သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကပ္ေရာဂါကာလ ဆင္းရဲခ်မ္းသာ ကြာဟမႈႀကီးမား


မိဘေတြ အေႂကြးမဆပ္ႏိုင္လို႔ အသက္ ၂၃ ႏွစ္ အရြယ္ အမ်ိဳးသားကို ေပးအပ္ခံခဲ႔ရတဲ႔ မိန္းကေလးငယ္ကို အာဖဂန္နစၥတန္ ႏိုင္ငံ Badghis ျပည္နယ္က ဒုကၡသည္ စခန္းမွာ ေတြ႕ရစဥ္။

(Zawgyi/ Unicode)
ကိုဗစ္ကပ္ေရာဂါ စတင္ၿပီးေနာက္ပိုင္း ကမာၻေပၚက ကုေဋႂကြယ္ သူေဌးႀကီးေတြရဲ႕ ႂကြယ္၀မႈဟာ ေဒၚလာ သန္းေပါင္း သန္းခ်ီ တိုးလာခ်ိန္မွာ၊ ကမာၻေပၚက အဆင္းရဲဆုံးသူေတြကေတာ့ ကုန္ေစ်းႏႈန္းနဲ႔ အေႂကြးေတြ တိုးလာေနတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရေၾကာင္း ပရဟိတ အဖြဲ႔အစည္း တခုျဖစ္တဲ့ Oxfam အဖြဲ႔ရဲ႕ သံုးသပ္ခ်က္က ေဖာ္ျပလိုက္ပါတယ္။

ဆြစ္ဇာလန္ ႏိုင္ငံက ေတာင္ေပၚ အပန္းေျဖၿမိဳ႕ Davos မွာ က်င္းပတဲ့ ကမာၻ႔စီးပြားေရးဖိုရမ္ကို ကမာၻတလႊားက ထိပ္တန္း စီးပြားေရး သမားေတြ စုေ၀း ရာက္ရွိေနၾကခ်ိန္မွာဘဲ Oxfam အစီရင္ခံစာ ထြက္ေပၚလတာပါ။ ကမ ၻာတလႊား ကုေဋႂကြယ္ သူေဌးႀကီး ၂,၆၆၈ ဦးရဲ႕ ႂကြယ္၀မႈဟာ ၂၀၂၀ ေနာက္ပိုင္းမွာ ေဒၚလာ ၃ ဒသမ ၇၈ ထရီလီယံ တိုးလာေၾကာင္း Oxfam ရဲ႕ ဆန္းစစ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကပ္ေဘးေရာဂါ ကာလ အတြင္း ကုေဋႂကြယ္ သူေဌး အသစ္ ၅၇၃ ဦး တိုးလာၿပီး ဒါဟာဆိုရင္ နာရီ ၃၀ တိုင္းမွာ တဦးႏႈန္း ျဖစ္ေၾကာင္း အစီရင္ခံစာ ျပဳစုသူေတြက တြက္ခ်က္ထားပါတယ္။ တဖက္မွာေတာ့ အခု ၂၀၂၂ ခုႏွစ္ အတြင္း ခြ်တ္ျခံဳက် ဆင္းရဲမြဲေတမႈမွာ လူေပါင္း ၂၆၃ သန္း ပိုတိုးလာမယ့္ အေၾကာင္း ဒါဟာဆိုရင္ ၃၃ နာရီတိုင္းမွာ လူ ၁သန္းႏႈန္း ျဖစ္ေၾကာင္းလည္း Oxfam က ေျပာပါတယ္။

ဒါဟာဆိုရင္ သမိုင္းမွာ ျဖစ္႐ိုးျဖစ္စဥ္ မဟုတ္တဲ႔ အခိုက္အတန္႔ ျဖစ္တယ္လို႔ Oxfam International အဖြဲ႔ႀကီးရဲ႕ မညီမွ်မႈ မူဝါဒဆိုင္ရာ အႀကီးအကဲ Max Lawson က ဗြီအိုေအကို ေျပာပါတယ္။ ကမ ၻာ႔ အခ်မ္းသာဆံုး အမ်ိဳးသား ၁၀ ဦးဟာ ဆိုရင္ လူေပါင္း သန္း ၃၁၀၀ နဲ႔ ညီမွ်တဲ႔ အဆင္းရဲဆံုး လူထုရဲ႕ ၄၀ ရာခိုင္ႏႈန္းထက္ ပိုၿပီး ခ်မ္းသာေၾကာင္းလည္း Oxfam က ေဖာ္ျပပါတယ္။ အခ်မ္းသာဆံုး ကုေဋႂကြယ္ သူေဌးႀကီး ၂၀ ဦးဟာဆိုရင္ ဆာဟာရ သဲကႏၲာရ ေတာင္ပိုင္း အာဖရိက ေဒသ တခုလံုးရဲ႕ ျပည္တြင္း အသားတင္ ထုတ္လုပ္မႈ GDP တခုလံုးထက္ ပိုၿပီး ႂကြယ္၀ ခ်မ္းသာေၾကာင္းလည္း အစီရင္ခံစာက ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမား

ကိုဗစ်ကပ်ရောဂါ စတင်ပြီးနောက်ပိုင်း ကမ္ဘာပေါ်က ကုဋေကြွယ် သူဌေးကြီးတွေရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ သန်းပေါင်း သန်းချီ တိုးလာချိန်မှာ၊ ကမ္ဘာပေါ်က အဆင်းရဲဆုံးသူတွေကတော့ ကုန်ဈေးနှုန်းနဲ့ အကြွေးတွေ တိုးလာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ပရဟိတ အဖွဲ့အစည်း တခုဖြစ်တဲ့ Oxfam အဖွဲ့ရဲ့ သုံးသပ်ချက်က ဖော်ပြလိုက်ပါတယ်။

ဆွစ်ဇာလန် နိုင်ငံက တောင်ပေါ် အပန်းဖြေမြို့ Davos မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ကမ္ဘာတလွှားက ထိပ်တန်း စီးပွားရေး သမားတွေ စုဝေး ရာက်ရှိနေကြချိန်မှာဘဲ Oxfam အစီရင်ခံစာ ထွက်ပေါ်လတာပါ။ ကမ ္ဘာတလွှား ကုဋေကြွယ် သူဌေးကြီး ၂,၆၆၈ ဦးရဲ့ ကြွယ်ဝမှုဟာ ၂၀၂၀ နောက်ပိုင်းမှာ ဒေါ်လာ ၃ ဒသမ ၇၈ ထရီလီယံ တိုးလာကြောင်း Oxfam ရဲ့ ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။ ကပ်ဘေးရောဂါ ကာလ အတွင်း ကုဋေကြွယ် သူဌေး အသစ် ၅၇၃ ဦး တိုးလာပြီး ဒါဟာဆိုရင် နာရီ ၃၀ တိုင်းမှာ တဦးနှုန်း ဖြစ်ကြောင်း အစီရင်ခံစာ ပြုစုသူတွေက တွက်ချက်ထားပါတယ်။

တဖက်မှာတော့ အခု ၂၀၂၂ ခုနှစ် အတွင်း ချွတ်ခြုံကျ ဆင်းရဲမွဲတေမှုမှာ လူပေါင်း ၂၆၃ သန်း ပိုတိုးလာမယ့် အကြောင်း ဒါဟာဆိုရင် ၃၃ နာရီတိုင်းမှာ လူ ၁သန်းနှုန်း ဖြစ်ကြောင်းလည်း Oxfam က ပြောပါတယ်။ ဒါဟာဆိုရင် သမိုင်းမှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ အခိုက်အတန့် ဖြစ်တယ်လို့ Oxfam International အဖွဲ့ကြီးရဲ့ မညီမျှမှု မူဝါဒဆိုင်ရာ အကြီးအကဲ Max Lawson က ဗွီအိုအေကို ပြောပါတယ်။

ကမ ္ဘာ့ အချမ်းသာဆုံး အမျိုးသား ၁၀ ဦးဟာ ဆိုရင် လူပေါင်း သန်း ၃၁၀၀ နဲ့ ညီမျှတဲ့ အဆင်းရဲဆုံး လူထုရဲ့ ၄၀ ရာခိုင်နှုန်းထက် ပိုပြီး ချမ်းသာကြောင်းလည်း Oxfam က ဖော်ပြပါတယ်။ အချမ်းသာဆုံး ကုဋေကြွယ် သူဌေးကြီး ၂၀ ဦးဟာဆိုရင် ဆာဟာရ သဲကန္တာရ တောင်ပိုင်း အာဖရိက ဒေသ တခုလုံးရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP တခုလုံးထက် ပိုပြီး ကြွယ်၀ ချမ်းသာကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

XS
SM
MD
LG