သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းနဲ့ မကွေးမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွား 


Kani Township
Kani Township

စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်တွင်း ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေတချို့ တိုက်ခိုက်ခံခဲ့ရသလို၊ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာတော့ စစ်ကောင်စီကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းတွင်းက စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန် က ပြောပြမှာပါ။

စစ်ကိုင်းနဲ့ မကွေးမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွား

{{Zawgyi/Unicode}}


စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင်း ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေတချို့ တိုက်ခိုက်ခံခဲ့ရသလို၊ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာတော့ စစ်ကောင်စီနယ် မြေရှင်းလင်းရေးစစ်ကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းတွင်းက စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန် က ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်ကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေတာ အခုဆိုရင် ၂ ပတ်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ နယ်မြေ ရှင်းလင်းမှုတွေအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်အတိုင်း စက်လှေတွေနဲ့ ဆန်တက်လာသလို ကုန်းကြောင်းကနေပါ နယ်မြေရှင်းလင်းရေးတွေလုပ်နေတာပါ။ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်တို့မှာ ချင်းတွင်းမြစ်ထဲက စစ်ကောင်စီရဲ့ စက်လှေ ၂ စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်စီးခဲ့ပါတယ်။

စစ်ကောင်စီ စက်လှေတွေ တိုက်ခိုက်တာနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“လက်ရှိအခြေအနေက ကျွန်တော်တို့ နေ့တိုင်းတိုက်နေတာပဲ။ နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ ၃ ရက်နေ့က ၁ စီး၊ ၄ ရက်နေ့က ၁ စီး ၂ စီးရှိသွားပြီခင်ဗျ။ ကျွန်တော်တို့ သိမ်းဆည်းရမိတာပေါ့။ ပထမ ၃ ရက်နေ့က ဆန်က ၅၅ အိတ် ဒါက တနေ့က မနေ့ကကျတော့လည်း အဲ့ ၃ ရက်နေ့က မီးရှို့ထားတဲ့ နေရာကို ကင်းထောက်စက်လှေနဲ့ မုဌောကနေ ထွက်လာတာဗျ။ ၇ ယောက်ထွက်လာတာ အဲ့ဒါကိုလည်း မီးရှို့လိုက်တယ်။”

တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး နှစ်ဖက်အကျအဆုံးရှိတဲ့အထိ ပြင်းထန်နေသလို ဒေသခံကာကွယ်ရေးဘက်က ၅ ဦးအထိ ကျဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ပြီး တပ်စွဲနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ပေါက်တောင်ပိုင်းဘက်ကို ဝင်ရောက်လာပြီး ပင်တောင်နဲ့ တပ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့အတွက် အနီးအနားက ကျေးရွာတွေက ကျေးရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

“၁ ရက်နေ့ကတည်းက ဒီကောင်တွေ စစ်ကြောင်းကရောက်လာတာ။ ပျူရွာမှာ စစ်ကြောင်းကရှိနေလို့ ဒေသခံတွေက ရှောင်နေရတယ်။ ကျေးရွာကတော့ ကျွန်တော်တို့က ဒီနားက စစ်ကြောင်းလာရင် အကုန်လုံးပြေးရတာ။ ရွာနီးခြောက်စပ် ၇ ရွာ ၈ ရွာလောက်က နီးစပ်တဲ့ရွာတွေက အကုန်လုံးပြေးရတာ။ ရှောင်နေရတာပေါ့။ ဒီနားက ဇီးဖြူကုန်း၊ သဲတော်ယာ၊ ပြစ်ခဲ အဲ့ဒီရွာတွေကတော့ ရှောင်နေရတာပေါ့။ သူတို့နဲ့အနီးစပ်ဆုံးရွာတွေဆိုတော့ ကိုင်းလယ်နဲ့ တပ်ကုန်းနဲ့ အနီးလေးလေ။ ဒီနားက ရွာတွေမှာရှိနေတာဆိုတော့ အဲ့နားက ၃ ရွာကတော့ ရှောင်ရတာပေါ့။ အဲ့ ၃ ရွာရယ် ဟိုဘက်နားက ပတ်ဝန်းကျင် ပတ်ပတ်လည် ရွာတွေကအကုန်ရှောင်တာပေါ့။ ကျွန်တော်တို့က စစ်ကြောင်းကတောင်မှာရှိရင် မြောက်ပြေး အဲ့လိုလှည့်ပတ်ပြီး ရွာတွေက အကုန်ပတ်ပြေးနေရတာ ဒီဘက်က တောတောင်တွေက မရှိဘူးဗျ။ အဲ့ဒါကြောင့်”

စစ်ကောင်စီနယ်မြေရှင်းလင်းဖို့ ဝင်ရောက်ပြီး မကြာခင်မှာပဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်နေရာတော်တော်များများကို ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်တို့မှာ ဝင်ရောက်တိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်။ ပေါက် - ပခုက္ကူ ကားလမ်းပေါ်မှာရှိတဲ့ ရေပြာတံတားက လုံခြုံရေးတပ်ဖွဲ့တွေကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက လာရောက်ပစ်ခတ်လို့ ပြန်လည်ပစ်ခတ်တဲ့အတွက် ဆုတ်ခွာသွားကြောင်း စစ်ကောင်စီဖက်က သတင်းထုတ်ပြန်ထားပါတယ်။

အခြားဒေသတွေကနေ ပေါက်မြို့နယ်ထဲ ကုန်ပစ္စည်းသယ်ဆောင်တာတွေကို ဒီ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကနေ စစ်ဆေး ကန့်သတ်တာတွေရှိတဲ့အတွက် ပေါက်မြို့နယ်တွင်း ကျေးရွာတွေမှာ ဆန်နဲ့ စားနိပ်ရိက္ခာရှားပါးမှုတွေ ကြုံတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}













XS
SM
MD
LG