သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံရသူ ပိုတိုးလာတဲ့ၾကားက ရန္ကုန္ဆႏၵျပပြဲေတြ ဆက္ထြက္ေနဆဲ


ရန္ကုန္ စမ္းေခ်ာင္း ဗဟိုလမ္း ကန္႔ကြက္ဆႏၵျပပြဲ စစ္ နဲ႔ရဲ က လူစုခြဲ

{{Zawgyi/Unicode}}

ရန္ကုန္က ေနရာအသီးသီးမွာ ဒီကေန႔လည္း ဆႏၵျပပြဲေတြဆက္ရွိသလို စစ္တပ္နဲ႔ရဲကလည္း ပစ္ခတ္ၿဖိဳခြဲရွင္းလင္းဆဲျဖစ္ၿပီး ဖမ္းဆီးခံရသူ အေရအတြက္လည္း ပိုတိုးလာေနပါတယ္။ ရန္ကုန္ဘက္က အေျခအေနေတြကိုေတာ့ ကိုရန္ႏိုင္က တင္ျပထားပါတယ္။

မတ္လ ၁၂ ရက္ေန႔ ည ၁ နာရီခ်ိန္ မဂၤလာဒံုၿမိဳ႕နယ္ ျမသီတာရပ္ကြက္ ကင္းေစာင့္သမားေတြကို ဝင္ေရာက္စီးနင္း ပစ္သတ္မႈေၾကာင့္ ႏွစ္ဦးေသဆံုးၿပီး ငါးဦး က်ည္ဆန္ထိမွန္ ဒဏ္ရာရွိခဲ့တယ္လို႔ ကင္းေစာင့္သမားဦးကေလးက VOA ကိုေျပပါတယ္။

“က်ေနာ္တို႔ ေနရာကို လွမ္းၾကည့္ရင္ မျမင္ရဘူး၊ အဲ့ရပ္ကြက္ထဲကို လွမ္းၾကည့္ရင္ မျမင္ရဘူး၊ အဲ့တံခါးမွာ သြပ္ျပားေတြကာထားတယ္၊ အဲ့သြပ္ျပားေတြ ကာထားတဲ့ ဟာကို သူက အကုန္ျပဳတ္ျပစ္တာ ႐ုိက္ျပစ္တာ၊ လိုက္ျပဳတ္ျပစ္တဲ့အခါက်ေတာ့ သူကလံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြပါ စစ္သားပါဆိုၿပီးေတာ့ ေျပာတာမဟုတ္ဘူး၊ မဟုတ္ေတာ့ သူကလွမ္းေအာ္လိုက္တာ။

ဓာတ္မီးနဲ႔ ထိုးၿပီးေတာ့ လွမ္းေအာ္လိုက္ေတာ့ ဘယ္သူလဲဆိုတဲ့အခ်ိန္မွာ အဲ့မွာ သူ႔ကို စပစ္တာေပါ့၊ ပစ္တဲ့အခါက်ေတာ့ အဲ့မွာေသနတ္သံၾကားေတာ့ က်ေနာ္တို႔ ၾကားလိုက္တာေတာ့ ၂၃ ခ်က္ပစ္ေဖာက္တယ္၊ ၂၃ နဲ႔ သံုးခ်က္ပစ္တဲ့ ဥစၥာက က်ေနာ္တို႔ အဲ့နားမွာ ဆိုင္ေတြ တခ်ဳိ႕ဆိုင္ေတြ မွန္တယ္၊ တခ်ဳိ႕ကင္းတဲေလးေတြ မွန္တယ္ ကတၱရာလမ္းေတြ ကြန္ကရက္လမ္းေတြ မွန္တယ္၊ အဲ့ခ်ိန္မွာ သူတုိ႔ ပစ္တဲ့အခါက်ေတာ့ သူက ငုတ္လိုက္တာ ငုတ္ၿပီးေတာ့ အေျခအေနကို ၾကည့္ၿပီးေတာ့ ေနာက္ျပန္ဆုတ္ဖို႔အတြက္ကို သူကျပန္ထၿပီး လွည့္ေျပးတာ ထြက္ေျပးတဲ့အခ်ိန္မွာ က်ည္ဆန္သူ႔ရင္ဘတ္ကို ညာဘက္ရင္အံုကိုထိတာ က်ည္ဆန္က ထိၿပီးတာ့ ထိတဲ့အခ်ိန္မွာ သူကျပစ္လဲသြားတယ္၊ေသြးထြက္ဒဏ္ရာရတဲ့လူက အဲ့ဒီမွာ ငါးေယာက္ေလာက္ရွိတယ္၊ ေနာက္ၿပီးေတာ့ ေသတဲ့ လူကႏွစ္ေယာက္၊ က်ည္အစစ္နဲ႔ ပစ္တာဗ် က်ည္ႏွစ္ေတာင့္က သူတို႔ပစ္တဲ့က်ည္ႏွစ္ေတာင့္က က်ေနာ္လက္ထဲမွာ ရထားတယ္၊ ဒီေက်ာ္ဇင္လတ္ရဲ႕ ညာဘက္ရင္အံုမွာ ဝင္ေနတဲ့ က်ည္က အခုထိမထုတ္ရေသးဘူး။”

ရပ္ကြက္ေနလမ္းေတြမွာ သြပ္ျပားေတြ ပိတ္ကာထားတာကုိ လက္နက္ကိုင္ေတြဘက္က ဝင္ေရာက္ဖ်က္ဆီးၿပီး က်ည္အစစ္နဲ႔ ၂၅ ခ်က္ပစ္ခတ္တယ္လို႔ တျခားကင္းေစာင့္သမားတဦးက ေျပာပါတယ္။ ရင္ဘတ္က်ည္ဆန္ထိမွန္ ဒဏ္ရာနဲ႔ ေသဆံုးသူသြားတဲ့ ဦးေက်ာ္ဇင္လတ္မွာ သားသမီး ႏွစ္ေယာက္ က်န္ ခဲ့တယ္လို႔ ရပ္ကြက္ေနသူေတြ ေျပာပါတယ္။

ေသဆံုးသူ ေနာက္တစ္ဦးျဖစ္တဲ့ ဦးေက်ာ္မင္းထြန္းက ေျခေထာင္ဒဏ္ရာနဲ႔ ပုန္းက်န္ခဲ့ေနအခ်ိန္မွာ လက္နက္ကိုင္တပ္ဖြဲ႕က ဆြဲထုတ္ယူသြားၿပီး ပစ္သတ္လိုက္ေၾကာင္း၊ ဒီေန႔ မနက္ေလာက္က ရင္ခြဲ႐ုံမွာ အေလာင္းလာၾကည့္ပါလို႔ အေၾကာင္းၾကားလာေၾကာင္း ေနာက္ထပ္ ကင္းေစာင့္သမားတစ္ဦးကလည္း VOA ကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁၀ ရက္ေန႔က ေျမာက္ဥကၠလာၿမိဳ႕နယ္ ကန္သာယာ ဆႏၵျပပြဲမွာ အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲရာ ဆီးခံုကို ေသနတ္က်ည္ထိမွန္ခဲ့တဲ့ ကိုေဇာ္ေဇာ္မိုးဟာ ဒီေန႔ မနက္အေစာပိုင္းမွာ ေသဆံုးသြားပါတယ္။

ေတာင္ဥကၠလာပၿမိဳ႕နယ္ ပေဒသာလမ္းဆံုးသပိတ္ကို ဒီေန႔ မနက္ပိုင္းမွာ စစ္တပ္နဲ႔ ရဲေတြက ပစ္ခတ္ၿဖိဳခြင္း ဆႏၵျပသူေတြကို ဝင္ေရာက္ဖမ္းဆီမႈေတြလည္း
ရွိေနပါတယ္။

လိႈင္ၿမိဳ႕နယ္ ကန္လမ္းမွာလည္း ရဲနဲ႔ ဆႏၵျပသူေတြ ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။ အဖမ္းခံရသူေတြလည္း ရွိတယ္လို႔ အနီးအနားလူေတြက ေျပာပါတယ္။ လႈိင္ၿမိဳ႕နယ္ကန္လမ္းမွာေတာ့ ၿဖိဳခြဲခံရတာရွိေပမယ့္ ကန္လမ္းနဲ႔ မနီးမေဝးမွာရွိတဲ့ ဘူတာ႐ုံလမ္းမွာ လူထုေပါင္း ၅၀၀ ေက်ာ္ေလာက္က We Need R2P ၊ Save Myanmar ဆိုတဲ့ ျမန္မာေျမပံုႀကီးနဲ႔ အထုိင္သပိတ္
လုပ္ခဲ့ပါတယ္။

ႏိုင္ငံတကာ အာ႐ုံစိုက္မႈရရွိဖို႔နဲ႔ ျမန္မာႏိုင္ငံအေရးကို လ်စ္လ်ဴမ႐ွဴဘဲ ဝင္ေရာက္ကူညီေပးဖို႔ ေမွ်ာ္လင့္တယ္လို႔ TU အင္ဂ်င္နီယာ တစ္ဦးကေျပာပါတယ္။

“အဓိက ဒီဟာလုပ္လိုက္တာက က်ေနာ္တို႔ ျမန္မာတစ္ႏိုင္ငံလံုးအျပင္ က်ေနာ္တို႔ အဓိက ႏိုင္တကာ သိသြားၿပီးဆိုေတာ့ က်ေနာ္တုိ႔ တကယ္ R2P လိုအပ္ေနတယ္ေပါ့၊R2P ကို က်ေနာ္တို႔ Welcome ျဖစ္ပါတယ္ ဖိတ္ေခၚပါတယ္ဆိုတဲ့ ကိစၥကို အဓိကက်ေနာ္တို႔ ေျပာခ်င္တာပါ"

"UN အေနနဲ႔ေရာ က်ေနာ္တို႔ႏိုင္ငံျခား အေနာက္ႏိုင္ငံေတြအေနနဲ႔ေရာ တျခားUN မွာ ပါဝင္တဲ့ ႏိုင္ငံေတြအေနနဲ႔ေရာ ဒီျမန္မာျပည္ရဲ႕အေရးကို လ်စ္လ်ဴမ႐ွဴထားဖို႔ေပါ့၊ ဒီမွာ ျမန္မာျပည္မွာေသေနၾကၿပီးေလး ေတာ္ေတာ္မ်ားမ်ားေသေနၾကၿပီး ၆၀ ေက်ာ္ေသေနၾကၿပီး"

ဒါေပမယ့္က်ေနာ္တို႔က ဒါႀကီးကို အေၾကာက္တရားနဲ႔ က်ေနာ္တို႔က ရပ္ၿပီးေတာ့ အ႐ႈံးေပးလိုက္လို႔မရဘူး၊ က်ေနာ္တို႔ အ႐ႈံးမေပးဘဲ က်ေနာ္တို႔ ဆက္တုိက္ေနတယ္ ဆိုတာကို ကမၻာကို သိေစခ်င္တာပါ အဓိက။ အဲ့ေတာ့ သူတို႔ဘက္က အကူအညီေတြ က်ေနာ္ R2P လာသည္ျဖစ္ေစ မလာသည္ျဖစ္ေစ က်ေနာ္က ဆက္ၿပီးတိုက္ပြဲဝင္သြားမွာပဲ။ အကယ္လို႔မ်ားေပါ့ေနာ္ R2P အကူအညီအေနနဲ႔လာခဲ့မယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ ျပည္သူေတြရဲ႕ အသက္ေတြ နည္းနည္းေတာ့ ထပ္ၿပီးလို႔ေတာ့ အမ်ားႀကီးေတာ့ မေသေလာက္ေတာ့ဘူးလို႔ေမွ်ာ္လင့္ပါတယ္ေပါ့ေနာ္။”

စမ္းေခ်ာင္းၿမိဳ႕နယ္ ဗဟိုလမ္းမွာ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲေတြက အင္အားအမ်ားအျပား ဝင္ေရာက္ ၿဖိဳခြဲလိုက္ပါတယ္။

ရဲန႔ဲ စစ္သားအင္အား အေျမာက္အမ်ားဝင္လာၿပီး လမ္းေပၚ အတားအဆီးေတြကို ဘိုဒိုဇာနဲ႔ လင္းရွင္းဖယ္ရွားလိုက္ပါတယ္။ ရပ္ကြက္လမ္းထဲထိ ဝင္ေရာက္ပစ္ခတ္မႈေတြ လုပ္ေနတာပါ။

ရန္ကုန္တိုင္း ေနရာႏွံ႔ လမ္မးေပၚမွာ အကာအရံအတားအဆီးေတြ စစ္သားနဲ႔ ရဲေတြ လာေရာက္ဖယ္ရွားမႈေတြရွိေနၿပီး တခ်ိဳ႕ေနရာမွာ မီး႐ႈိ႕ဖ်က္ဆီးသြားပါတယ္။

လူထုေတြ ဆႏၵမျပႏိုင္ေအာင္ စစ္တပ္နဲ႔ ရဲေတြ အင္အားအေျမာက္အမ်ား ေနရာအႏွ႔ံလွည့္လည္ေနပါတယ္။ လက္နက္ကိုင္တပ္ဖြဲ႔ေတြအၾကမ္းဖက္ပစ္သတ္ၿဖိဳခြင္းမႈရွိေပမယ့္ လူထုေတြက ရတဲ့နည္းနဲ႔ အာဏာဖီဆန္ေနၾကပါတယ္။ ဒီကေန႔ ဖမ္းဆီးခံရသူေတြ ရွိတယ္ဆုိေပမယ့္ ဘယ္ႏွစ္ဦး ဖမ္းခံရတယ္ဆုိတာေတာ့ အတိအက် မသိရေသးပါဘူး။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရန်ကုန်က နေရာအသီးသီးမှာ ဒီကနေ့လည်း ဆန္ဒပြပွဲတွေဆက်ရှိသလို စစ်တပ်နဲ့ရဲကလည်း ပစ်ခတ်ဖြိုခွဲရှင်းလင်းဆဲဖြစ်ပြီး ဖမ်းဆီးခံရသူ အရေအတွက်လည်း ပိုတိုးလာနေပါတယ်။ ရန်ကုန်ဘက်က အခြေအနေတွေကိုတော့ ကိုရန်နိုင်က တင်ပြထားပါတယ်။

မတ်လ ၁၂ ရက်နေ့ ည ၁ နာရီချိန် မင်္ဂလာဒုံမြို့နယ် မြသီတာရပ်ကွက် ကင်းစောင့်သမားတွေကို ဝင်ရောက်စီးနင်း ပစ်သတ်မှုကြောင့် နှစ်ဦးသေဆုံးပြီး ငါးဦး ကျည်ဆန်ထိမှန် ဒဏ်ရာရှိခဲ့တယ်လို့ ကင်းစောင့်သမားဦးကလေးက VOA ကိုပြေပါတယ်။

“ကျနော်တို့ နေရာကို လှမ်းကြည့်ရင် မမြင်ရဘူး၊ အဲ့ရပ်ကွက်ထဲကို လှမ်းကြည့်ရင် မမြင်ရဘူး၊ အဲ့တံခါးမှာ သွပ်ပြားတွေကာထားတယ်၊ အဲ့သွပ်ပြားတွေ ကာထားတဲ့ ဟာကို သူက အကုန်ပြုတ်ပြစ်တာ ရိုက်ပြစ်တာ၊ လိုက်ပြုတ်ပြစ်တဲ့အခါကျတော့ သူကလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ စစ်သားပါဆိုပြီးတော့ ပြောတာမဟုတ်ဘူး၊ မဟုတ်တော့ သူကလှမ်းအော်လိုက်တာ။

ဓာတ်မီးနဲ့ ထိုးပြီးတော့ လှမ်းအော်လိုက်တော့ ဘယ်သူလဲဆိုတဲ့အချိန်မှာ အဲ့မှာ သူ့ကို စပစ်တာပေါ့၊ ပစ်တဲ့အခါကျတော့ အဲ့မှာသေနတ်သံကြားတော့ ကျနော်တို့ ကြားလိုက်တာတော့ ၂၃ ချက်ပစ်ဖောက်တယ်၊ ၂၃ နဲ့ သုံးချက်ပစ်တဲ့ ဥစ္စာက ကျနော်တို့ အဲ့နားမှာ ဆိုင်တွေ တချို့ဆိုင်တွေ မှန်တယ်၊ တချို့ကင်းတဲလေးတွေ မှန်တယ် ကတ္တရာလမ်းတွေ ကွန်ကရက်လမ်းတွေ မှန်တယ်၊ အဲ့ချိန်မှာ သူတို့ ပစ်တဲ့အခါကျတော့ သူက ငုတ်လိုက်တာ ငုတ်ပြီးတော့ အခြေအနေကို ကြည့်ပြီးတော့ နောက်ပြန်ဆုတ်ဖို့အတွက်ကို သူကပြန်ထပြီး လှည့်ပြေးတာ ထွက်ပြေးတဲ့အချိန်မှာ ကျည်ဆန်သူ့ရင်ဘတ်ကို ညာဘက်ရင်အုံကိုထိတာ ကျည်ဆန်က ထိပြီးတာ့ ထိတဲ့အချိန်မှာ သူကပြစ်လဲသွားတယ်၊သွေးထွက်ဒဏ်ရာရတဲ့လူက အဲ့ဒီမှာ ငါးယောက်လောက်ရှိတယ်၊ နောက်ပြီးတော့ သေတဲ့ လူကနှစ်ယောက်၊ ကျည်အစစ်နဲ့ ပစ်တာဗျ ကျည်နှစ်တောင့်က သူတို့ပစ်တဲ့ကျည်နှစ်တောင့်က ကျနော်လက်ထဲမှာ ရထားတယ်၊ ဒီကျော်ဇင်လတ်ရဲ့ ညာဘက်ရင်အုံမှာ ဝင်နေတဲ့ ကျည်က အခုထိမထုတ်ရသေးဘူး။”

ရပ်ကွက်နေလမ်းတွေမှာ သွပ်ပြားတွေ ပိတ်ကာထားတာကို လက်နက်ကိုင်တွေဘက်က ဝင်ရောက်ဖျက်ဆီးပြီး ကျည်အစစ်နဲ့ ၂၅ ချက်ပစ်ခတ်တယ်လို့ တခြားကင်းစောင့်သမားတဦးက ပြောပါတယ်။ ရင်ဘတ်ကျည်ဆန်ထိမှန် ဒဏ်ရာနဲ့ သေဆုံးသူသွားတဲ့ ဦးကျော်ဇင်လတ်မှာ သားသမီး နှစ်ယောက် ကျန် ခဲ့တယ်လို့ ရပ်ကွက်နေသူတွေ ပြောပါတယ်။

သေဆုံးသူ နောက်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းထွန်းက ခြေထောင်ဒဏ်ရာနဲ့ ပုန်းကျန်ခဲ့နေအချိန်မှာ လက်နက်ကိုင်တပ်ဖွဲ့က ဆွဲထုတ်ယူသွားပြီး ပစ်သတ်လိုက်ကြောင်း၊ ဒီနေ့ မနက်လောက်က ရင်ခွဲရုံမှာ အလောင်းလာကြည့်ပါလို့ အကြောင်းကြားလာကြောင်း နောက်ထပ် ကင်းစောင့်သမားတစ်ဦးကလည်း VOA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က မြောက်ဥက္ကလာမြို့နယ် ကန်သာယာ ဆန္ဒပြပွဲမှာ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲရာ ဆီးခုံကို သေနတ်ကျည်ထိမှန်ခဲ့တဲ့ ကိုဇော်ဇော်မိုးဟာ ဒီနေ့ မနက်အစောပိုင်းမှာ သေဆုံးသွားပါတယ်။

တောင်ဥက္ကလာပမြို့နယ် ပဒေသာလမ်းဆုံးသပိတ်ကို ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်ဖြိုခွင်း ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီမှုတွေလည်း
ရှိနေပါတယ်။

လှိုင်မြို့နယ် ကန်လမ်းမှာလည်း ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အဖမ်းခံရသူတွေလည်း ရှိတယ်လို့ အနီးအနားလူတွေက ပြောပါတယ်။ လှိုင်မြို့နယ်ကန်လမ်းမှာတော့ ဖြိုခွဲခံရတာရှိပေမယ့် ကန်လမ်းနဲ့ မနီးမဝေးမှာရှိတဲ့ ဘူတာရုံလမ်းမှာ လူထုပေါင်း ၅၀၀ ကျော်လောက်က We Need R2P ၊ Save Myanmar ဆိုတဲ့ မြန်မာမြေပုံကြီးနဲ့ အထိုင်သပိတ်
လုပ်ခဲ့ပါတယ်။

နိုင်ငံတကာ အာရုံစိုက်မှုရရှိဖို့နဲ့ မြန်မာနိုင်ငံအရေးကို လျစ်လျူမရှူဘဲ ဝင်ရောက်ကူညီပေးဖို့ မျှော်လင့်တယ်လို့ TU အင်ဂျင်နီယာ တစ်ဦးကပြောပါတယ်။

“အဓိက ဒီဟာလုပ်လိုက်တာက ကျနော်တို့ မြန်မာတစ်နိုင်ငံလုံးအပြင် ကျနော်တို့ အဓိက နိုင်တကာ သိသွားပြီးဆိုတော့ ကျနော်တို့ တကယ် R2P လိုအပ်နေတယ်ပေါ့၊R2P ကို ကျနော်တို့ Welcome ဖြစ်ပါတယ် ဖိတ်ခေါ်ပါတယ်ဆိုတဲ့ ကိစ္စကို အဓိကကျနော်တို့ ပြောချင်တာပါ"

"UN အနေနဲ့ရော ကျနော်တို့နိုင်ငံခြား အနောက်နိုင်ငံတွေအနေနဲ့ရော တခြားUN မှာ ပါဝင်တဲ့ နိုင်ငံတွေအနေနဲ့ရော ဒီမြန်မာပြည်ရဲ့အရေးကို လျစ်လျူမရှူထားဖို့ပေါ့၊ ဒီမှာ မြန်မာပြည်မှာသေနေကြပြီးလေး တော်တော်များများသေနေကြပြီး ၆၀ ကျော်သေနေကြပြီး"

ဒါပေမယ့်ကျနော်တို့က ဒါကြီးကို အကြောက်တရားနဲ့ ကျနော်တို့က ရပ်ပြီးတော့ အရှုံးပေးလိုက်လို့မရဘူး၊ ကျနော်တို့ အရှုံးမပေးဘဲ ကျနော်တို့ ဆက်တိုက်နေတယ် ဆိုတာကို ကမ္ဘာကို သိစေချင်တာပါ အဓိက။ အဲ့တော့ သူတို့ဘက်က အကူအညီတွေ ကျနော် R2P လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကျနော်က ဆက်ပြီးတိုက်ပွဲဝင်သွားမှာပဲ။ အကယ်လို့များပေါ့နော် R2P အကူအညီအနေနဲ့လာခဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့ ပြည်သူတွေရဲ့ အသက်တွေ နည်းနည်းတော့ ထပ်ပြီးလို့တော့ အများကြီးတော့ မသေလောက်တော့ဘူးလို့မျှော်လင့်ပါတယ်ပေါ့နော်။”

စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေက အင်အားအများအပြား ဝင်ရောက် ဖြိုခွဲလိုက်ပါတယ်။

ရဲနဲ့ စစ်သားအင်အား အမြောက်အများဝင်လာပြီး လမ်းပေါ် အတားအဆီးတွေကို ဘိုဒိုဇာနဲ့ လင်းရှင်းဖယ်ရှားလိုက်ပါတယ်။ ရပ်ကွက်လမ်းထဲထိ ဝင်ရောက်ပစ်ခတ်မှုတွေ လုပ်နေတာပါ။

ရန်ကုန်တိုင်း နေရာနှံ့ လမ်မးပေါ်မှာ အကာအရံအတားအဆီးတွေ စစ်သားနဲ့ ရဲတွေ လာရောက်ဖယ်ရှားမှုတွေရှိနေပြီး တချို့နေရာမှာ မီးရှို့ဖျက်ဆီးသွားပါတယ်။

လူထုတွေ ဆန္ဒမပြနိုင်အောင် စစ်တပ်နဲ့ ရဲတွေ အင်အားအမြောက်အများ နေရာအနှံ့လှည့်လည်နေပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေအကြမ်းဖက်ပစ်သတ်ဖြိုခွင်းမှုရှိပေမယ့် လူထုတွေက ရတဲ့နည်းနဲ့ အာဏာဖီဆန်နေကြပါတယ်။ ဒီကနေ့ ဖမ်းဆီးခံရသူတွေ ရှိတယ်ဆိုပေမယ့် ဘယ်နှစ်ဦး ဖမ်းခံရတယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG