သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြးနဲ႔ စစ္ကိုင္းတိုင္းေတြမွာ တိုက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ေနရသူေတြ ရိကၡာအခက္ၾကံဳ


kani ကနီ

{{Zawgyi/Unicode}}

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ တိုက္ပြဲေၾကာင့္ တိမ္းေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ေတြ ရိကၡာ ျပတ္လတ္ေနၿပီး အကူအညီေတြ လိုအပ္ေနပါတယ္။ စစ္ကိုင္းတိုင္း ယင္းမာပင္ နဲ႔ ကနီနယ္ေတြမွာလည္း စစ္ေကာင္စီတပ္ေတြ လံုၿခံဳေရး ယူထားလို႔ ကုန္စည္စီးဆင္းမႈေတြ အခက္အခဲျဖစ္ေနၿပီး အကူအညီေတြ လိုေနပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏိုင္ ကေျပာျပပါမယ္။

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းက ၀န္က်ံဳးရြာအနီးမွာ ၾသဂုတ္လ ၁ ရက္ေန႔က စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF တပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေဒသခံရြာသားေတြ ထြက္ေျပးတိမ္းေရွာင္ေနရတာပါ။ ေဒသခံ ရြာသား ၂၀၀ ေလာက္ဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရတာျဖစ္ၿပီး ရိကၡာျပတ္လတ္တာေတြ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္း ေဒသခံတဦးက အခုလိုေျပာပါတယ္။

“၀န္က်ံဳးရြာ တရြာက အဖိုးအိုအဖြားအိုေတြေရာ အစံုေပါ့။ လူ ၂၀၀ ၀န္းက်င္ေပါ့။ သူတို႔အခက္အခဲကေတာ့ အ၀တ္အထည္ေကာ စားဖို႔ေသာက္ဖို႔ေကာ ေဆး၀ါးေကာ သက္ႀကီးရြယ္အိုေတြ က်န္းမာေရး မေကာင္းတဲ့သူေတြပါတယ္။ ကေလးေမြးထားတဲ့ ကေလးအေမေတြပါတယ္။ ကေလးေမြးမယ့္ မိခင္ေလာင္းေတြလည္း ပါတာေပါ့။ အစားအေသာက္က ဒီတမနက္စာပဲရွိတာခင္ဗ်။ ကြ်န္ေတာ္တို႔မွာ ညေနစာေတာင္မရွိဘူးျဖစ္ေနတယ္ စစ္ေဘးေရွာင္ေတြအတြက္ေကာေပါ့ေနာ္။ ညေနစာေတာင္ မရွိဘူးဆိုေတာ့ အခုေလာေလာဆယ္ ေဘးကေန ဆန္ ၁၀ အိတ္ ေခ်းေပးထားတာေပါ့ ညေနစာ ရဖို႔အတြက္ကိုေပါ့။ အခုေလာေလာဆယ္ ေျပးေနရတာက ၀န္က်ံဳးရြာတရြာရွိတာေပါ့။ ကင္းမကလူေတြကလည္း အခုခ်ိန္ထိ ရြာကို ျပန္မကပ္ႏိုင္ၾကေသးဘူး။”

၀န္က်ံဳးရြာဟာ ၿပီးခဲ့တဲ့ ဇြန္ ၁၅ ရက္က ရြာလံုးကြ်တ္နီးပါး မီးေလာင္ကြ်မ္းခဲ့တဲ့ ကင္းမရြာနဲ႔ ၄ မိုင္သာကြာေ၀းၿပီး ကင္းမရြာသားေတြဟာလည္း အခုခ်ိန္ထိ ေနရပ္မျပန္ႏိုင္ေသးဘဲ ေဘးလြတ္ရာမွာ တိမ္းေရွာင္ေနရတာျဖစ္ပါတယ္။ ကင္းမရြာမီးေလာင္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီနဲ႔ ေဒသခံ PDF ေတြ အျပန္အလွန္ စြပ္စြဲတာေတြရွိၿပီး မီးေလာင္ကြ်မ္းတာေၾကာင့္ ေနအိမ္ ၁၀၀ ေက်ာ္ မီးေလာင္ကြ်မ္းၿပီး သက္ႀကီး ဖိုးဖြား ၂ ဦး မီးေလာင္ေသဆံုးခဲ့ပါတယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ ကနီနယ္ေတြမွာလည္း စစ္ေကာင္စီတပ္ေတြဟာ မံုရြာ ယာႀကီး လမ္းမွာ လံုၿခံဳေရး ယူထားတဲ့ အတြက္ ကုန္စည္စီးဆင္းမႈ အခက္အခဲျဖစ္ေပၚေနၿပီး စစ္ေဘးဒုကၡသည္ေတြမွာ အစားအေသာက္ ရိကၡာ ခက္ခဲေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ယင္းမာပင္ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“အဓိက ယူတာက မံုရြာကိုပဲ အဓိက အားထားၿပီးယူရတာဆိုေတာ့ မံုရြာလမ္းကို ပိတ္လိုက္တဲ့အတြက္ေၾကာင့္ ကြ်န္ေတာ္္တို႔ ဆက္သြယ္ေရးက လံုး၀ျပတ္ေတာက္သလိုျဖစ္သြားတယ္။ လမ္းမွာ တဆင့္ၿပီးတဆင့္ေထာက္ထားတယ္။ ၿပီးရင္ စစ္ေဆးေရးေတြလုပ္တယ္။ သူတို႔မထင္တဲ့သူဆို တခါတည္း ဆြဲတယ္။ အဲ့အတြက္ ကိုယ့္ျပည္သူေတြက မသြားရဲေတာ့တာ။ ကြ်န္ေတာ္တုိ႔ ျပည္သူေတြက ဒီလမ္းေၾကာကို အသံုးမျပဳရတဲ့အတြက္ေၾကာင့္ အေျခခံစားေသာက္ကုန္ေတြ ျပတ္လပ္တယ္။ ကိုယ့္ျပည္သူေတြ ပုန္းေရွာင္ေနရတဲ့အတြက္ မိုးကာတို႔ မိုးကလည္း အခုက်ေနတာဆိုေတာ့ ေတာထဲမွာ ခ်က္စားရတာလည္း ထင္းဘာညာ ခ်က္ရတာလည္း အဆင္မေျပဘူးေလ။ ၿပီးရင္ အေျခခံစားေသာက္ကုန္ေတြ ဆန္ဆီဆား ငရုတ္ၾကက္သြန္ အဲ့ဒါေတြ ျပတ္လပ္တာေတြလည္းရွိေနတယ္။”

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF တို႔ မၾကာခဏဆိုသလို တိုက္ပြဲျဖစ္ပြားေနတဲ့ စစ္ကိုင္းတိုင္းမွာ ထြက္ေျပးေနရတဲ့ ဒုကၡသည္ အမ်ားအျပားရွိေနၿပီး စစ္ေကာင္စီတပ္ေတြက ေက်းရြာေတြမွာ မၾကာခဏ ဆိုသလို ေက်းရြာေတြမွာ ၀င္ေရာက္ရွာေဖြတာေတြ လုပ္လို႔ ေဒသခံေတြဟာ ေဘးလြတ္ရာ ေတာေတာင္ေတြမွာ ထြက္ေျပးခိုလံႈေနရပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ရိက္ခာ ပြတ်လတ်နေပြီး အကူအညီတွေ လိုအပ်နေပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင် နဲ့ ကနီနယ်တွေမှာလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေး ယူထားလို့ ကုန်စည်စီးဆင်းမှုတွေ အခက်အခဲဖြစ်နေပြီး အကူအညီတွေ လိုနေပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင် ကပြောပြပါမယ်။

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက ဝန်ကျုံးရွာအနီးမှာ သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒေသခံ ရွာသား ၂၀၀ လောက်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာဖြစ်ပြီး ရိက္ခာပြတ်လတ်တာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ပေါက်မြို့နယ် တောင်ပိုင်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဝန်ကျုံးရွာ တရွာက အဖိုးအိုအဖွားအိုတွေရော အစုံပေါ့။ လူ ၂၀၀ ဝန်းကျင်ပေါ့။ သူတို့အခက်အခဲကတော့ အဝတ်အထည်ကော စားဖို့သောက်ဖို့ကော ဆေးဝါးကော သက်ကြီးရွယ်အိုတွေ ကျန်းမာရေး မကောင်းတဲ့သူတွေပါတယ်။ ကလေးမွေးထားတဲ့ ကလေးအမေတွေပါတယ်။ ကလေးမွေးမယ့် မိခင်လောင်းတွေလည်း ပါတာပေါ့။ အစားအသောက်က ဒီတမနက်စာပဲရှိတာခင်ဗျ။ ကျွန်တော်တို့မှာ ညနေစာတောင်မရှိဘူးဖြစ်နေတယ် စစ်ဘေးရှောင်တွေအတွက်ကောပေါ့နော်။ ညနေစာတောင် မရှိဘူးဆိုတော့ အခုလောလောဆယ် ဘေးကနေ ဆန် ၁၀ အိတ် ချေးပေးထားတာပေါ့ ညနေစာ ရဖို့အတွက်ကိုပေါ့။ အခုလောလောဆယ် ပြေးနေရတာက ဝန်ကျုံးရွာတရွာရှိတာပေါ့။ ကင်းမကလူတွေကလည်း အခုချိန်ထိ ရွာကို ပြန်မကပ်နိုင်ကြသေးဘူး။”

ဝန်ကျုံးရွာဟာ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာနဲ့ ၄ မိုင်သာကွာဝေးပြီး ကင်းမရွာသားတွေဟာလည်း အခုချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ကင်းမရွာမီးလောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ အပြန်အလှန် စွပ်စွဲတာတွေရှိပြီး မီးလောင်ကျွမ်းတာကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းပြီး သက်ကြီး ဖိုးဖွား ၂ ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင် ကနီနယ်တွေမှာလည်း စစ်ကောင်စီတပ်တွေဟာ မုံရွာ ယာကြီး လမ်းမှာ လုံခြုံရေး ယူထားတဲ့ အတွက် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်ပေါ်နေပြီး စစ်ဘေးဒုက္ခသည်တွေမှာ အစားအသောက် ရိက္ခာ ခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ယင်းမာပင် ဒေသခံတဦးက အခုလိုပြောပါတယ်။

“အဓိက ယူတာက မုံရွာကိုပဲ အဓိက အားထားပြီးယူရတာဆိုတော့ မုံရွာလမ်းကို ပိတ်လိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆက်သွယ်ရေးက လုံးဝပြတ်တောက်သလိုဖြစ်သွားတယ်။ လမ်းမှာ တဆင့်ပြီးတဆင့်ထောက်ထားတယ်။ ပြီးရင် စစ်ဆေးရေးတွေလုပ်တယ်။ သူတို့မထင်တဲ့သူဆို တခါတည်း ဆွဲတယ်။ အဲ့အတွက် ကိုယ့်ပြည်သူတွေက မသွားရဲတော့တာ။ ကျွန်တော်တို့ ပြည်သူတွေက ဒီလမ်းကြောကို အသုံးမပြုရတဲ့အတွက်ကြောင့် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်တယ်။ ကိုယ့်ပြည်သူတွေ ပုန်းရှောင်နေရတဲ့အတွက် မိုးကာတို့ မိုးကလည်း အခုကျနေတာဆိုတော့ တောထဲမှာ ချက်စားရတာလည်း ထင်းဘာညာ ချက်ရတာလည်း အဆင်မပြေဘူးလေ။ ပြီးရင် အခြေခံစားသောက်ကုန်တွေ ဆန်ဆီဆား ငရုတ်ကြက်သွန် အဲ့ဒါတွေ ပြတ်လပ်တာတွေလည်းရှိနေတယ်။”

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တို့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းမှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အများအပြားရှိနေပြီး စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ မကြာခဏ ဆိုသလို ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေ လုပ်လို့ ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG