[[Zawgyi/Unicode]]
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတာ ၂ ႏွစ္ ျပည့္တဲ့ ေဖေဖၚဝါရီ ၁ ရက္ အဂၤါေန႔မွာပဲ Australia အစိုးရက ျမန္မာကို ေနာက္ထပ္ ဒဏ္ခတ္အေရးယူလိုက္ပါတယ္။ ျမန္မာအျပင္ အီရန္ကိုပါ အေရးယူလိုက္တာျဖစ္ၿပီး ဒီႏိုင္ငံေတြက ဖိႏွိပ္မႈေတြ၊ အၾကမ္းဖက္မႈေတြေၾကာင့္ Australia အစိုးရက အခုလို အေရးယူရတာျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က ေျပာပါတယ္။ ဆစ္ဒနီက VOA သတင္းေထာက္ Phil Mercer သတင္းပို႔ထားတာကို ေဒၚခင္မ်ိဳးသက္က တင္ျပေပးထားပါတယ္။
Australia အစိုးရက အေမရိကန္ျပည္ေထာင္စု၊ ကေနဒါ နဲ႔ ၿဗိတိန္ႏိုင္ငံတို႔လိုပဲ ျမန္မာအေပၚ ဒဏ္ခတ္အေရးယူမႈအသစ္ေတြ ခ်မွတ္လိုက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရအဖြဲ႕ကိုျဖဳတ္ခ်ၿပီး အာဏာသိမ္းခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္ကိုပါ အဲဒီအခ်ိန္ကစၿပီး အခု ၂ ႏွစ္ၾကာလာတဲ့အထိ ဖမ္းဆီးအက်ဥ္းခ်ထားတဲ့ စစ္တပ္အာဏာပိုင္ေတြကို ဖိအားေပးဖို႔ အခုလို ထပ္ၿပီးအေရးယူတာျဖစ္ေၾကာင္း သုံးသပ္သူေတြက ေျပာပါတယ္။
ျမန္မာစစ္ေကာင္စီ အဖြဲ႕ဝင္ အမ်ားအျပားနဲ႔ စစ္တပ္ပိုင္ေကာ္ပိုေရးရွင္းႀကီး ၂ ခုကို Australia က ပစ္မွတ္ထားအေရးယူတာ ျဖစ္ပါတယ္။ စစ္ေကာင္စီက အာဏာသိမ္းဆန႔္က်င္သူေတြအေပၚ ေျခမႈန္းမႈကို တုံ႔ျပန္တဲ့အေနနဲ႔ အခုလို အေရးယူလိုက္တာျဖစ္ေၾကာင္း လန္ဒန္ကိုေရာက္ေနတဲ့ Australia ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က သတင္းေထာက္ေတြကို ေျပာပါတယ္။
“Australia အေနနဲ႔ေသေသခ်ာခ်ာ ေဆြးေႏြးတိုင္ပင္ၿပီးမွ ျမန္မာႏိုင္ငံက စစ္တပ္အာဏာသိမ္းမႈနဲ႔ လက္ရွိျဖစ္ပြါးေနတဲ့ဖိႏွိပ္မႈေတြ၊ အၾကမ္းဖက္မႈေတြနဲ႔ပတ္သက္ၿပီး တိုက္႐ိုက္တာဝန္ရွိတဲ့သူေတြအေပၚ သီးျခားအေရးယူမႈေတြ ေနာက္ထပ္ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။ ဒီအထဲမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အဓိကတာဝန္ရွိတဲ့ပုဂၢိဳလ္ ၁၆ ေယာက္ အတြက္ ခရီးသြားကန႔္သတ္မႈေတြနဲ႔ ေငြေၾကးဆိုင္ရာပစ္မွတ္ထားအေရးယူတာေတြ၊ စစ္တပ္ထိန္းခ်ဳပ္လည္ပတ္ေနတဲ့ လုပ္ငန္း ၂ ခုအတြက္ ေငြေၾကးဆိုင္ရာ ပစ္မွတ္ထားအေရးယူမႈေတြ ပါဝင္ပါတယ္။”
ျမန္မာအျပင္ အီရန္ႏိုင္ငံက ရဲတပ္ဖြဲ႕၊ ႏိုင္ငံေရးနဲ႔ စစ္ေရးဆိုင္ရာအရာရွိ ၁၆ ေယာက္ ကိုလည္း Australia အစိုးရက အေရးယူ ဒဏ္ခတ္ခဲ့တာ ျဖစ္ပါတယ္။
အေနာက္ႏိုင္ငံေတြ လုပ္ေဆာင္သလိုပဲ Australia ႏိုင္ငံကလည္း အီရန္ကလူပုဂၢိဳလ္ ၄ ဦးနဲ႔ ကုမၸဏီ ၄ ခုကို ပစ္မွတ္ထား အေရးယူခဲ့ပါတယ္။ သူတို႔ဟာ ယူကရိန္းအရပ္သားေတြနဲ႔ အရပ္ဘက္ အေျခခံအေဆာက္အအုံေတြကို ႐ုရွားကတိုက္ခိုက္ရာမွာသုံးခဲ့မယ္လို႔ ယုံၾကည္ရတဲ့ဒ႐ုန္းမ်ိဳးေတြ ႐ုရွားကိုေရာင္းခ်တာ၊ ျပဳလုပ္တာေတြေၾကာင့္ အေရးယူတာ ျဖစ္ပါတယ္။
ဥေရာပသမဂၢ အီးယူနဲ႔ ၿဗိတိန္ႏိုင္ငံေတြကေတာ့ အီရန္အစိုးရရဲ႕မူဝါဒေတြခိုင္မာေအာင္ အားျဖည့္ေပးတဲ့ အီရန္ အစၥလာမ္မစ္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ IRGS ကို အစြန္းေရာက္အဖြဲ႕ အစည္းတခုအျဖစ္ ေၾကညာသင့္မသင့္ စဥ္းစားေနတာ ျဖစ္ပါတယ္။
ျမန္မာအတြက္ခ်မွတ္တဲ့ ဒဏ္ခတ္အေရးယူမႈေတြဟာ ျမန္မာႏိုင္ငံတြင္းက ျပည္သူေတြရဲ႕ အေျခေနေတြ တိုးတက္မႈရွိလာၿပီး ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္ေနၿပီလို႔ Australia အစိုးရက ျမင္လာရခ်ိန္အထိ ခ်မွတ္ထားမွာျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Wong ကေျပာပါတယ္။
============
[[Unicode]]
မြန်မာနဲ့ အီရန်အပေါ် သြစတြေးလျ ပိတ်ဆို့ဒဏ်ခတ်အရေးယူ
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၂ နှစ် ပြည့်တဲ့ ဖေဖေါ်ဝါရီ ၁ ရက် အင်္ဂါနေ့မှာပဲ Australia အစိုးရက မြန်မာကို နောက်ထပ် ဒဏ်ခတ်အရေးယူလိုက်ပါတယ်။ မြန်မာအပြင် အီရန်ကိုပါ အရေးယူလိုက်တာဖြစ်ပြီး ဒီနိုင်ငံတွေက ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် Australia အစိုးရက အခုလို အရေးယူရတာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောပါတယ်။ ဆစ်ဒနီက VOA သတင်းထောက် Phil Mercer သတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
Australia အစိုးရက အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဗြိတိန်နိုင်ငံတို့လိုပဲ မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့ကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုပါ အဲဒီအချိန်ကစပြီး အခု ၂ နှစ်ကြာလာတဲ့အထိ ဖမ်းဆီးအကျဉ်းချထားတဲ့ စစ်တပ်အာဏာပိုင်တွေကို ဖိအားပေးဖို့ အခုလို ထပ်ပြီးအရေးယူတာဖြစ်ကြောင်း သုံးသပ်သူတွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီ အဖွဲ့ဝင် အများအပြားနဲ့ စစ်တပ်ပိုင်ကော်ပိုရေးရှင်းကြီး ၂ ခုကို Australia က ပစ်မှတ်ထားအရေးယူတာ ဖြစ်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းဆန့်ကျင်သူတွေအပေါ် ခြေမှုန်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူလိုက်တာဖြစ်ကြောင်း လန်ဒန်ကိုရောက်နေတဲ့ Australia နိုင်ငံခြားရေးဝန်ကြီး Penny Wong က သတင်းထောက်တွေကို ပြောပါတယ်။
“Australia အနေနဲ့သေသေချာချာ ဆွေးနွေးတိုင်ပင်ပြီးမှ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး တိုက်ရိုက်တာဝန်ရှိတဲ့သူတွေအပေါ် သီးခြားအရေးယူမှုတွေ နောက်ထပ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအထဲမှာ စစ်အုပ်ချုပ်ရေးကောင်စီက အဓိကတာဝန်ရှိတဲ့ပုဂ္ဂိုလ် ၁၆ ယောက် အတွက် ခရီးသွားကန့်သတ်မှုတွေနဲ့ ငွေကြေးဆိုင်ရာပစ်မှတ်ထားအရေးယူတာတွေ၊ စစ်တပ်ထိန်းချုပ်လည်ပတ်နေတဲ့ လုပ်ငန်း ၂ ခုအတွက် ငွေကြေးဆိုင်ရာ ပစ်မှတ်ထားအရေးယူမှုတွေ ပါဝင်ပါတယ်။”
မြန်မာအပြင် အီရန်နိုင်ငံက ရဲတပ်ဖွဲ့၊ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာအရာရှိ ၁၆ ယောက် ကိုလည်း Australia အစိုးရက အရေးယူ ဒဏ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေ လုပ်ဆောင်သလိုပဲ Australia နိုင်ငံကလည်း အီရန်ကလူပုဂ္ဂိုလ် ၄ ဦးနဲ့ ကုမ္ပဏီ ၄ ခုကို ပစ်မှတ်ထား အရေးယူခဲ့ပါတယ်။ သူတို့ဟာ ယူကရိန်းအရပ်သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်ရာမှာသုံးခဲ့မယ်လို့ ယုံကြည်ရတဲ့ဒရုန်းမျိုးတွေ ရုရှားကိုရောင်းချတာ၊ ပြုလုပ်တာတွေကြောင့် အရေးယူတာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ အီးယူနဲ့ ဗြိတိန်နိုင်ငံတွေကတော့ အီရန်အစိုးရရဲ့မူဝါဒတွေခိုင်မာအောင် အားဖြည့်ပေးတဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGS ကို အစွန်းရောက်အဖွဲ့ အစည်းတခုအဖြစ် ကြေညာသင့်မသင့် စဉ်းစားနေတာ ဖြစ်ပါတယ်။
မြန်မာအတွက်ချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ မြန်မာနိုင်ငံတွင်းက ပြည်သူတွေရဲ့ အခြေနေတွေ တိုးတက်မှုရှိလာပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်နေပြီလို့ Australia အစိုးရက မြင်လာရချိန်အထိ ချမှတ်ထားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Wong ကပြောပါတယ်။