှိပါတယ်။ အမေရိကန်ရဲ့ ပြောင်းလဲလာတဲ့ မဟာဗျူဟာအရ ထောင်နဲ့ချီတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ အာဖဂန်နစ္စတန်မှာ ထပ်ပြီးတိုးမြင့်ချထား မယ့်အကြောင်း သမ္မတထရမ့်က သူ့ရဲ့မိန့်ခွန်းထဲမှာ ကြေညာမယ့်သဘောရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။

အမေရိကန်တွေရဲ့အကြာဆုံးစစ်ပွဲ ဖြစ်လာနေတဲ့ ၁၆နှစ်ကြာ အာဖဂန်စစ်ပွဲနဲ့ပတ်သက်တဲ့ မူဝါဒတွေကို လနဲ့ချီပြန်လည် သုံးသတ်မှုတွေပြုလုပ်ခဲ့ပြီးနောက်ပိုင်း သမ္မတထရမ့်က အခုလိုဆုံးဖြတ်လာတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပါကစ္စတန်ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဖဂန်နစ်စတန်နိုင်ငံကြားရေးဝန်ကြီးတွေကို မနေ့ တယ်လီဖုန်းဆက်သွယ်ပြီး တောင်အာရှဒေသွင်းတည်ငြိမ်မှုရရှိရေး အမေရိကန်က နိုင်ငံတခုချင်းစီ နဲ့ပူးပေါင်းလုပ် ဆောင်လိုတဲ့အကြောင်းပြောဆိုခဲ့ပါတယ်။

အာဂဖန်ဆိုင်ရာအမေရိကန်စစ်ရေးပေါ်လစီ Trump ချပြမည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG