သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်လုံးကျွတ် အပစ်ရပ်ရေး ရှေ့မတိုးနိုင်သေး


 နိုဝင်ဘာလ (၉-၁၀)ရက်ထိ နှစ်ရက်တာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ( MOI)
နိုဝင်ဘာလ (၉-၁၀)ရက်ထိ နှစ်ရက်တာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ( MOI)

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးဖို့ ရှေ့ မတိုးသာဖြစ်နေပေမဲ့ နည်းလမ်းမျိုးစုံရှာပြီး ဆက်လက် ညှိနှိုင်းသွားမှာ ဖြစ်ကြောင်း ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်က ပြောပါတယ်။ NCA အပစ်ရပ်စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးပြီးနောက်၂၄ နာရီအတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကြေညာချက်အပါအဝင် UNFC ကတောင်းဆိုထားတဲ့ အချက် (၈)ချက်ကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်ပြောပြမှာပါ။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ အားလုံးပါဝင်ပြီး လက်မှတ်ရေးထိုးနိုင်ဖို့ UNFC ကတောင်းဆိုထားတဲ့ အချက် (၈)ချက်ကို သဘောတူညီမှု ရအောင် ကြိုးပမ်းကြဖို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ခေါင်းဆောင် ဒေါက်တာ တင်မျိုးဝင်းက ရန်ကုန်မြို့ မှာ နိုဝင်ဘာလ (၉-၁၀)ရက်ထိ နှစ်ရက်တာကျင်းပခဲ့တဲ့ ငြိမ်းချမ်ရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

သူတို့တောင်းဆိုထားတဲ့အချက် (၈)ချက်ကို အကြေအလည်ဆွေးနွေးသဘောတူညီဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာကို UNFC ကိုယ်စားလှယ် ခူးဦးရယ်က ပြောသွားပါတယ်။

" မျှော်လင့်တာကတော့ NCA သဘောတူညီချက်နဲ့ပတ်သက်ပြီး သဘောတူညီမှု ရလာလို့ရှိရင် ဒီသဘောတူညီမှု ခိုင်မာအောင်လို့ လုပ်ယူချင်တာဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပါ။ ဒါကြောင့်မို့လို့ အချိန်ကြန့်ကြာနေ တာဖြစ်ပါတယ်။ အဲ့လိုသဘောတူညီချက်ရလာလို့ရှိရင်လည်း ကျနော်တို့ ပြသနာ ဘက်ကို ပြန်ဦးလှည့် မသွားရအောင်လို့ ကျနော်တို့ စောင့်ကြည့်ဖို့ တာဝန်ရှိပါတယ်။ အဲ့လိုစောင့်ကြည့်တဲ့နေရာမှာလည်း ကျနော်တို့ အဆင်ပြေပြေနဲ့ စနစ်တကျ ဘယ်လိုပုံစံနဲ့ စောင့်ကြည့်ကြမလဲ။ ဘယ်သူဘယ်ဝါနဲ့ စောင့်ကြည့်ဖို့ လိုအပ်မလဲဆိုတဲ့ အစီအစဉ်လေးကို ကျနော်တို့ ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။"

လက်ရှိ မြန်မာပြည်မြောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် အပစ်အခတ်ရပ်စဲရေးအပေါ်မှာ ယုံကြည်မှုကင်းမဲ့စေကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ဝေဖန်ထောက်ပြနေတာပါ။

NCA စာချုပ်နဲ့ပတ်သက်ရင် တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က သဘောထား တင်းမာတာမျိုးမရှိပဲ၊ အနာဂတ်မှာ စာချုပ်အတိုင်း သဘောတူညီချက်တွေကို မချိုးဖောက်ပဲ ခိုင်မာမှုရှိစေရေး သူတို့အနေနဲ့ လိုလားတာဖြစ်တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

" ပြောရမယ်ဆိုရင် အားလုံးပါဝင်ရေးမှာ ပါဝင်ပတ်သက်တာတခုတည်းကိုပဲ အကြောင်းပြုပြောတာဖြစ်ပေမဲ့လည်း တကယ်တမ်း NCA ကို အနုစိတ်ပြောမယ်ဆိုရင်ပြောရမယ့် အကြောင်းတရားတွေရှိပါတယ်။ NCA မှာ လိုအပ်ချက်တွေရှိတယ်။ ဖြည့်စည်းရမယ့်အကြောင်းအရာတွေရှိတယ်။ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရမှာတွေရှိတယ်။ သို့သော် ဒီနေရာမှာ NCA ကို ပြည်ထောင်စု အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ လက်မှတ်ရေးထိုးဖို့ လွှတ်တော်မှာ အတည်ပြုထားတဲ့ အတွက် ကျနော်တို့ဘက်ကတော့ NCA ကို ပြန်ပြီးပြုပြင်ဖို့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ သို့သော် NCA သဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ်ဆိုရင် ခိုင်မာတဲ့ သဘောတူညီချက်ဖြစ်ဖို့အတွက် နည်းလမ်းရှာနေတာဖြစ်ပါတယ်။"

UNFC တောင်းဆိုထားတဲ့အချက် ၈ချက်ထဲမှာ နှစ်ဖက်ညှိနှိုင်းမှုတွေ သဘောတူပြီးနောက်ပိုင်း ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်ကို အစိုးရနဲ့ တပ်မတော်က ထုတ်ပြန်ဖို့နဲ့ UNFC အဖွဲ့ဝင်တွေက ၄၈ နာရီအတွင်း အပစ်ရပ်ကြောင်း ကြေညာဖို့၊ တပ်နေရာ ချထားရေးကို ကြိုတင်သဘော တူညီချက်ယူဖို့၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်နဲ့ ပတ်သက်တာတွေအတွက် စောင့်ကြည့်ရေးကော်မတီ ဖွဲ့မယ့်ကိစ္စတွေ ပါဝင်နေတာပါ။ ဒီအချက်တွေကို နိုဝင်ဘာလအတွင်း ဆက်လက်ဆွေးနွေး သွားမှာဖြစ်တယ်လို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက သတင်းထောက်တွေကို ပြောပါတယ်။

" DPN ဘက်က အဆိုပြုတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ ခိုင်ခိုင်မာမာ နဲ့ ဒီပဋိပက္ခတွေဟာ မရှိသလောက် ဖြစ်အောင် လုပ်နိုင်ဖို့ ကိစ္စရပ်တွေ ရှိပါတယ်။ နှစ်ဘက်စလုံးက ပြင်ဆင်ဖို့ လိုတဲ့အတွက် နိုဝင်ဘာလထဲမှာပဲ DPN ဘ်က အဆိုပြုတဲ့ အဓိကအားဖြင့်တော့ ဂျီအမ်စီနဲ့ဆိုင်တဲ့အချက်တွေပါပါတယ်။ အဲ့တာတွေကို ကျနော်တို့ ဒီနိုဝင်ဘာလထဲမှာ ဆက်ပြီးတော့ ဆွေးနွေးဖို့ဆိုတာ နှစ်ဘက်ခေါင်းဆောင်တွေက သဘောတူတာရှိတယ်။

UNFC တောင်းဆိုထားတဲ့ အချက်တွေထဲမှာ အဓိက အရေးကြီးတဲ့ အချက်တချို့ကတော့ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီမှာ အများက ယုံကြည်လေးစားရတဲ့ သူတွေ အပါအဝင် နှစ်ဖက် သဘောတူတဲ့ နိုင်ငံတကာ က အစိုးရ ကိုယ်စားလှယ်တွေပါဝင်ဖို့၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA ပါ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး မပြေလည်မှုတွေရှိ လာရင် ပြည်တွင်းနဲ့ နိုင်ငံတကာက ဥပဒေပညာရှင်တွေ၊ တရားသူကြီတွေ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ နဲ့ ၂၁ ပင်လုံညီလာခံ က သဘောတူညီချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ စတဲ့ အချက်တွေ ပါရှိပါတယ်။ဒီအချက် ၈ ချက်ကို သဘောတူရင် NCA စာချုပ်ကို လက်မှတ်ထိုးမယ်လို့ UNFC က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG