သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သထံုလံုျခံဳေရး နဲ႔ PDF ျပန္လွန္ပစ္ခတ္


FILE - Members of the People's Defense Forces (PDF)

သထံုၿမိဳ႔နယ္၀င္းစိန္ေက်းရြာမွာ တက္ႀကြလႈပ္ရွားသူတဦးကိုလာေရာက္ဖမ္းဆီးတဲ့ သထံုအမွတ္(၉)ေလ့က်င့္ေရးတပ္က ဗုိလ္မူးတဦးအပါအ၀င္၄ဦးနဲ့ ေဒသခံသထံုျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ေတြႀကား ႏို၀င္ဘာလ(၁၀)ရက္ေန့က ပစ္ခတ္မူ ေတြျဖစ္ခဲ့ၿပီး ေသဆံုးမူေတြရွိေႀကာင္း သထံုျပည္သူကာကြယ္ေရးတပ္ဖဲြ႔ဘက္ကေျပာပါတယ္။

Zawgyi

သထံုလံုျခံဳေရး နဲ႔ PDF ျပန္လွန္ပစ္ခတ္

မြန္ျပည္နယ္ သထံုၿမိဳ႔နယ္ ၀င္းစိန္ေက်းရြာမွာ တက္ႀကြလွဳပ္ရွာသူတဦးကိုလာေရာက္ဖမ္းဆီးတဲ့ သထံုအမွတ္(၉) ေလ့က်င့္ေရးတပ္နဲ႔ ဗုိလ္မူးတဦးအပါအ၀င္၄ဦးနဲ့ ေဒသခံသထံုျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ေတြႀကား ႏို၀င္ဘာလ (၁၀)ရက္ေန့က မနက္ ၅နာရီေက်ာ္မွာပစ္ခတ္မူေတြျဖစ္ခဲ့ၿပီး လူေသဆံုးမူေတြရွိေႀကာင္း သထံုျပည္သူကာကြယ္ ေရးတပ္ဖဲြ႔ဘက္ကေျပာပါတယ္ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ႔ထားပါတယ္။

မြန္ျပည္နယ္သထံုျမိဳ႔နယ္ ၀င္းစိန္ေက်းရြာထဲက တက္ႂကြလႈပ္ရွားသူတဦးကုိ သထံုအမွတ္(၉)ေလ့က်င့္ေရးတပ္က မနက္လင္းအားႀကီးအခ်ိန္မွာလာေရာက္ဖမ္းဆီးခဲ့တာပါ။ ဖမ္းဆီးၿပီးျပန္အထြက္မွာေတာ့ ေဒသခံသထံုျပည္သူ႔ကာ ကြယ္ေရးတပ္ဖဲြ႔ေတြက ကားေနာက္လိုက္ၿပီးပစ္ခတ္ခဲ့တာေႀကာင့္ လာေရာက္ဖမ္ဆီးသူတခ်ိဳ ႔ေသဆံုးသြားခဲ့တယ္လို့ သထံုျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔က ကိုေစာထူးကအခုလိုေျပာျပပါတယ္။

“ဒီမနက္ေပါ့ ၅နာရီေလာက္ေပါ့ သထံုၿမိဳ႔နယ္၀င္းစိန္ေက်းရြာကို၀င္ၿပီးေတာ့ တက္ႀကြလဳွပ္ရွားသူတေယာက္ကုိ ဖမ္းတာ ေပါ့ေနာ္၊ သထုံအမွတ္ ၉ ေလ့က်င့္ေရးတပ္က ဒုတပ္ရင္းမႉးပါတယ္ ဗိုလ္မူးခ်စ္၀င္းသူေပါ့သူက သထံုမွာဖမ္းဆီးေရး ေခါင္းေဆာင္ေပါ့၊ ၀င္ဖမ္းၿပီးေတာ့ခ်က္ခ်င္းျပန္မထြက္ေသးပဲ ကားေပၚမွာပဲစစ္လားေဆးလားလုပ္တယ္၊က်ေနာ္တို႔ျပည္သူ႔ ကာကြယ္ေရးတပ္ဖဲြ ့ေတြဘက္ကသတင္းရတယ္၊သထံုျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ေတြကလည္းအဲဒီဘက္ကို ေရာက္ ေနတဲ့အခ်ိန္ေပါ့ အဲဒီခ်က္ခ်င္းပဲလိုက္သြားတယ္ကားကုိခ်က္ခ်င္းပဲ တားၿပီးလိုက္ပစ္တယ္ သူတို႔ဘက္ကပဲ ဆင္းလာၿပီး ျပန္ပစ္ဖို႔လုပ္ခ်ိန္မွာ က်ေနာ္တုိ့ပကဖ ဘက္ကလည္း ေသနတ္အေသးေတြနဲ႔ပစ္ခတ္တယ္၊ေနာက္ေတာ့ သူတို႔ဘက္က ၃ေယာက္က်သြားတယ္၊ တေယာက္ကေတာ့ဒဏ္ရာနဲ့ေျပးလြတ္ေျမာက္သြားတယ္၊ သူတို့ဖမ္းထားတဲ့တက္ႀကြလွဳပ္ရွားသူ လည္း ျပန္လြတ္သြားတယ္”

သထံုအမွတ္(၉)ေလ့က်င့္ေရးတပ္က ဗုိလ္မူးအဆင့္ရိွသူတဦးအပါအ၀င္ ၃ဦးေသဆံုးေႀကာင္း ရုပ္အေလာင္းပံုေတြ နဲ့ သထံုျပည္သူ့႔ကာကြယ္ေရးတပ္ဖဲြ႔ကေတာ့သတင္းထုတ္ျပန္ခဲ့ပါတယ္ ။ VOA ကအတည္ျပဳႏိုင္ဖုိ့အတြက္ နယ္ေျမအာ ဏာပိုင္ေတြကိုဆက္သြယ္ေမးျမန္း ဖို႔ႀကိဳးစားခဲ့ေပမယ့္ဆက္သြယ္လို႔မရခဲ့ပါဘူး။

သထံုျပည္သူကာကြယ္ေရးတပ္ဖဲြေတြကေတာ့ သူတို႔နယ္ေျမကိုျပန္ေရာက္သြားျပီး သထံုအမွတ္(၉)ေလ့က်င့္ေရးတပ္က ေသနတ္တခ်ိဳ့သိမ္းဆည္းရမိတယ္လို႔လည္းေျပာဆုိပါတယ္ အခုလိုပစ္ခတ္မူ႔ေတြျဖစ္ပြားျပီးတဲ့ေနာက္ လံုျခံဳေရးတပ္ဖဲြ႔ေတြ က ၀င္းစိန္ေက်းရြာဘက္ကို အင္အားေတြနဲ့၀င္ေရာက္စစ္ေဆးတာေတြလုပ္ခဲ့တယ္လို့လည္းဆိုပါတယ္။

“ သူတို႔ဘက္က အင္အား ၅၀ နီးပါးေလာက္နဲ႔ ရြာကိုလာၿပီးစစ္ေဆးေရးလုပ္တယ္ ျပန္ထြက္သြားတယ္ညေနပုိင္းက်ေတာ့ သူတို႔ျပန္လာႀကတယ္”

အခုလိုပစ္ခတ္မူအၿပီးမွာေတာ့ သထံုၿမိဳ႔နယ္ဘက္ကေက်းရြာေတြဘက္မွာ လုံျခံဳေရးတင္းႀကပ္ၿပီးစစ္ေဆးမႈ ေတြလုပ္ ေနပါတယ္။ မြန္ျပည္နယ္သထံုၿမိဳ႔နယ္ထဲမွာ ျပီးခဲ့တဲ့ ဇြန္လ၂၅ရက္ေန႔တုန္းက လည္းစစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳး သားအစည္းအရံုး ပူးေပါင္းတပ္ဖဲြ႔ေတြႀကားတိုက္ပဲြျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ ရႊာထဲမွာ၀င္ေရာက္ပစ္ခတ္တာ အျပင္ရြာမီးရိႈ႔ ခံရတာေတြလည္းျဖစ္ခဲ့ပါတယ္။ ဝီေယာ္ေရတံခြန္ကုိလာႀကတဲ့လူငယ္ေတြကိုလည္း ျပည္သူကာကြယ္ေရးတပ္ဖဲြ႔ကဆုိျပီး စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးတာေတြလည္းလုပ္ခဲ့ပါတယ္။ ဒီအတြက္ အခုလည္း၀င္းစိန္ေက်းရြာနဲ့အနီးတ၀ိုက္က ေက်းရြာေတြကေတာ့ စိုးရိမ္မူေတြျဖစ္ေပၚေနပါတယ္ရွင္။

##

သထံုလံုျခံဳေရး နဲ႔ PDF ျပန္လွန္ပစ္ခတ္
please wait

No media source currently available

0:00 0:03:27 0:00
တိုက္႐ိုက္ လင့္ခ္

Unicode

သထုံလုံခြုံရေး နဲ့ PDF ပြန်လှန်ပစ်ခတ်

မွန်ပြည်နယ် သထုံမြို့နယ် ဝင်းစိန်ကျေးရွာမှာ တက်ကြွလှုပ်ရှာသူတဦးကိုလာရောက်ဖမ်းဆီးတဲ့ သထုံအမှတ်(၉) လေ့ကျင့်ရေးတပ်နဲ့ ဗိုလ်မူးတဦးအပါအဝင်၄ဦးနဲ့ ဒေသခံသထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ (၁၀)ရက်နေ့က မနက် ၅နာရီကျော်မှာပစ်ခတ်မူတွေဖြစ်ခဲ့ပြီး လူသေဆုံးမူတွေရှိကြောင်း သထုံပြည်သူကာကွယ် ရေးတပ်ဖွဲ့ဘက်ကပြောပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်သထုံမြို့နယ် ဝင်းစိန်ကျေးရွာထဲက တက်ကြွလှုပ်ရှားသူတဦးကို သထုံအမှတ်(၉)လေ့ကျင့်ရေးတပ်က မနက်လင်းအားကြီးအချိန်မှာလာရောက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးပြီးပြန်အထွက်မှာတော့ ဒေသခံသထုံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက ကားနောက်လိုက်ပြီးပစ်ခတ်ခဲ့တာကြောင့် လာရောက်ဖမ်ဆီးသူတချို့သေဆုံးသွားခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုစောထူးကအခုလိုပြောပြပါတယ်။

“ဒီမနက်ပေါ့ ၅နာရီလောက်ပေါ့ သထုံမြို့နယ်ဝင်းစိန်ကျေးရွာကိုဝင်ပြီးတော့ တက်ကြွလုှပ်ရှားသူတယောက်ကို ဖမ်းတာ ပေါ့နော်၊ သထုံအမှတ် ၉ လေ့ကျင့်ရေးတပ်က ဒုတပ်ရင်းမှူးပါတယ် ဗိုလ်မူးချစ်ဝင်းသူပေါ့သူက သထုံမှာဖမ်းဆီးရေး ခေါင်းဆောင်ပေါ့၊ ဝင်ဖမ်းပြီးတော့ချက်ချင်းပြန်မထွက်သေးပဲ ကားပေါ်မှာပဲစစ်လားဆေးလားလုပ်တယ်၊ကျနော်တို့ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသတင်းရတယ်၊သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်းအဲဒီဘက်ကို ရောက် နေတဲ့အချိန်ပေါ့ အဲဒီချက်ချင်းပဲလိုက်သွားတယ်ကားကိုချက်ချင်းပဲ တားပြီးလိုက်ပစ်တယ် သူတို့ဘက်ကပဲ ဆင်းလာပြီး ပြန်ပစ်ဖို့လုပ်ချိန်မှာ ကျနော်တို့ပကဖ ဘက်ကလည်း သေနတ်အသေးတွေနဲ့ပစ်ခတ်တယ်၊နောက်တော့ သူတို့ဘက်က ၃ယောက်ကျသွားတယ်၊ တယောက်ကတော့ဒဏ်ရာနဲ့ပြေးလွတ်မြောက်သွားတယ်၊ သူတို့ဖမ်းထားတဲ့တက်ကြွလှုပ်ရှားသူ လည်း ပြန်လွတ်သွားတယ်”

သထုံအမှတ်(၉)လေ့ကျင့်ရေးတပ်က ဗိုလ်မူးအဆင့်ရှိသူတဦးအပါအဝင် ၃ဦးသေဆုံးကြောင်း ရုပ်အလောင်းပုံတွေ နဲ့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့သတင်းထုတ်ပြန်ခဲ့ပါတယ် ။ VOA ကအတည်ပြုနိုင်ဖို့အတွက် နယ်မြေအာ ဏာပိုင်တွေကိုဆက်သွယ်မေးမြန်း ဖို့ကြိုးစားခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။

သထုံပြည်သူကာကွယ်ရေးတပ်ဖွဲတွေကတော့ သူတို့နယ်မြေကိုပြန်ရောက်သွားပြီး သထုံအမှတ်(၉)လေ့ကျင့်ရေးတပ်က သေနတ်တချို့သိမ်းဆည်းရမိတယ်လို့လည်းပြောဆိုပါတယ် အခုလိုပစ်ခတ်မူ့တွေဖြစ်ပွားပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေ က ဝင်းစိန်ကျေးရွာဘက်ကို အင်အားတွေနဲ့ဝင်ရောက်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

“ သူတို့ဘက်က အင်အား ၅၀ နီးပါးလောက်နဲ့ ရွာကိုလာပြီးစစ်ဆေးရေးလုပ်တယ် ပြန်ထွက်သွားတယ်ညနေပိုင်းကျတော့ သူတို့ပြန်လာကြတယ်”

အခုလိုပစ်ခတ်မူအပြီးမှာတော့ သထုံမြို့နယ်ဘက်ကကျေးရွာတွေဘက်မှာ လုံခြုံရေးတင်းကြပ်ပြီးစစ်ဆေးမှု တွေလုပ် နေပါတယ်။ မွန်ပြည်နယ်သထုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ၂၅ရက်နေ့တုန်းက လည်းစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုး သားအစည်းအရုံး ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ရွှာထဲမှာဝင်ရောက်ပစ်ခတ်တာ အပြင်ရွာမီးရှို့ ခံရတာတွေလည်းဖြစ်ခဲ့ပါတယ်။ ဝီယော်ရေတံခွန်ကိုလာကြတဲ့လူငယ်တွေကိုလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကဆိုပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာတွေလည်းလုပ်ခဲ့ပါတယ်။ ဒီအတွက် အခုလည်းဝင်းစိန်ကျေးရွာနဲ့အနီးတဝိုက်က ကျေးရွာတွေကတော့ စိုးရိမ်မူတွေဖြစ်ပေါ်နေပါတယ်ရှင်။

XS
SM
MD
LG