သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေမးခြန္းထုတ္စရာေတြရွိေနတဲ႔ ေတာင္သူလယ္သမားေန႔


၂၀၁၁ လယ္ယာေျမ ဥပေဒၾကမ္း ကုိေတာ့ မၾကာေသးခင္ကပဲ လႊတ္ေတာ္မွာ အတည္ျပဳခဲ့တာပါ။

ေမးခြန္းထုတ္စရာေတြရွိေနတဲ႔ ေတာင္သူလယ္သမားေန႔

{{Zawgyi/Unicode }}
ဒီကေန႔ မတ္လ ၂ ရက္ေန႔ဟာဆိုရင္ ၁၉ ၆၂ ခုႏွစ္က ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ဦးေဆာင္တဲ့ ျမန္မာတပ္မေတာ္က အဲဒီအခ်ိန္ ပါလီမန္ဒီမိုကေရစီအစိုးရကို ျဖဳတ္ခ်ၿပီး စစ္အာဏာသိမ္းခဲ့တဲ့ေန႔ျဖစ္ပါတယ္။ အဲဒီေန႔ကိုပဲ ျမန္မာႏိုင္ငံရဲ႕ လူမ်ားစုႀကီးနဲ႔ အဓိက တိုင္းျပည္စီးပြားေရးအင္အားစုႀကီးျဖစ္ၾကတဲ့ ေတာင္သူလယ္သမားေန႔အျဖစ္လည္း သတ္မွတ္ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အျငင္းပြားစရာေတြ ျဖစ္ေနပါတယ္။ ဒီအေၾကာင္း ကိုခင္ေမာင္စိုးမင္း က စုစည္းတင္ျပထားပါတယ္။

အဲဒီလို အစဥ္အဆက္ အျငင္းပြားစရာျဖစ္ေနတဲ့ မတ္လ ၂ ရက္ေန႔ကို ေတာင္သူလယ္သမားေန႔အျဖစ္ အခုတိုင္ ဆက္လက္အသိအမွတ္ျပဳ က်င္းပေနၾကေပမယ့္ ေတာင္သူလယ္သမားေတြရဲ႕ အက်ဳိးကို တကယ္ေဖာ္ေဆာင္ႏိုင္ခဲ့ပါရဲလားဆိုတာ စမ္းစစ္ၾကည့္ရပါမယ္။ ဗုိလ္ခ်ဳပ္ႀကီးေနဝင္း တိုင္းျပည္ကို အုပ္ခ်ဳပ္ခဲ့တဲ့ ကာလေတြမွာ ေတာင္သူလယ္သမားေတြဟာ မူလစိုက္ပ်ဳိးေျမနဲ႔ မသင့္ေတာ္တဲ့ စီမံကိန္းသီးႏွံေတြ အဓမၼစုိက္ခိုင္းတာ၊ တာဝန္ေၾကသီးႏွံဆိုၿပီး ရရွိလာတဲ့ သီးႏွံကို မေရာင္းမေနရ ေစ်းခ်ဳိးႏွိမ္္ဝယ္ယူတာ၊ အမေတာ္ေၾကးေခ်းေငြေတြကို သီးႏွံမေပၚခင္ ၿခိမ္းေျခာက္ေတာင္းတာေတြ ႀကဳံခဲ့ၾကရပါတယ္။ အဲဒီေနာက္ ၁၉ ၈၈ ကေန ဒီကေန႔အခ်ိန္အထိလည္း စစ္အစိုးရကာလေတြမွာလည္း ေျမသိမ္းယာသိမ္း အတင္းအၾကပ္လုပ္တဲ့အတြက္ ေတာင္သူလယ္သမားေတြအေတာ္မ်ားမ်ားဟာ ေျမမဲ့ယာမဲ့ေတြျဖစ္ခဲ့ၾကရတယ္လို႔ ေတာင္သူလယ္သမားအေရးေလ့လာသူေတြက ေျပာပါတယ္။ အဲဒီေတာင္သူလယ္သမားေန႔ကို ေျပာင္းလည္းေပးဖို႔အတြက္ ေတာင္သူလယ္သမားအေရး ေဆာင္ရြက္ေနတဲ့အဖြဲ႔တခ်ုိ႕က အမ်ဳိးသားဒီမုိကေရစီ NLD အစိုးရလက္ထက္ ေတာင္သူလယ္သမားေရးရာလႊတ္ေတာ္ေကာ္မတီကို သြားေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။ အဲဒီအထဲက ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေတာင္သူလယ္သမားသမဂၢအဖြဲ႔ခ်ဳပ္ AFFM က ဦးေဆာင္သူတဦးျဖစ္တဲ့ ေဒါက္တာေဇာ္ဝင္းေအာင္ က အခုလိုေျပာပါတယ္။

ေဒါက္တာေဇာ္ဝင္းေအာင္ ။. ။ က်ေနာ္တို႔အေနနဲ႔ ဒီမတ္လ ၂ ရက္ေန႔ဟာဆိုရင္ ျမန္မာႏုိင္ငံမွာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း တို႔ အာဏာသိမ္းတဲ့ေန႔ျဖစ္တယ္။ ဒီအာဏာသိမ္းတဲ့ေန႔ကို ေတာင္သူလယ္သမားေန႔အျဖစ္ သတ္မွတ္တာကို ေျပာင္းလည္းေပးဖို႔အတြက္ တင္ျပခဲ့ဘူးပါတယ္။ အဲဒီတုံးက NLD အစိုးရအေနနဲ႔ ေျပာင္းလည္းေပးဖို႔ စိတ္ဆႏၵရွိတယ္။ ဒါေပမယ့္ ဒီဟာကို ေျပာင္းလည္းလုိက္ရင္ ေနာက္ဆက္တြဲ ျဖစ္လာႏိုင္တဲ့ တပ္မေတာ္ေန႔ဆိုတာ ေတာ္လွန္ေရးေန႔ျဖစ္သြားႏိုင္တယ္ဆိုတဲ့အေနအထားေတြလည္ ရွိလာႏိုင္တဲ့အတြက္ေၾကာင့္ ေျပာင္းဖို႔အခက္အခဲရွိမယ္။ တပ္က လုံးဝလက္မခံဘူး။ သူတို႔အေနနဲ႔ ေျပာင္းလည္းဖို႔အခက္အခဲရွိတဲ့အေနအထားမ်ိုးေတြ႔ခဲ့ရပါတယ္။

ေတာင္သူလယ္သမားေန႔ကို သင့္ေတာ္ရာ ေန႔ရက္တခုခု သတ္မွတ္ေရးအတြက္ ေတာင္သူလယ္သမားအေရးလႈပ္ရွားေနၾကတဲ့အဖြဲ႔တခ်ုိ႕က စည္းရုံးလႈပ္ရွားမႈေတြလည္း ရွိခဲ့ၾကပါတယ္။ အဲဒီအထဲမွာ မေကြးတိုင္းမွာ အေျခစိုက္တဲ့ ေက်းလက္ဖြံြၿဖိဳးေရးလုပ္ငန္းေတြကို လုပ္ေဆာင္ေနတဲ့ ေက်းလက္ေျမအဖြဲ႔ လည္းပါဝင္ပါတယ္။ အဖြဲ႔ေခါင္ေဆာင္တဦးျဖစ္တဲ့ ကိုေဇာ္မင္းထိုက္ က ဆရာစံ ေတာသူလယ္သမား သူပုန္ထတဲ့ေန႔ကို သတ္မွတ္ဖို႔ သူတိုအဖြဲ႔ေတြၾကိဳးစားေနၾကတယ္လို႔ အခုအခါ တိမ္းေရွာင္ေနရာက ေျပာပါတယ္။

ကိုေဇာ္မင္းထုိက္ ။. ။ ေတာင္သူလယ္သမားေန႔ကို အႀကမ္းဖက္ သတ္မွတ္ထားတဲ့ စစ္အာဏာသိမ္းတဲ့ေန႔ကို သတ္မွတ္ထားတာကို သေဘာမက်ပါဘူး ။ တကယ္ေတာ့ ဒါဟာ ေတာင္သူလယ္သမားေတြကို အသုံးခ်တာပါ။ တကယ္တန္းေက်းလက္ေတာင္သူလယ္သမားေတြကို သူတို႔ေရွ႕ကေန. မားမားမတ္မတ္ရပ္တည္ခဲ့တာကေတာ့ ၁၉ ၃၀ ခုႏွစ္ ဒီဇင္ဘာလ ၂၂ ရက္ေန႔မွာ ဆရာစံ ေတာင္သူလယ္သမား ေတာ္လွန္ေရးစတင္တဲ့ေန႔ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီေန႔ဟာ ေတာင္သူလယ္သမားေန႔ျဖစ္ပါတယ္။

စစ္အာဏာသိမ္းတဲ့ေန႔ကို ေတာင္သူလယ္သမားေန႔အျဖင့္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရတုံးကလည္း ဆက္လက္အသိအမွတ္ျပဳခဲ့သလို၊ လြတ္လပ္တဲ့မီဒီယာတခ်ဳိ႕ကလည္း တခုတ္တရေဖာ္ျပခဲ့တာေတြရွိခဲ့ပါတယ္။ ဒါအျပင္ ေတာင္သူလယ္သမားအေရးေဆာင္ရြက္ေနၾကတဲ့ လြတ္လပ္တဲ့ အဖြဲ႔အစည္းတခ်ဳိ႕ကေတာင္မွ အခမ္အနားေတြ ျပဳလုပ္ခဲ့ၾကတာေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

မေးခွန်းထုတ်စရာတွေရှိနေတဲ့ တောင်သူလယ်သမားနေ့

{{Unicode }}
ဒီကနေ့ မတ်လ ၂ ရက်နေ့ဟာဆိုရင် ၁၉ ၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မြန်မာတပ်မတော်က အဲဒီအချိန် ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ မြန်မာနိုင်ငံရဲ့ လူများစုကြီးနဲ့ အဓိက တိုင်းပြည်စီးပွားရေးအင်အားစုကြီးဖြစ်ကြတဲ့ တောင်သူလယ်သမားနေ့အဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြထားပါတယ်။

အဲဒီလို အစဉ်အဆက် အငြင်းပွားစရာဖြစ်နေတဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် အခုတိုင် ဆက်လက်အသိအမှတ်ပြု ကျင်းပနေကြပေမယ့် တောင်သူလယ်သမားတွေရဲ့ အကျိုးကို တကယ်ဖော်ဆောင်နိုင်ခဲ့ပါရဲလားဆိုတာ စမ်းစစ်ကြည့်ရပါမယ်။ ဗိုလ်ချုပ်ကြီးနေဝင်း တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ တောင်သူလယ်သမားတွေဟာ မူလစိုက်ပျိုးမြေနဲ့ မသင့်တော်တဲ့ စီမံကိန်းသီးနှံတွေ အဓမ္မစိုက်ခိုင်းတာ၊ တာဝန်ကြေသီးနှံဆိုပြီး ရရှိလာတဲ့ သီးနှံကို မရောင်းမနေရ ဈေးချိုးနှိမ်ဝယ်ယူတာ၊ အမတော်ကြေးချေးငွေတွေကို သီးနှံမပေါ်ခင် ခြိမ်းခြောက်တောင်းတာတွေ ကြုံခဲ့ကြရပါတယ်။ အဲဒီနောက် ၁၉ ၈၈ ကနေ ဒီကနေ့အချိန်အထိလည်း စစ်အစိုးရကာလတွေမှာလည်း မြေသိမ်းယာသိမ်း အတင်းအကြပ်လုပ်တဲ့အတွက် တောင်သူလယ်သမားတွေအတော်များများဟာ မြေမဲ့ယာမဲ့တွေဖြစ်ခဲ့ကြရတယ်လို့ တောင်သူလယ်သမားအရေးလေ့လာသူတွေက ပြောပါတယ်။ အဲဒီတောင်သူလယ်သမားနေ့ကို ပြောင်းလည်းပေးဖို့အတွက် တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တချို့က အမျိုးသားဒီမိုကရေစီ NLD အစိုးရလက်ထက် တောင်သူလယ်သမားရေးရာလွှတ်တော်ကော်မတီကို သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအထဲက မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ် AFFM က ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာဇော်ဝင်းအောင် က အခုလိုပြောပါတယ်။

ဒေါက်တာဇော်ဝင်းအောင် ။. ။ ကျနော်တို့အနေနဲ့ ဒီမတ်လ ၂ ရက်နေ့ဟာဆိုရင် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်း တို့ အာဏာသိမ်းတဲ့နေ့ဖြစ်တယ်။ ဒီအာဏာသိမ်းတဲ့နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်တာကို ပြောင်းလည်းပေးဖို့အတွက် တင်ပြခဲ့ဘူးပါတယ်။ အဲဒီတုံးက NLD အစိုးရအနေနဲ့ ပြောင်းလည်းပေးဖို့ စိတ်ဆန္ဒရှိတယ်။ ဒါပေမယ့် ဒီဟာကို ပြောင်းလည်းလိုက်ရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ တပ်မတော်နေ့ဆိုတာ တော်လှန်ရေးနေ့ဖြစ်သွားနိုင်တယ်ဆိုတဲ့အနေအထားတွေလည် ရှိလာနိုင်တဲ့အတွက်ကြောင့် ပြောင်းဖို့အခက်အခဲရှိမယ်။ တပ်က လုံးဝလက်မခံဘူး။ သူတို့အနေနဲ့ ပြောင်းလည်းဖို့အခက်အခဲရှိတဲ့အနေအထားမျိုးတွေ့ခဲ့ရပါတယ်။

တောင်သူလယ်သမားနေ့ကို သင့်တော်ရာ နေ့ရက်တခုခု သတ်မှတ်ရေးအတွက် တောင်သူလယ်သမားအရေးလှုပ်ရှားနေကြတဲ့အဖွဲ့တချို့က စည်းရုံးလှုပ်ရှားမှုတွေလည်း ရှိခဲ့ကြပါတယ်။ အဲဒီအထဲမှာ မကွေးတိုင်းမှာ အခြေစိုက်တဲ့ ကျေးလက်ဖွွံဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ကျေးလက်မြေအဖွဲ့ လည်းပါဝင်ပါတယ်။ အဖွဲ့ခေါင်ဆောင်တဦးဖြစ်တဲ့ ကိုဇော်မင်းထိုက် က ဆရာစံ တောသူလယ်သမား သူပုန်ထတဲ့နေ့ကို သတ်မှတ်ဖို့ သူတိုအဖွဲ့တွေကြိုးစားနေကြတယ်လို့ အခုအခါ တိမ်းရှောင်နေရာက ပြောပါတယ်။

ကိုဇော်မင်းထိုက် ။. ။ တောင်သူလယ်သမားနေ့ကို အကြမ်းဖက် သတ်မှတ်ထားတဲ့ စစ်အာဏာသိမ်းတဲ့နေ့ကို သတ်မှတ်ထားတာကို သဘောမကျပါဘူး ။ တကယ်တော့ ဒါဟာ တောင်သူလယ်သမားတွေကို အသုံးချတာပါ။ တကယ်တန်းကျေးလက်တောင်သူလယ်သမားတွေကို သူတို့ရှေ့ကနေ. မားမားမတ်မတ်ရပ်တည်ခဲ့တာကတော့ ၁၉ ၃၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဆရာစံ တောင်သူလယ်သမား တော်လှန်ရေးစတင်တဲ့နေ့ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့ဟာ တောင်သူလယ်သမားနေ့ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့နေ့ကို တောင်သူလယ်သမားနေ့အဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတုံးကလည်း ဆက်လက်အသိအမှတ်ပြုခဲ့သလို၊ လွတ်လပ်တဲ့မီဒီယာတချို့ကလည်း တခုတ်တရဖော်ပြခဲ့တာတွေရှိခဲ့ပါတယ်။ ဒါအပြင် တောင်သူလယ်သမားအရေးဆောင်ရွက်နေကြတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတချို့ကတောင်မှ အခမ်အနားတွေ ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။

XS
SM
MD
LG